မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် ယနေ့ စက်တင်ဘာ ၂၄ ရက်နံနက်အစောပိုင်း
၂ နာရီကျော်ခန့်ကဖြစ်ပွားခဲ့သည့် ဟိန္ဒူဘုရားကျောင်းဟောင်းဘေးတွင် အဖီဆွဲထားသည့်
အဆောက်အဦးဟောင်းပြိုကျမှုဖြစ်စဉ်တွင် အမျိုးသမီးကြီးတစ်ဦးေ-သဆုံးခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။
အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၂၀ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ အဆောက်အဦဟောင်းတစ်လုံးပြိုကျခဲ့သဖြင့် ပိတ်မိနေသူများအား တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသဖြင့် ကလေ-းငယ်နှစ်ဦး၊ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး(စုစုပေါင်း ၄ ဦး)အား ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
“အခု ပြိုကျတဲ့အဆောက်အဦးဟောင်းက အုတ်မိုး၊အုတ်ကာ၊သံမံတလင်းခင်းထားတဲ့ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းဟောင်းရဲ့ ညာဘက်ခြမ်းမှာ အဖီဆွဲပြီးဆောက်ထားတဲ့ သွပ်မိုး၊အုတ်ကာ၊သံမံတလင်းခင်း(၃)ခန်း အဆောက်အဦးပါ။ ပြိုကျနေတဲ့အထဲမှာပိတ်မိနေတဲ့လူ ၅ ယောက်ထဲမှာ ၄ ယောက်ကို အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အသက်(၅၀)လောက်ရှိတဲ့ အမျိုးသမီးကြီးတစ်ယောက်ကတော့ ေ-သဆုံးခဲ့ပါတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ထို့ကြောင့် ေ-သဆုံးသူ၏ ရုပ်အလေ-ာင်းနှင့်ထိခိုက်ဒဏ်ရာရသူ(၄)ဦးအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ စေတနာ မေတ္တာ ဂရုဏာအသင်း၊ ချမ်းသာသုခအသင်းတို့မှ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။