Monday, February 9, 2026

ဂျပန်ရွေးကောက်ပွဲ ဆနားအဲတာကာအိချီ အပြ-တ်အသ-တ်အနိုင်ရ

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီ၏ အာဏာရညွန့်ပေါင်းအစိုးရသည် တနင်္ဂနွေနေ့က အောက်လွှတ်တော်ရွေးကောက်ပွဲတွင် အပြ-တ်အသ-တ်အနိုင်ရရှိခဲ့ပြီး အများစု အမတ်နေရာ သုံးပုံနှစ်ပုံကို ရရှိခဲ့သည်။ သူ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ)...

ကမ္ဘာအဆင့် (၁) ဆိုလာ အင်ဗာတာထုတ်လုပ်သည့်...

EO G2 off-grid inverter အသစ်ကိုတရားဝင်မိတ်ဆက်ခဲ့ ကမ္ဘာအဆင့် (၁) ဆိုလာ အင်ဗာတာထုတ်လုပ်သည့် GoodWe မှ 2026 Myanmar Power...

FIFAနှင့် MFFတို့ ပူးပေါင်း၍ FIFA-MA...

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ၊ ဒိုင်ဌာနတို့ ပူးပေါင်း၍ FIFA-MA Refereeing Course 2026 သင်တန်းကို ယနေ့ ဖေဖော်ဝါရီ...

ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ဆောင်ရွက်နေ

ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ဗလမင်းထင်တံတား အောက် သဲသောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေကြောင်း ပြည်နယ်အစိုးရသတင်းများအရ သိရသည်။ အထူးသဖြင့် မြစ်ကြီးနားမြို့သည် နှစ်စဉ် မိုးရာသီတွင် ရေကြီးရေလျှံမှုဖြစ်ပွားမှု...
HomeCelebrities' Newsအအေးမှတ် ၄ ဒီဂရီအောက်မှာ...

အအေးမှတ် ၄ ဒီဂရီအောက်မှာ လူစားမထိုးဘတောင်အောက်ကို လိမ့်ဆင်းခဲ့တဲ့ မုဏ်း

ပရိသတ်တွေရဲ့ အသိအမှတ် ပြုခြင်းကို တဖြည်းဖြည်းနဲ့ သိမ်းပိုက် လာတဲ့ အပြုံးချိုချိုနဲ့ ကောင်မလေး မုဏ်းကတော့ Canal+ ဇာတ်လမ်း ချန်နယ်ကနေပြီးထုတ်လွှင့် ပြသနေတဲ့ Toxic (အဆိပ်သွေး) ဇာတ်လမ်းတွဲထဲမှာ လည်း သဘာဝဆန်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်ရဲ့ အားပေးမှုကို ဆက်လက်သိမ်းပိုက် ထားလျက်ရှိ လာပါတယ်။ အဲဒီဇာတ် လမ်းတွဲထဲမှာ မုဏ်းဟာ သုတေသန ပညာရှင်တစ်ဦး၊ ပြီးတော့ အိမ် ထောင်သည် အမျိုးသမီးတစ်ဦး နေရာကနေ ပီပြင်စွာသရုပ်ဆောင်ထားမှုတွေက ပရိသတ်ကို လွှမ်းမိုး ထားပါတယ်။ သဘာဝကျတဲ့ ဇာတ်ရုပ်ကို သူဖော်ဆောင်ဖို့အတွက် အဲဒီဇာတ်လမ်းတစ်ခုလုံးမှာ သူ့ငယ်ဘဝ ကျောင်းသူ ဇာတ်ရုပ်မှာက လွဲရင်ကျန်တဲ့ အိမ်ထောင်သည် အမျိုးသမီး ဖြစ်ချိန်မှာ တော့ မိတ်ကပ်လိမ်းခြယ် ခြင်းတွေကို ပြုလုပ်ထားခြင်း မရှိပါဘူး။

“အဆိပ်သွေး ဇာတ်လမ်းတွဲ တစ်ခုလုံးမှာ ညီမမိတ်ကပ်လုံးဝလိမ်း ခြယ်ခြင်း မလုပ်ဘူး။ မျက်ခုံးမွှေးလေး နည်းနည်းဆွဲတယ်။ ညီမက နှုတ်ခမ်း နည်းနည်း ညိုတဲ့အတွက် နှုတ်ခမ်းနီ လေး နည်းနည်းဆိုးတယ်။ အဲဒီ လောက်ပဲ လုပ်ဖြစ်တယ်။ ဒါရိုက်တာတွေကလည်း ကြိုပြောထားတယ်။ မိတ်ကပ် လျော့ဖို့အတွက်ပေါ့။ ဒိုင်ယာလော့ခ်အပိုင်းတွေမှာ စကားပြောတာ ထက် မျက်နှာနဲ့ မျက်လုံးအမူအရာ တွေကိုသာ အာရုံစိုက်ခဲ့ရတယ်။ ပုံ မှန်ရိုက်ကူး ခဲ့တဲ့ ဇာတ်ကားတွေထက် ပုံစံမတူဘဲနဲ့ ကွဲထွက်ခဲ့ပါတယ်။ မိတ်ကပ် မလိမ်းဖြစ်ခဲ့တာလည်း အကြောင်းအရင်းရှိတယ်။ ဘာလို့ဆိုရင် သုတေ သနပညာရှင်တစ်ယောက် သူ့မှာက အလုပ်ဇောတွေပဲရှိနေတယ်။ ပြီး တော့ အိမ်ထောင်ကျ သွားတဲ့ အမျိုးသမီးဖြစ်တယ်။ အဲဒီလို မိန်းမ တစ်ယောက်ဟာ ပြင်ပြင် ဆင်ဆင်မရှိတော့တဲ့ ပုံစံမျိုးနဲ့ သရုပ် ဆောင် သွားတယ်။ ဆံပင်လေးကိုပဲ တောက်လျှောက်စီးထား လိုက် တယ်။ မိတ်ကပ်မလိမ်းတော့ဘူး။ အဲဒီအတိုင်း သရုပ်ဆောင် ခဲ့တယ်” လို့ မုဏ်းကတော့ သူရဲ့ကာရိုက်တာ ပီပြင်စေဖို့အတွက် ပြုလုပ်ခဲ့ပုံကို ပြောပြပါတယ်။

နောက်တစ်ခုကတော့ အဲဒီ ဇာတ်လမ်းတွဲ ရိုက်ကူးတဲ့အချိန်ဟာ ကလောမှာ အလွန်အေးနေတဲ့ ကာ လဆောင်းရာသီဖြစ်ပြီး အအေးမှတ် ဟာ ၄ ဒီဂရီသာရှိပြီး အဲဒီအေးတဲ့ ဒဏ်တွေကို ကျော် ဖြတ်ခဲ့ရတဲ့အပြင် သူမ တောင်ပေါ်ကနေ ပြုတ်ကျတဲ့ ဇာတ်ဝင် ခန်း တွေမှာဆိုရင်လည်း ပြုတ်ကျပြီး လျှိုအောက်ထိ လိမ့်ကျတဲ့ အခန်းကို လူစားမလဲဘဲ သရုပ် ဆောင် ပီပြင်စေဖို့အတွက် အနာ ကျင်ခံပြီးတော့ ရိုက်ကူးခဲ့တာ ဖြစ်တယ်လို့ ပွင့်လင်းစွာနဲ့ မုဏ်းက ဆိုပါတယ်။

ထက်လူ
ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071