အခုအခါ မြန်မာနိုင်ငံထဲမှာ လူငယ်တွေအကြား ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းခြင်းနဲ့ မျက်ကြည်လွှာ လှူဒါန်းခြင်းတို့ ပြု လုပ်လာကြတာ သိရပါတယ်။ အဲဒီလို လှူဒါန်းမှုမျိုး ပြုလုပ်ကြတဲ့ သူတွေထဲမှာ လူငယ်အနုပညာရှင် အမျိုးသမီးငယ်တွေက အများစု ဖြစ်နေပြီး မွေးနေ့အလှူဖြစ်ရော၊ နေ့ထူးနေ့မြတ် အထိမ်းအမှတ်ဖြစ်ရော လှူဒါန်းလိုစိတ်ဆန္ဒကြီးစွာ ဖြစ်ပေါ်လာခြင်း အနေနဲ့ရော လှူ ဒါန်းကုသိုလ်ပြုလေ့ရှိကြပါတယ်။ ဒီလို မိမိခန္ဓာကိုယ် အစိတ်အပိုင်းနဲ့မျက်ကြည်လွှာတို့ကို လှူဒါန်းမှုလုပ်ခြင်းဟာ ပိုပြီးမွန်မြတ်တဲ့ အလှူ ဒါနကုသိုလ် ပြုခြင်းမျိုးဖြစ်တယ်လို့ဆိုရမယ် ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ မျက်ကြည်လွှာ လှူဒါန်းမှုပြုလုပ်ကြခြင်း အပေါ် လူငယ် အနုပညာရှင် အမျိုးသမီးတို့ရဲ့ သဒ္ဒါတရားစိတ်နဲ့ ရှုမြင်ပီတိစကားများ စုစည်းဖော်ပြလိုက်ပါတယ်။
အကယ်ဒမီအိဖြူစိုး
လှူချင်တာတော့ ဟိုးအရင်ကတည်းက လှူချင်တဲ့စိတ်ရှိတယ်။ ဒါပေမဲ့ အဆက်အသွယ်မရှိဘူး။ လှူဖြစ်သွားတာကတော့ မနှစ်က ညီမ၂၆နှစ်ပြည့်မွေး နေ့မှာ ထူးထူးခြားခြားလေး လှူဖြစ်သွားတာပါ။ အမှန် တကယ်က မွေးနေ့မှ လှူဖို့တော့မဟုတ်ပါဘူး။ ညီမတို့ကျောင်းက ညီမထက်တစ်နှစ်ကြီးတဲ့ အစ်မ တစ်ယောက်က လှူဖူးတယ်ဆိုတော့ သူ့ကို သွားမေးလိုက်တော့ သူကူညီပေး မယ်ဆိုတော့ အလှူအထမြောက်သွားတာပေါ့။ အဓိကကတော့ ကူညီပေးမယ့် လူရှိတဲ့ အချိန်မှာ လှူဖြစ်သွားတာ။ ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်းဆိုရင် လှူတော့လှူချင်တယ်။ မရောက်ဖြစ်ဘူးပေါ့။ အဆင်ပြေတာနဲ့ လှူဖြစ် သွားတာပါ။ မျက်ကြည် လွှာကို ပထမဦးဆုံးသွားလှူတယ်။ အဲဒီမှာ လှူပြီးမှ ခန္ဓာကိုယ်ကိုတော့ တပ်မတော် ဆေးတက္ကသိုလ်မှာ သွားလှူတာပါ။ ပထမက မျက်ကြည်လွှာမလှူရဲဘူး။ ညီမက မျက်စိသိပ် မကောင်းဘူးလေ။ မျက်မှန် တပ်နေ ရတဲ့လူဆိုတော့ လှူလို့ရပါ့မလားပေါ့။ နောက်တော့ မဟုတ်ဘူး။ မမြင်ရတာထက်စာရင် တော်သေးတာပေါ့လေ။ ငါ့ဟာလည်း သုံးလို့ ရမှာပဲ ဆိုတဲ့ စိတ်နဲ့ လှူဖြစ်သွားတာပါ။ ခန္ဓာကိုယ်ကတော့ အစောကြီးကတည်းက လှူချင်နေတာ။ ကိုယ်မရှိတော့တဲ့အခါကျရင် လိုအပ်တာလေးတွေ ထုတ်ပေး လို့ရရင် ထုတ်ပေးလို့ရတာပေါ့။ ကိုယ့်ကြောင့် တစ်ယောက်မဟုတ် တစ် ယောက် အသက်ရှင်သွားမယ်။ နောက်ပြီး ကလီစာလည်း လှူချင်တယ်။ ဘသိပ ကိုလည်း စစ်ဆေးမှာသင်ကြားမှု အထောက်အကူဖြစ်အောင် လှူချင်တာပါ။ ပီတိလည်း တအားဖြစ်ပါတယ်။ မနှစ်ကမွေးနေ့ကဆိုရင် ဘာမှလည်းထွေ ထွေထူးထူးမလုပ်ဖြစ်တဲ့အချိန်မှာ အဲဒါကိုသွားလှူလိုက်တာ။ တစ်ညလုံးတောင် အိပ်မပျော်ဘူး။ မနက်ဖြန်ကျရင်သွားလှူရတော့မယ်ဆိုပြီး ကြိုပြီးပီတိနဲ့ ပျော် နေတာ။ အခုအချိန်ပြန်ပြီးတွေးလိုက်တိုင်းလည်း ကြည်နူးရပါတယ်။ အမှတ် တရလည်း ဖြစ်ပါတယ်။
ခိုင်နှင်းဝေ
ကိုယ့်ခန္ဓာအစိတ်အပိုင်းတွေကို လှူချင်ပါတယ်။ အခုပထမဆုံးအနေနဲ့တော့ အစ်မရဲ့ မွေးနေ့နဲ့ တိုက် သွားတော့ အစ်မရဲ့ မျက်ကြည်လွှာကို အရင်ဆုံးလှူလိုက် တယ်။ အမှန်တကယ်တော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကို လှူချင်တာ။ ဒါပေမဲ့ အိမ်က စောပါသေးတယ်လို့ ပြောထားတာနဲ့ မလှူဖြစ်သေးဘူးပေါ့နော်။ နောက်ပိုင်း အသက်ကြီး လာတဲ့အခါမှာတော့ လှူဒါန်းသွားမှာပါ။ ကိုယ်သေသွားပြီးလို့ရှိရင် ဒီခန္ဓာကိုယ်က ဘာမှ အသုံးဝင် တော့မှာ မဟုတ်ဘူးလေ။ အဲခါကျတော့ လိုတဲ့အခါမှာ သုံးလို့ရအောင် ဆိုပြီးတော့ စိတ်ထဲမှာတော့ လှူဒါန်းသွား ဖို့ ဆန္ဒရှိတယ်ပေါ့နော်။ အခုလိုလှူဒါန်းမှုတွေဟာ ငွေ ရေးကြေးရေးနဲ့ မဟုတ်ဘဲ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို လှူလိုက် တဲ့အတွက်ကြောင့်မိုလို့ ခန္ဓာကိုယ်လှူပြီးတော့ တခြားလူ တစ်ယောက်က အဆင်ပြေမယ် အစားထိုးလို့ ကုသလို့ ရတယ်ဆိုတာ အင်မတန်ကုသိုလ် ရတဲ့အလှူပါ။ မွန်မြတ် တဲ့ ကုသိုလ်ဖြစ်တယ်။ လှူနိုင်တဲ့သူတွေ လှူစေချင်တယ်။ တချို့ဆို အသည်းအစားထိုး၊ နှလုံးအစားထိုး၊ကျောက်ကပ် အစားထိုးတို့ကို အသက်ရှင်လျက်နဲ့ ခန္ဓာကိုယ်ကြီးက ခွဲစိတ်ပြီး လှူလိုက်တဲ့ သူတွေဆို တအားကိုဂုဏ်ယူပါတယ်။ တအားတော်တဲ့သူတွေဖြစ်တယ်။အဲဒီလူတွေကို ချီးကျူး ပါတယ်။ လေးလည်း လေးစားပါတယ်
