ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာ ကလဲရာမြို့ အခြေစိုက် ချစ်ပ်ထုတ်လုပ်ရေး ကုမ္ပဏီ Nvidia သည် မေလ ၃၀ ရက် အင်္ဂါနေ့မှစတင်၍ ဒေါ်လာ ထရီလီယံတန် ကုမ္ပဏီစာရင်းထဲ ပါဝင်လာပြီ ဖြစ်သည်။
Nvidia ကုမ္ပဏီ၏ ဈေးကွက်ထဲရှိ ရှယ်ယာတန်ဖိုးသည် အင်္ဂါနေ့တွင် ဒေါ်လာ ၁ ထရီလျံ ရှိသွားခဲ့ပြီး ချစ်ပ်ထုတ်လုပ်ရေး ကဏ္ဍ၌ ဒေါ်လာ ထရီလျံတန်သည့် ပထမဆုံး ကုမ္ပဏီဖြစ်လာခဲ့သည်။
ယခုကဲ့သို့ တစ်ဟုန်ထိုး တိုးတက်လာသည်မှာ ကိုဗစ်ကာလအတွင်း ကွန်ပြူတာဂိမ်းများနှင့် ခရစ်ပတိုငွေကြေး ရှာဖွေရေးတို့အတွက် ချစ်ပ် လိုဝယ်အား မြင့်တက်လာခြင်းနှင့် အေအိုင်နည်းပညာ တို့ကြောင့် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် Nvidia သည် ဒေါ်လာ ထရီလျံတန် ကုမ္ပဏီအုပ်စု ဖြစ်သော အယ်ဖာဘတ်၊ အမေဇုန်၊ အက်ပဲလ်နှင့် မိုက်ခရိုဆော့ဖ် တို့ထဲ ပါဝင်လာပြီ ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် ထိုအုပ်စုထဲ ပါဝင်သည့် ကုမ္ပဏီစုစုပေါင်း ကိုးခုသာ ရှိသေးကြောင်း သိရသည်။
Source: ဝီယွန်