Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeNewsLocal Newsအောင်မြင်​သောလုပ်ငန်းရှင်တစ်​ယောက်၏ ဖြတ်သန်းရာ ဘဝအတွေ့အကြုံ၊...

အောင်မြင်​သောလုပ်ငန်းရှင်တစ်​ယောက်၏ ဖြတ်သန်းရာ ဘဝအတွေ့အကြုံ၊ စိတ်ထားများနှင့် ကွန်းခိုရာ အပိုင်း (၂)

ဒေါက်တာနိုင်ထွဋ်အောင်၏ လောဘစိတ်များလျှော့ချရာ ကွန်းခိုရာ

Question – (6) “ကွန်းခိုရာ” ဖောင်ဒေးရှင်းတည်ထောင်ရတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းဆောင်ရွက်ပုံကို သိရှိလိုပါတယ်။

Answer – (6) ကျွန်တော်တို့မိသားစု ဘာသာရေးလူမှုရေးအလှူတွေစပြီး လှူဒါန်းတဲ့အချိန်မှာ ကျွန်တော်ဘာကိုတွေးမိလဲဆိုတော့ ကျွန်တော်အခုလှူဒါန်းနေတာတွေအားလုံးက ကျွန်တော်တို့ရဲ့မိသားစုကနေပြီး နှစ်ဖက်မိဘတွေကို အမှူးထားပြီးကုသိုလ်အဖြစ် လှူဒါန်းနေတယ်ဆိုတာကို သတိပြုမိပါတယ်။ တကယ်တော့ ကျွန်‌တော်အခုလို လှူဒါန်းနိုင်တာဟာ ကျွန်တော်တို့မိဘတွေရဲ့ ကျေးဇူးတရားတွေတင်သာမက ကျွန်တော်တို့ကို ကျောင်းပညာသင်ကြားပေးခဲ့တဲ့ဆရာဆရာမတွေ၊ ကျွန်တော်တို့ကိုစီးပွါးရေး၊ ဘဝရပ်တည်ရေးမှာ နှုတ်အားဖြင့်ကိုယ်အားဖြင့်သင်ကြားကူညီခဲ့တဲ့ကျေးဇူးရှင်ဆရာသမားတွေ၊ နည်းအမျိုးမျိုးနဲ့ ကူညီသူ မိတ်ဆွေသူငယ်ချင်းတွေ၊ ဒါ့အပြင် ကျွန်တော့်တို့ရဲ့လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတွေ၊ ကျွန်တော့်တို့ရဲ့ စီးပွါးဖက်တွေ၊ အလှူရှင်တွေ၊ ကျွန်တော်တို့အေးအေးချမ်းချမ်းစီးပွါးရှာ အလုပ်လုပ်နိုင်အောင် အဖက်ဖက်ကကူညီစောင့်ရှောက်နေကြသူတွေကြောင့် အခုလို လှူဒါန်းနိုင်တာကိုသတိထားမိလာတဲ့အတွက် ကျွန်တော်တို့မိသားစုရဲ့ အလှူအနေနဲ့သာမက ကျွန်တော်တို့အပေါ်ကျေးဇူးရှိသူ၊ ကျေးဇူးရှင်အားလုံးရဲ့ ကုသိုလ်အနေနဲ့ လှူမယ်ဆိုတဲ့အနေနဲ့ ရည်ရွယ်လှူဒါန်းဖို့ ဒီကွန်းခိုရာဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့ရခြင်း ဖြစ်ပါတယ်။

အခုဆိုရင် ကျွန်တော့်ရဲ့ကြံတောင်သူတွေ၊ သကြားကုန်သည်တွေ၊ ကားသမားတွေ၊ ဆောက်လုပ်ရေးကုမ္မဏီကအဖွဲ့တွေသာမက သုံးစွဲသူတွေ၊ စားသုံးသူတွေပါ ပါတာပေါ့နော်။ အခုပြောခဲ့တဲ့ ကျေးဇူးရှင်တွေအားလုံးရဲ့ ကုသိုလ်အနေနဲ့ ရည်မှန်းပြီးလှူဒါန်းဖို့ ကွန်းခိုရာဖောင်ဒေးရှင်းကို ထူထောင်ရခြင်း ဖြစ်ပါတယ်။

Question – (7) အကူညီပေးရေးနဲ့ လှူဒါန်းမှုအပိုင်းတွေမှာ ဘယ်လိုသတ်မှတ်ချက်တွေ ထားရှိပါလဲ ။