ဂုဏ်ရည်အေးကျော်
ဂုဏ်ရည်က ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို မိသားစုနဲ့ မန္တလေးမှာကတည်းက လှူခဲ့တာပါ။ ၂ဝ၁ဝ ခုနှစ်ဝန်းကျင်လောက်ကတည်းကပါ။ miss မရခင် ကတည်းကပဲပေါ့။ ဂုဏ်ရည်တို့သေသွားပြီးရင် ခန္ဓာ ကိုယ်ကို မီးရှို့ရုံကလွဲပြီး အသုံးပြုလို့လည်း မရတော့ဘူး လေ။ ဒါကြောင့် လိုအပ်တဲ့နေရာတွေမှာ၊ အသုံးပြုလို့ရ အောင် မိသားစုလိုလှူဖြစ်ခဲ့တာပါ။ ဆေးပညာအတွက်ပဲ ဖြစ်ဖြစ်၊ လိုအပ်သူတွေ အတွက်ပဲဖြစ်ဖြစ် အကူအညီ ရတာပေါ့။ မျက်ကြည်လွှာလိုအပ်တဲ့ သူလည်း မျက်ကြည် လွှာ၊ ခန္ဓာကိုယ် အစိတ်အပိုင်းလိုအပ်ရင်လည်း ယူလို့ ရတာပေါ့။ ဂုဏ်ရည်ကတော့ ဒီလို လှူဒါန်းရတာမျိုးကို မကြောက်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်ကြီးကို သေဆုံးသွား တဲ့အခါ ဖက်တွယ်နေစရာလည်း မလိုတော့ဘူးလေ။ ထားခဲ့ရပြီ။ ဒါကြောင့်ဘာမှမဆိုင်တော့တဲ့ အရာဝတ္ထုလို မှတ်ယူပြီးအကျိုးရှိတဲ့ နေရာမှာ သုံးဖြစ်ရင် ကုသိုလ်ရတာ ပေါ့။ လိုအပ်တဲ့သူတွေအတွက် ရှေ့ဆက်မယ့်ဘဝမှာ မျက်လုံးအ လင်းရဖို့ပဲ ဖြစ်ဖြစ်၊ အသက်ဆက်ဖို့ပဲ ဖြစ်ဖြစ် အစားထိုးလို့ ရကြတာပေါ့။ မင်္ဂလာလည်း ရှိတာပေါ့။ ဂုဏ်ရည်အနေနဲ့ကတော့ တစ်ခုခုပြန်ရလိုစေဆိုပြီး လှူ ခဲ့တာမဟုတ်ပါဘူး။
ရွှေစင်
အမှန်က စင့်မွေးနေ့လေး မှာ ခန္ဓာကိုယ်နဲ့ မျက်ကြည်လွှာ လှူမလို့ လုပ်ထားတာ။ ဒါပေ မဲ့ မိသားစုနဲ့ တိုင်ပင်ကြည့်တဲ့ အခါမှာ ခွင့်မပြုတာနဲ့ မလှူ ဖြစ်ခဲ့ဘူး။ မလှူဖြစ်ဘူးဆိုပေ မယ့် စင်ဇွဲမလျှော့သေးဘူး။ ထပ်ကြိုးစားပြီး တိုင်ပင်ကြည့်ဦး မယ်။ အဓိကကတော့ လှူချင် လို့ပါ။ မျက်ကြည်လွှာလှူချင် တာက စင့်ရဲ့ တစ်ကိုယ်လုံးမှာ စင့်ရဲ့ မျက်လုံးကို အကြိုက် ဆုံးပဲ။ အဲဒါကြောင့်စင့်ရဲ့ မျက်ကြည်လွှာလေးကို လှူပေး ခဲ့ချင်တာပါ၊ ကိုယ်သေဆုံးတဲ့ အချိန်မှာ ကိုယ့်ရဲ့ခန္ဓာကိုယ် တွေ မျက်ကြည်လွှာတွေကို လှူ ပေးခဲ့ချင်တာပါ၊ အခုမလှူဖြစ် သေးခဲ့ရင်တောင်လှူနိုင်အောင် ကြိုးစားသွားမှာပါ။