ရှမ်းပြည်နယ် တောင်ပိုင်း ၊ အောင်ပန်းမြို့တွင် အသက်(၇၀) ကျော် အဘိုးအို တစ်ဦး (၁၈)ပေခန့် အမြင့်ရှိ ကျောက်တော င်ပေါ် မှ ပြုတ်ကျ၍ အသက်ဆုံးရှုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း) မှ သိရသည်။
မေလ (၆)ရက်က အောင်ပန်းမြို့အနီး ပင်မှီကျေးရွာအုပ်စု၊ ကျောက်ဆင့်ရွာ၊ ရွာမြောက်ဖက်ရှိ (၁၈)ပေခန့် မြင့်သည့် ကျောက်တောင်ပေါ်မှ အဘိုးအိုတစ်ဦး မတော်တဆပြုတ်ကျကြောင်း အကူညီတောင်းခံလာသဖြင့် အသင်းမှ သွား ရောက်ကူညီခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပြုတ်ကျ အသက်ဆုံးရှုံးခဲ့သူမှာ ကျောက်ဆင့်ရွာတွင် နေထိုင်သည့် အသက် (၇၆) နှစ် အရွယ် အဘိုးအို ဦးသန်း ဆိုသူဖြစ်ပြီး ရုပ်အလောင်းကို နာရေးကူညီမှုအသင်း (အောင်ပန်း) မှ အောင်ပန်းဆေးရုံ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။



