လာမည့် အောက်တိုဘာ ၂၀ ရက်သည် ဒီပါဝလီနေ့ဖြစ် ၍ အများပြည်သူအလုပ်ပိတ်ရက်ဖြစ်ကြောင်း အမျိုး သားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ အမိန့် ကြော်ငြာစာအမှတ် ၁၉၀/၂၀၂၅ ဖြင့် ယနေ့ အောက်တို ဘာ ၁၄ ရက်ကြေညာခဲ့သည်။
“ဒီပါဝလီနေ့”ဖြစ်၍ မြန်မာနိုင်ငံရှိ ရုံးများ၏ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပ ဒေပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက်အဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။
ဒီပါဝလီနေ့သည် ဟိန္ဒူဘာသာဝင်များ၏ နေ့ထူးနေ့မြတ်အခါသမယဖြစ်သည်။