Answer – (7) ကျွန်တော်တို့အတွက်က အလှူအားလုံးလိုလိုကို သဒ္ဒါတရားကဦးဆောင်ပါတယ်။ သဒ္ဒါတရားရှိဖို့က အဓိကပါ။ ကျွန်တော်တို့က ကိုယ့်စိတ်ကိုကိုယ် အာရုံပြုတာများလို့ သဒ္ဓါတရားမထက်သန်ဘဲလှူတာမျိုး အင်မတန်မှရှားပါလိမ့်မယ်။ အဲဒါကြောင့် လှူဒါန်းကူညီရေးတွေမှာ စည်းမျဉ်းတွေ သတ်မှတ်ချက်တွေ အများကြီးမထားရှိပါဘူး။

ပညာသင်ဆုပေးတာနဲ့ပတ်သက်လို့တော့ သတ်မှတ်ချက်အနည်းငယ်နဲ့ စည်းကမ်းအနည်းငယ် ထားရှိပါတယ်။

ကွန်းခိုရာဖောင်ဒေးရှင်းရဲ့ တစ်ပြည်လုံးအတိုင်းတာနဲ့ ပတ်သက်ပြီး လုပ်ပေးနိုင်တာတွေက တော်တော်နည်းနေပါသေးတယ်။ ပညာရေးနဲ့ပတ်သက်ရင် တစ်ပြည်လုံးအတိုင်းအတာအရ ဘကကျောင်းတွေအပါအဝင် စာသင်ကျောင်း ၂၃ ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ အဲဒီအထဲမှာ စာသင်ကျောင်းအသေးလေးတွေက ၆ ကျောင်းလောက် ပါပါတယ်။

ပညာအင်မတန်ထူးချွန်တဲ့သူတွေ၊ ပညာထူးချွန်ပြီး ဆက်လက်ပညာသင်ကြားနိုင်ဖို့အတွက် ချို့တဲ့သူတွေအတွက်ကိုတော့ ကျွန်တော်တို့ပညာသင်ဆုပေးနေပါတယ်။ ဒါ့အပြင် ကျွန်တော်တို့စက်ရုံဧရိယာမှာတော့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ၊ ကျွန်တော်တို့ရဲ့ကြံတောင်သူတွေရဲ့ သားသမီးတွေ၊ ကြံတောင်သူတွေရဲ့ နေ့စားဝန်ထမ်း (ဘောက်) တွေရဲ့ သားသမီးတွေ အဲ့ဒီကလေးတွေအကုန်လုံးထဲက ပညာထူးချွန်တဲ့သူတွေ သက်မွေးဝမ်းကြောင်းတက္ကသိုလ်တက်ရောက်သင်ကြားနိုင်တဲ့သူတွေအပြင် ပညာသိပ်မထူးချွန်သော်ငြားလည်း သက်မွေးဝမ်းကြောင်းသိပ္ပံကိုတက်ရောက်နိုင်တဲ့သူတွေကိုတော့ ပညာသင်ဆု ကျွန်တော်တို့ ချီးမြှင့်ပေးပါတယ်။

တက္ကသိုလ်ကောလိပ်တွေကို တစ်လကိုတစ်သိန်းရှစ်သောင်းနှုန်း၊ အသက်မွေးဝမ်းကျောင်းသိပ္ပံတွေကို တစ်သိန်းခြောက်သောင်းနှုန်းနဲ့ ကလေးတွေကျောင်းပြီးတဲ့အချိန်အထိ ထောက်ပါတယ်။

ပညာသင်ဆုပေးတဲ့နေရာမှာ ကလေးများအနေနဲ့ တောက်လျှောက်အတန်းစဉ်အောင်ဖို့တော့ လိုပါတယ်။ ပညာသင်ဆုရရှိသော်ငြားလည်း အတန်းတတန်းကျခဲ့လို့ရှိရင်တော့ အဲ့ဒီကျတဲ့နှစ်မှာ ကျွန်တော်တို့ပညာသင်ဆုပေးအပ်ခြင်း ခေတ္တရပ်တန့်သွားမှာပါ။ ကျတဲ့အတန်းပြန်အောင်သွားပြီးတဲ့အချိန်မှာတော့ ပညာသင်ဆုပြန်ပြီးပေးမှာ ဖြစ်ပါတယ်။

