
လူသားတို့ရဲ့ အသက်ပေါင်းများစွာကို အချိန်မီကယ်တင်နိုင်ဖို့အတွက် အဆိုတော်မလေး မေသက်ထားဆွေက အလှူတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီအလှူက တော့ အရေးပေါ်လူနာတင်ယာဉ် လှူဒါန်းလိုက်ခြင်းပါပဲ။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဘိုကတော်ကျေး ရွာအုပ်စု၊ အနောက်အင်ဒိုင်းကျေးရွာနှင့် ရွာနီး ချုပ်စပ်ကျေးရွာတို့မှ ကျေးရွာပေါင်း ၁ဝရွာကျော်တို့ရဲ့ အများပြည်သူများအချိန်မီ ကျန်းမာရေးစောင့်ရှောက်မှုရရှိစေဖို့အတွက် အဆိုတော်မလေး မေသက်ထားဆွေနဲ့ စန္ဒကိန္နရီအဖွဲ့သားများမှ အရေးပေါ်လူနာတင်ယာဉ်လှူဒါန်းခဲ့ကြတာပါ။ လူသားတို့ရဲ့ အသက်ပေါင်းများစွာကို အချိန်မီကယ်တင်နိုင်ဖို့အတွက် အဆိုတော်မလေး မေသက်ထားဆွေက အလှူတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီအလှူက တော့အရေးပေါ်လူနာတင်ယာဉ် လှူဒါန်းလိုက်ခြင်းပါပဲ။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဘိုကတော်ကျေး ရွာအုပ်စု၊ အနောက်အင်ဒိုင်းကျေးရွာနှင့် ရွာနီး ချုပ်စပ်ကျေးရွာတို့မှ ကျေးရွာပေါင်း ၁ဝရွာကျော်တို့ရဲ့ အများပြည်သူများအချိန်မီ ကျန်းမာရေးစောင့်ရှောက်မှုရရှိစေဖို့အတွက် အဆိုတော်မလေး မေသက်ထားဆွေနဲ့ စန္ဒကိန္နရီအဖွဲ့သားများမှ အရေးပေါ်လူနာတင်ယာဉ်လှူဒါန်းခဲ့ကြတာပါ။ “တောင်ငူနားက ရွာလေးတစ်ရွာမှာ လှူဖြစ်တာပါ။ တကယ်ကို လိုအပ်နေ တာပါ။ ဆေးကုသမှုခံယူဖို့ လိုအပ်နေတဲ့သူတို့ဆီမှာ မော်တော်ယာဉ်အခက်အခဲတွေရှိတယ်။ မလိုအပ်ဘဲနဲ့ အသက်ဆုံးရှုံးမှုတွေ မဖြစ်စေချင်ဘူးလေ။ အဲဒါကြောင့် သမီးနဲ့သမီးပရိသတ်တွေ ပေါင်းပြီးတော့ လှူဒါန်းဖြစ်ခဲ့တာပါ” လို့ မေသက်ထားဆွေက ပြောပြခဲ့ပါတယ်။
မေသက်ထားဆွေအနေနဲ့ ရှေ့မှာလည်း ‘အလောင်းတော် ကဿပသွားရာ လမ်းမှာအခက်အခဲဖြစ်နေတဲ့အတွက် တံတားတစ်စင်း ဆောက်လုပ်လှူဒါန်း ဖြစ်ခဲ့ပါသေးတယ်။ တံတားနာမည်ကတော့ ‘စန္ဒကိန္နရီ ရွှေဆံပင်’ တံတားလို့ အမည်ပေးထားပါတယ်။
မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း
