Friday, January 17, 2025

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို...

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ...

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ်...

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင်...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ မြန် မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေး...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များ မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ဇန်နဝါရီ ၁၅ ရက်က...
HomeNewsLocal Newsအောင်ဘာလေအွန်လိုင်းသိန်းဆုထီ အက်ပလီကေးရှင်းတွင်ထီလက်မှတ်ဝယ်ယူခြင်း၊ဆုငွေရယူခြင်း၊ကံထူးသူများ၏ မိုဘိုင်းတယ်လီဖုန်းများကို...

အောင်ဘာလေအွန်လိုင်းသိန်းဆုထီ အက်ပလီကေးရှင်းတွင်ထီလက်မှတ်ဝယ်ယူခြင်း၊ဆုငွေရယူခြင်း၊ကံထူးသူများ၏ မိုဘိုင်းတယ်လီဖုန်းများကို SMS ပို့ခြင်းများပါဝင်

ပြည်သူအားလုံး အွန်လိုင်းမှတဆင့်လွယ်ကူစွာထီကံစမ်းနိုင်ရန် အွန်လိုင်းထီစနစ်ကို စတင်လုပ်ဆောင်ရခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ ဇွန် ၈ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ MICC-2 ၌ကျင်းပသည့် အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်းဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ အောင်ဘာလေသိန်းဆုထီလက်မှတ်များအား ပုံနှိပ်ဖြန့်ဖြူးရောင်းချသည့်စနစ်အပြင် ပြည်သူအားလုံး အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာထီကံစမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် အွန်လိုင်းထီစနစ်ကို စတင်လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတကာတွင် ခေတ်မီဆန်းသစ်သည့် Digital နည်းပညာများဖြင့်လုပ်ကိုင်လာချိန်တွင် မြန်မာနိုင်ငံ၌လည်း အွန်လိုင်းထီစနစ်ကို အကောင်အထည်ဖော်ခြင်းဖြင့် ထီကံစမ်းသူများ အလွယ်တကူစိတ်ကြိုက်နံပါတ်များရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကာ မြို့ပြနှင့်ကျေးလက်နေပြည်သူများအားလုံး အဆင်ပြေလွယ်ကူစွာ ထီကံစမ်းနိုင်မည်ဟု ဆိုသည်။

အောင်ဘာလေအွန်လိုင်းသိန်းဆုထီ အက်ပလီကေးရှင်းကိုအသုံးပြု၍ ကံစမ်းသူများအနေဖြင့် ထီလက်မှတ်ဝယ်ယူခြင်း၊ထီဖိုးငွေပေးချေခြင်းမှစ၍ ဆုငွေရယူခြင်းအဆင့်အထိ ရိုးရှင်းလွယ်ကူစွာဆောင်ရွက်နိုင်မည်ဖြစ်ကာ ထီဖွင့်ပွဲကျင်းပချိန်တွင်လည်း ထီတိုက်ရန်မလိုဘဲ ကံထူးသူများ၏ မိုဘိုင်းတယ်လီဖုန်းများကို SMS ပေးပို့အကြောင်းကြားသွားမည်ဟု ဆိုသည်။

“ထီဆုငွေထုတ်ယူရာမှာလည်း မှန်ကန်လွယ်ကူစေဖို့ ပမာဏနည်းတဲ့ဆုကြေးငွေတွေကို အွန်လိုင်းကလွှဲပြောင်းပေးတာ၊ထီကံထူးသူတွေရဲ့ ဘဏ်ငွေစာရင်းအကောင့်ဆီပေးပို့တာတွေကို အီလက်ထရောနစ်နည်းလမ်းနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အောင်ဘာလေအွန်လိုင်းသိန်းဆုထီ အက်ပလီကေးရှင်းအားစတင်နိုင်ခြင်းသည် ဒီဂျစ်တယ်နည်းပညာနှင့်မိုဘိုင်းငွေပေးချေမှုစနစ်များ အသုံး ပြုပြီး လွယ်ကူစွာထီကံစမ်းနိုင်သည့် Digital Lottery Platform စနစ်သစ်ကို စတင်မိတ်ဆက်အသုံးပြုနိုင်ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။

“အကျိုးဆက်အနေနဲ့ အနာဂတ်မှာ နိုင်ငံတော်အခွန်ဘဏ္ဍာရရှိမှုတိုးတက်စေဖို့၊ နိုင်ငံတော်ရဲ့ ဒီဂျစ်တယ်စီးပွားရေးအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်စေဖို့၊ငွေသားကိုင်တွယ်သုံးစွဲမှုလျော့ချစေဖို့စတဲ့ ကောင်းကျိုးများစွာကို အထောက်အပံ့ဖြစ်စေနိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုနှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ဦးစီးဌာနများနှင့် Telecom International Myanmar Co., Ltd တို့မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

စနစ်သစ်တစ်ခုအား ပြောင်းလဲဖော်ဆောင်ရာတွင် နိုင်ငံတော်ကိုကိုယ်စားပြုဆောင်ရွက်ရ၍ အလွန်တာဝန်ကြီးမားလှကာ နိုင်ငံတော်အတွက် အသစ်စတင်မိတ်ဆက်နိုင်ခဲ့သော ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့် အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ (၄၅၅) ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေ ယာဉ် (စကု)တို့ ဇန်နဝါရီ (၁၄)ရက်က ရန်ကုန်မြို့မှ ထွက်ခွာသွားခြင်းဖြစ်သည်။ အဆိုပါ ရေယာဉ်တို့တွင် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့တို့ လိုက်ပါလာပြီး...

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းပြုလုပ်

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက သိရသည်။ အဆိုပါ ပြစ်ဒဏ်ပေးမှုကို မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်ရပ်လမ်းဆုံတွင် ဆိုင်ကယ်ဦးထုပ်မပါဘဲ မောင်းနှင်လာသူများကို တားဆီး၍ ဦးထုပ်မဆောင်းသည့် ပြစ်ဒဏ်အစား ဆိုင်ကယ်စီး ဦးထုတ်အသစ်တစ်လုံးကို ချက်ခြင်းဝယ်ယူဆောင်းခိုင်းစေသည့် ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ " ဦးထုပ်ဆောင်းဖို့ အရင်တည်းက အသိပညာပေးတာမျိုးတွေကို ယာဉ်ထိန်းရဲတွေက လုပ်ပါတယ်။ အဓိကဆိုင်ကယ်မောင်းသူတွေ ဦးထုပ်မဆောင်းရင်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို အသိပညာပေးတာတွေ အခါအားလျှော်ရင် ဆွေးနွေးမှုတွေလုပ်ပါတယ်။ အခုဟာကဗျာ...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန်ဆွေးနွေး

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ ထွေထွေအတွင်းရေးမှူးချုပ်တို့သည် ဇန်နဝါရီ ၉ ရက်ညနေပိုင်းက တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ-တရုတ် စင်တာ (ASEAN - China Centre - ACC)၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် တရုတ်-မြန်မာနှစ်နိုင်ငံကြား အကျိုး စီးပွားရရှိစေရေးနှင့် ချစ်ကြည်ရင်းနှီးမှုခိုင်မြဲစေရေး၊ အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ၊ AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍ၊ အပြန်အလှန်ဖလှယ်ရေးကဏ္ဍများတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071