ကျန်တဲ့လှူဒါန်းမှုဆိုင်ရာနဲ့ ပတ်သက်လို့တော့ ကျွန်တော့်ဆီမှာ အထူးထွေထွေသတ်မှတ်ချက်တွေ မရှိပါဘူး။ သဒ္ဓါရှိရင်ရှိသလို ထက်သန်မှုအပေါ်မှာမူတည်ပြီး လှူဒါန်းတာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဘိုးဘွားရိပ်သာအတွက်ဆိုရင် သန်လျင်သဘာဝတရားရိပ်သာအတွက်ကို ၇ ထပ် အဆောက်အဦးတလုံး ဆောက်လှူခဲ့ပါတယ်။ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာအတွက်ဆိုရင် ဟို ၂၀၀၉ ခုနှစ်လောက် ၂ ထပ် အဆောက်အဦးတစ်လုံးနဲ့ ကားတစီး၊ ၂၀၁၇ လောက်မှာတော့ပေ ၁၃၀ × ၄၅ ပေ၊ ၄ ထပ် အဆောက်အဦးတစ်လုံးနဲ့ ကုတင်မွေ့ယာအပြည့်အစုံ ထည့်သွင်းဆောက်လှူထားပါတယ်။ အဲဒီ ၄ ထပ်အဆောက်အဦးမှာတော့ ခုထိဘိုးဘွားတွေအတွက် အသုံးမပြုသေးဘူး သိရပါတယ်။

နောက် မိဘမဲ့ကလေးတွေအတွက်တော့ ဘုန်တော်ကြီးသင်စာသင်ကျောင်းနဲ့ သီလရှင်သင်စာသင်ကျောင်းတွေမှာ လှူဒါန်းခဲ့ပါတယ်။ အဲတာတွေကတော့ ဘာသာရေးယုံကြည်ကိုးကွယ်မှုနဲ့ သံဃာတော်အနေနဲ့ ကြည်ညိုကိုးကွယ်မှုတွေနဲ့ မဆိုင်ဘဲ၊ မိဘမဲ့ကလေးတွေ၊ မိဘရှိသော်ငြားအဆင်မပြေကြလို့ ကျောင်းအိပ်ကျောင်းစားလာနေကြရသူတွေ အဆင်ပြေဖို့ ရည်စူးလှူဒါန်းခဲ့တာပါ။

ကျန်းမာရေးအတွက်တော့ ကိုဗစ်တုန်းက အသက်ရှူစက် Ventilator စုစုပေါင်း ၁၀၅ လုံး PPE ဝတ်စုံအစုံ လေး-ငါးသောင်းမကရယ်၊ Oxygen Concentrator က အလုံး ၂၀၀ လောက် ၊ Container type Oxygen ထုတ်တဲ့ စက်ရုံက ၇ ရုံ၊ Oxygen Tank ကြီးတခု၊ liquid Oxygen၊ COVID Vaccine အတွက် အလှူငွေသိန်း ၅,၀၀၀၊ နောက် မြောက်ဒဂုံကသီတဂူမျက်စိဆေးရုံအတွက် ခွဲစိတ်ခန်းသုံးပစ္စည်းအပြည့်အစုံ၊ မျက်စိဆေးရုံမြေအတွက် အလှူငွေ၊ အဆောက်အဦးတစ်ထပ်စာအတွက် အလှူစသဖြင့် လှူဒါန်းခဲ့ပါတယ်။ လက်ရှိမှာတော့ သန်လျင်သဘာဝတရားရိပ်သာမှာ ၆ ထပ်ဆေးရုံ ဆောက်နေပါတယ်။

Question – (8) ပရဟိတလုပ်ငန်းတွေလုပ်ဖို့ ဘယ်လိုကနေစပြီး ခွန်အားရခဲ့တာပါလဲ။

Answer – (8) ပရဟိတလို့ပဲပြောပြော လူမှုရေးအလှူတွေကို စလုပ်တဲ့သူက ကျွန်တော့်အမျိုးသမီးပါ။ ကျွန်တော်တို့ သူငယ်ချင်းဘဝမှာကတည်းက သူကမိဘမဲ့ကလေးများဂေဟာကို ကြက်ဥနဲ့ အစားအသောက်တွေ သွားပြီးလှူလေ့ ရှိပါတယ်။ကျွန်တော်ကတော့ မိဘတွေရဲ့အလေ့အထအတိုင်း ဘိုးဘွားရိပ်သာတွေကို လှူလေ့ရှိပါတယ်။

ကျွန်တော်တို့ လက်ထပ်ပြီးတဲ့နောက်ပိုင်း ပထမဆုံးမှတ်မှတ်ရရ အကြီးဆုံးအလှူ၊ ဘဝမှာအပျော်ဆုံး အလှူက ၉၅-၉၆ ခု လောက်မှာ ရွှေတိဂုံဘုရားကို တစ်ရက်မိသားစုဘုရားသွားဖူးချိန်မှာ ထီးတော်ကြီး အသစ်တင်လှူဖို့အတွက် အလှူခံနေတာနဲ့ ကြုံတာ။ လင်မယားနှစ်ယောက် လှူချင်လိုက်တာလေ။ ဒါနဲ့ လက်ထဲမှာပါသမျှ ငွေအားလုံး (အဲဒီတုန်းက တစ်သိန်းတောင်မပြည့်ပါဘူး) အကုန်လှူခဲ့တာ။ အားမရသေးတော့ ကျွန့်တော်တို့လက်ထပ်လက်စွပ်ပါ ချွတ်လှူခဲ့တာ။ အိမ်ပြန်ရောက်တဲ့အထိ လှူရတာအားမရသေးတော့ ကျွန်တော့်မိဘတွေဆီကနေပါ ငွေချေးပြီး ထီးတော်ဒေါင့်ဖြည့်တခုစာကို နောက်ရက်ပြန်လာပြီး လှူခဲ့ကြတာ။ အဲဒီတုန်းကလှူရတာကို ကျွန်တော်တို့နှစ်ယောက် ပျော်တာဆိုတာ တစ်ပတ်၊ ဆယ်ရက်လောက်ကြာတယ်။ ကြက်သီးတွေကို ထလို့။ ကိုယ်ကမပြည့်စုံတဲ့ကြားကနေ လှူလိုက်ရတဲ့အပေါ်မှာ ကျေနပ်အားရနေခဲ့တာ။ အဲဒီလို အဖေအမေတို့ အကြွေးတွေပြန်ဆပ်ပြီး တော့ ပထမဆုံးဘုန်းကြီးကျောင်း၊ မကြီးပါဘူး၊ ၃၆ ပေ ပတ်လည် ၃ ထပ်ကို ကျွန်တော့်အမျိုးသမီးရဲ့အမ ဒေါက်တာစန္ဒာရင် (မဆူဇီ) တို့မိသားစုနဲ့ တဝက်စီဆိုပြီး ဆောက်လှူဖြစ်ပါတယ်။ ရန်ကုန်တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်မှာပါ။

အဲ့ဒီတုန်းကလည်း လက်ထဲမှာရှိတာ ၁၀သိန်း ၁၅သိန်းလောက်ပဲ အပိုရှိတာ။ သူများအလှူနဲ့ အနည်းဆုံးတော့ တစ်ဝက်ပြီးမှာပဲဆိုပြီး ဆောက်လှူခဲ့တာ နောက်ဆုံးတော့ သပ်သပ်ရပ်ရပ်ကောင်းကောင်းမွန်မွန်နဲ့ ပြီးခဲ့ပါတယ်။အဲဒီတုန်းက ကိုယ်နေတဲ့အိမ်ထက် ပိုကောင်းအောင် ဆောက်လှူနိုင်ခဲ့ပါတယ်။ အဲဒါပြီးတော့ အဲ့ဒီဆရာတော်ကြီးရဲ့ဇာတိ ဝက်လက်မှာ စာသင်ကျောင်းတစ်ဆောင်ကို ဘဝရဲ့ပထမဆုံး မူလွန်စာသင်ကျောင်း အလှူအနေနဲ့ ၂၀၀၂ ခုလောက်မှာ လှူခဲ့ပါတယ်။ နောက်ဆူနာမီ၊ မာလာမုန်တိုင်း စတဲ့သဘာဝဘေးအန္တရာယ်များမှာ လှူဒါန်းခဲ့ပါတယ်။

၂၀၀၈ နာဂစ်မုန်တိုင်းကတော့ တကယ့်မှတ်မှတ်ရရပါ။ မုန်တိုင်းပြီးပြီးချင်း ရန်ကုန်မြို့သစ် တောင်ဒဂုံ၊ အရှေ့ဒဂုံ (လို့ထင်တာပဲ) ဖက်မှာ နေ့စဉ်လို အစားအသောက်၊ ဆန်ဆီ၊ တာရပတ် အမိုးစသဖြင့် လှူခွင့်ခဲ့ရတော့ လူတွေရဲ့ အမောပြေ၊ ခဏတာပျော်သွားကြရတဲ့ မျက်နှာတွေတွေ့ရတဲ့အခါမှာ ဆက်ပြီးလှူဖို့အတွက် အင်အားတွေရပါတယ်။ ကိုယ်ပေးလို့ ပျော်သွားတဲ့သူတွေရဲ့ မျက်နှာကိုမြင်ရတာ အင်မတန်မှ စိတ်ကိုကြည်နူးစေပါတယ်။ အဲဒီ ကြည်နူးစိတ်က addicted ပါ၊ စွဲလမ်းစေပါတယ်။

မုန်တိုင်းအပြီး တစ်ပတ်လောက်အကြာ ဘိုကလေး၊ ဖျာပုံဖက်တွေ ရောက်သွားတဲ့အချိန် ပျက်စီးဆုံးရှူံးမှုတွေကိုတွေ့ရတော့ ကျွန်တော်တို့ လင်မယားနှစ်ယောက်ရှိသမျှ လှူကြဖို့ ဖြစ်လာပါတယ်။ မုန်တိုင်းပြီး ၄-၅ လလောက်အထိ ရုံးကဝန်ထမ်းတွေနဲ့ အပတ်စဉ်စနေနေ့တိုင်း သွားလှူကြတာ။ ပြီးတော့ ရွာတွေမှာ လို့အပ်တဲ့လက်တွန်းလယ်ထွန်စက်တွေ ပြီးတော့ Stormshelter အနေနဲ့ အသုံးပြုဖို့ RC ခြေတန်ရှည်ဘုန်းကြီးကျောင်း လှူဖြစ်ခဲ့ပါတယ်။ စာသင်ကျောင်းက နှစ်ကျောင်းဆောက်လှူဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက အပိုရှိသမျှအကုန်ပါပဲ။ သိန်းသုံးထောင်လောက် ဖြစ်ပါလိမ့်မယ်။ အဲဒီတုန်းကလဲ ၄-၅ -၆လ လုံးလုံးလှူဖို့ ဇောတခုထဲပဲရှိပါတယ်။ စနေ တနင်္ဂနွေနေ့ကို သွားလှူနိုင်ဖို့ အင်္ဂါနေ့လောက်ကတည်းက ပစ္စည်းစု၊ ဖျာပုံကအသိဆရာဝန်ဆီက လိုအပ်နေတဲ့ရွာ၊ဒေသနေရာကို စနည်းနာပြီးလုပ်ခဲ့ကြတာ။

ကျွန်တော်ဒါတွေကို ဘာလို့ပြောနေလဲဆိုတော့ တခါတလေ အလှူအတန်းအတွက် သဒ္ဒါတရားတွန့်ဆုတ်တာပဲဖြစ်ဖြစ်၊ ငွေရေးကြေးရေးကို စိတ်ပူတာပဲဖြစ်ဖြစ် ပြီးအောင်လုပ်နိုင်ပါ့မလားဆိုပြီး ချီတုံချတုံပဲဖြစ်ဖြစ်၊ ဖြစ်နေတိုင်းမှာ ငွေချေးပြီးတော့တောင်လှူခဲ့သေးတဲ့ အချိန်တွေ၊ လက်ထဲမှာငွေနည်းနည်းနဲ့ ရှိတာရဲ့၁၀ဆ၊ ၁၅ဆလှူနိုင်ခဲ့တဲ့အချိန်တွေ၊ အမျိုးသမီးအတွက် လက်ဝတ်လက်စားတောင် ပြည့်စုံအောင်မဆင်နိုင်သေးပေမဲ့ ရှိသမျှအပိုပိုက်ဆံအကုန်လှူနိုင်ခဲ့တာတွေကို ပြန်ပြန်တွေးပြီး လှူဖို့ရာ ခွန်အားတွေပြန်ယူရပါတယ်၊ ကြီးကြီးကျယ်ကျယ်ပြောရရင် ပရဟိတဆိုတဲ့လှူဒါန်းမှုတွေဆက်လုပ်ဖို့ ခွန်အားတွေ ရပါတယ်။

Question – (9) ပရဟိတနဲ့ ပတ်သက်လို့ ဘယ်သူတွေက ကိုယ့်ရဲ့ အတုယူစရာ ဖြစ်ခဲ့လဲ ။

Answer – (9) ကျွန်တော်တို့ကို ကျွန်တော်တို့ပရဟိတလုပ်နေတယ်လို့ ခုထိမထင်သေးပါဘူး။ တတ်နိုင်သမျှနေရာစုံမှာ လိုအပ်တယ်ထင်တဲ့နေရာတွေမှာ သဒ္ဒါတရားရှိရင်ရှိသလို လှူနေတဲ့သူလို့ပဲထင်ပါတယ်။ အဲဒီလိုပရဟိတလုပ်နေတယ်လို့ မခံယူထားတော့ ပရဟိတနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုအားကျအတုယူတယ်လို့ ပြောရခက်ပါတယ်။

စိတ်ထဲကမြင်ယောင်ထားတဲ့ စံပြပရဟိတပုဂ္ဂိုလ်တယောက်ကို ပုံဖော်ပြောရရင်တော့ ဘက်တွေမရှိတဲ့လူ၊ ဘာသာအစွဲ၊ လူမျိုးအစွဲတွေသာမက နိုင်ငံရေးကနေ လုံးဝကင်းပြီး ဆန္ဒစွဲသန့်သန့်နဲ့ အများအကျိုးကို ဆောင်ရွက်သူ၊ စိတ်ထဲမှာ Prejudice (စိတ်ထဲမှာ ကြိုတင်ဘက်လိုက်ဆုံးဖြတ်ထားမှု) ကင်းကင်းနဲ့ အများအကျိုးကို ဆောင်ရွက်နေသူတစ်ဦး၊ ကုန်ကုန်ပြောရရင် ငါစွဲကင်းလွတ်ပြီး အများအကျိုးဆောင်ရွက်နေသူတစ်ဦးကို စံပြအနေနဲ့ ပုံဖော်ချင်ပါတယ်။

လူသားတစ်ယောက်အနေနဲ့ ပြောရရင်တော့အေးချမ်းတဲ့လူ၊ မေတ္တာတရားကြီးမားတဲ့လူတွေကို အင်မတန် ကြည်ညိုအားကျပါတယ်။ ဥပမာဆိုရင် ပျံလွန်တော်မူပြီးသွားတဲ့ ရွှေဥမင်ဆရာတော်ဘုရားကြီးလိုမျိုးကို အင်မတန် ကြည်ညိုအားကျပါတယ်။

ကိုယ်ကဒေါသအင်မတန်ကြီးသူ၊ ပူလောင်သူဆိုတော့ ဒေါသနည်းသူတွေ၊ အေးချမ်းသူတွေ၊ မေတ္တာတရားကြီးမားသူတွေ၊ ခွင့်လွှတ်နိုင်သူတွေကို အင်မတန် အားကျပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အတုယူကြိုးစားနေတဲ့အဆင့်တောင် မရောက်သေးပါဘူးလို့ပဲ ပြောရပါမယ်။

Question – (10) လက်ရှိ မြန်မာနိုင်ငံမှာ ပရဟိတလုပ်ငန်း လုပ်ဆောင်ကြတဲ့အပေါ်မှာ ဘယ်လိုအခက်အခဲမျိုးတွေ၊ စိန်ခေါ်မှုမျိုးတွေ ကြုံတွေ့ရလေ့ရှိပါလဲ ။

Answer – (10) လက်ရှိ မြန်မာနိုင်ငံမှာရှိနေတဲ့ အခက်အခဲက တကမ္ဘာလုံးကြုံတွေ့နေရတဲ့ အခက်အခဲပါပဲ။ သူ့ဖက်၊ ကိုယ့်ဖက်ဆိုတဲ့ဖက် (ဘက်) ပြဿနာပါ။ ကိုယ့်ဖက်မဟုတ်ရင် မဟုတ်သလို၊ ဟုတ်ရင် ဟုတ်သလိုပုံဖော်ကြ ပုံဖျက်ကြ စွပ်စွဲကြတာတွေဟာ အကြီးဆုံးစိန်ခေါ်မှုကြီးလို့ ထင်ပါတယ်။ ဒီလိုမျိုး လိုရင်လိုသလို၊ မလိုရင်မလိုသလို စွပ်စွဲမှုတွေဟာကျွန်တော်တို့ရဲ့ လှူဒါန်းလိုတဲ့လက်တွေကို တုပ်နှောင်ထားပါတယ်။ ကျွန်တော်တို့ရဲ့ သဒ္ဒါတရားတွေကို ချုပ်ချယ်ထားပါတယ်။ ကိုယ်လှူချင်တဲ့နေရာတွေကို လှူဖို့ရာ တခါတရံမှာ အချက်အလက်တွေကို ပုံဖျ-က်ပြီး လိုသလိုစွပ်စွဲရေးသားခံရမှာတွေကို ကျော်ဖြတ်ရခြင်းက ကျွန်တော့်အတွက်တော့ အကြီးမားဆုံးစိန်ခေါ်မှုပါပဲ။

Question – (11) မန္တလေးဘုရားကြီးကို လှူဖြစ်သွားရတဲ့ စိတ်ခံစားမှုနဲ့ နောက်ခံအကြောင်းတရားတွေရှိရင်လည်း ပြောပြပေးပါဦး။

Answer – (11) ကျွန်တော့်အမျိုးသမီးက မန္တလေးမှာမွေး၊ မန္တလေးမှာကြီးပြီး ဆရာဝန်ဖြစ် အိမ်ထောင်ကျတဲ့အထိနေခဲ့တဲ့ မန္တလေးသူစစ်စစ်၊ ကျွန်တော်က မန္တလေးမှာမမွေးခဲ့ပေမယ့် အလယ်တန်းအောင်၊ အထက်တန်းအောင် အိမ်ထောင်ကျ၊ ဆရာဝန်ဖြစ်တဲ့အထိနေခဲ့တာဆိုတော့ ကိုယ့်ဟာကိုယ် မန္တလေးသား၊ အညာသားဆိုတဲ့ အစွဲရှိတာပေါ့နော်။

မန္တလေးငလျင်ကြီးလှုပ်တော့ ဆိုရှယ်မီဒီယာအသီးသီးမှာ တက်လာတဲ့ပုံတွေမှာ အပျက်အစီးတွေ တွေ့ရတော့အင်မတန်မှ စိတ်မကောင်းဖြစ်ရတာနဲ့အတူ တတ်နိုင်သမျှလုပ်ကြမယ်ဆိုပြီး ဆုံးဖြတ်ထားကြပါတယ်။ တစ်ချိန်ထဲမှာပဲ ကိုယ့်စိတ်ထဲမှာ ငါ့တို့မြို့ဆိုတဲ့အစွဲကြီးရှိနေတာကို ကောင်းကောင်းမြင်လိုက်ရတယ်။

မဟာမြတ်မုနိဘုရားကြီးဆိုတာ ကျွန်တော်တို့မန္တလေးသားတွေအတွက်တော့ အဓိပ္ပါယ်တွေ၊ ခံစားမှုတွေ အများကြီးပါ။ မန်းသူမန်းသားတွေ ပိုနားလည်မှာပါ။ ကျောင်းမှာစာမေးပွဲနီးရင် မိုးလင်းထိစာကျက်ကြပြီး မနက်စောစောမျက်နှာသစ်တော်ရေသွားကပ်ကြတာ မန်းလေးသားတွေရဲ့ အလေ့အထတစ်ခုပါ ။

ငလျင်ကြီးကြောင့် မန္တလေးမြို့ကြီးလိုအပ်နေတုန်းမှာ မန္တလေးသား မန္တလေးသူတွေအနေနဲ့ လှူခွင့်ကြုံပြီး လှူလိုက်တာ၊ လှူရတာကလည်း မဟာမြတ်မုနိဘုရားကြီးဆိုတော့ စိတ်ထဲမှာအင်မတန်မှ ကျေနပ်တဲ့စိတ်၊ ပျက်စီးဆုံရှုံးတာတွေအတွက် ဝမ်းနည်းပေမယ့် အဲဒီပျက်စီးမှုကို လှူဒါန်းပြင်ဆင်ခွင့်ရတဲ့အတွက် ပျော်တဲ့စိတ်၊ အားရတဲ့စိတ်၊ ထပ်ပြီးလှူချင်တဲ့စိတ်၊ ပီတိဖြစ်တဲ့စိတ်တွေ အများကြီးလို့ပဲ ပြောပါရစေ။ မန္တလေးနဲ့ ဘုရားကြီးဆိုတာခွဲပြောလို့မရပါဘူး။

ကျွန်တော်တို့ဘဝမှာ မလှူခင်ရော၊ လှူနေတဲ့အချိန်မှာရော၊ လှူပြီးမှရော တွေးတိုင်းတွေးတိုင်း ကြက်သီးတွေထပြီး ပီတိဖြစ်ရတဲ့အလှူ၊ ပျော်နေတဲ့အလှူ၊ အကျေနပ်ဆုံးအပျော်ဆုံးအလှူ ၃ ခုထဲမှာ အခုလှူရတဲ့ မဟာမြတ်မုနိဘုရားကြီးကို လှူရတာလည်း ပါပါတယ်။ အခုပြောနေတဲ့အချိန်မှာလည်း ပျော်နေပါတယ်။

Question – (12) ရှေ့ဆက်ပြီးတော့ရော ဘယ်လိုကူညီလှူဒါန်းမှုတွေ လုပ်ဆောင်သွားဦးမလဲ ။

Answer – (12) ခုနကပြောသလိုပါပဲ။ သဒ္ဒါတရားရဲ့ ရှေ့ဆောင်မှုအတိုင်း ဆက်ပြီးလှူဒါန်းသွားမှာပါ။ လက်ရှိလုပ်ဆောင်နေဆဲ သန်လျင်သဘာဝတရားရိပ်သာမှာ ၆ ထပ် ဆေးရုံဆောက်နေတာ ပြီးလုပါပြီ။ ပြီးရင် ခွဲစိတ်ခန်းပစ္စည်းတွေနဲ့ အခြားပစ္စည်းတွေ လိုအပ်တာတွေ ဖြေးဖြေးချင်းဆက်လုပ်စရာတွေ ရှိပါသေးတယ်။

နောက်တခုက မှော်ဘီက ဆရာတော်ကြီးဦးဆေကိန္ဒရဲ့ ကျောင်းမှာအလယ်တန်း၊ အထက်တန်းကျောင်းသားလေးတွေအတွက် ၃ ထပ် အိပ်ဆောင်ဆောက်နေတာ ပြီးခါနီးပါပြီ။ အဲဒါလေးပြီးအောင်ဆက်လုပ်ဖို့ လိုပါသေးတယ်။နောက် မန္တလေးမဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးရဲ့ ခါးပြတ်တန်ဆောင်းပြသာဒ် ဆောက်နေတာ ရှိပါတယ်။

တကယ်လို့မဟာမြတ်မုန်ဘုရားကြီးနဲ့ လောကမာရဇိန်ကုသိုလ်တော်စေတီတော်ကြီးအတွက်ကို အလှူရှင်များထပ်မပေါ်ခဲ့ရင် တခြားလိုအပ်တာတွေကို ထပ်လှူဖို့မှန်းထားပါတယ်။

လောလောဆယ် သကြားစက်ရုံတွေရှိတဲ့နေရာက ဘုရားစေတီပျက်စီးမှုတွေကို ပြင်နေပါတယ်။ ဒါတွေပြီးသွားရင်ကျောက်ကပ်အခမဲ့ဆေးလို့ရမယ့် စင်တာလေးထောင်ချင်ပါတယ်။ ပြီးရင်တော့ နောင်ကို ရတနာသုံးပါးအတွက်သာမက အရင်လိုပဲ ပညာရေး၊ ကျန်းမာရေးအတွက်ကို ဆက်ပြီးလှူဒါန်းသွားဖို့ ရည်မှန်းထားပါတယ်။

https://www.facebook.com/share/1JAT6zzBMw/?mibextid=wwXIfr

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က စနေနေ့တွင် ပြောကြားခဲ့သည်။ ဖုန်းပြောဆိုစဥ် မလေးရှား၏ စိုးရိမ်မကင်းဖြစ်မှုများကို အန်ဝါက ဖော်ပြခဲ့ပြီး နှစ်ဖက်စလုံးအနေဖြင့် အစွမ်းကုန်ချုပ်တည်းကြရန်၊ ရန်လိုမှုများကို ရပ်တန့်ရန်နှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ ည ၁၀ နာရီမှစ၍ အင်အားသုံးခြင်း သို့မဟုတ် လက်နက်ကိုင်တပ်များကို စုစည်းချထားခြင်းများအပါအဝင် ပဋိပက္ခကို ပိုမိုဆိုးရွားစေမည့်...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင်အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ထိုင်းနိုင်ငံအတွင်း ၎င်းတို့၏မိသားစုဝင်များမှ ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် ၎င်းတို့တင်ပြလာသော စာရွက်စာတမ်းများအား စိစစ်ပြီး မြန်မာသံရုံးမှ လျော်ကြေးတောင်းခံခြင်းထောက်ခံစာ ထုတ်ပေးလျက်ရှိသည်။ ယင်းသို့ ထုတ်ပေးလျက်ရှိရာတွင် အချို့သည် စာရွက်စာတမ်းများအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေ တောင်းခံခြင်းအတွက်ထောက်ခံစာ လာရောက်လျှောက်ထားမှုများရှိနေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ယင်းတွင် ထိုင်းနိုင်ငံ၌ ၃-၁၁-၂၀၂၅ ရက်နေ့က ယာဉ်မတော်တဆမှုကြောင့်...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား အမျိုးသမီးဖူဆယ်ပွဲစဥ် ပထမပိုင်းတွင် မြန်မာအသင်း (၃) ဂိုး ရှုံးနိမ့်နေ

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက ဦးဆောင်ဂိုး (၃) ဂိုးသွင်းယူထားပြီဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် အုပ်စုအဖွင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ကာ ဒုတိယပိုင်းရလဒ်ကို ထပ်မံစောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ (၁၄) ရက်တွင် ဗီယက်နမ်အသင်းနှင့် အုပ်စုဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရဦးမည်ဖြစ်သည်။ (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖူဆယ်ပွဲစဉ်များကို Channel 7, Reader Channel နှင့် HTV...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071