သရုပ်အောင်ထွန်းအိန္ဒြာဗိုရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့ အောင်ဗိုကောင်းသန့်ကတော့ Golf ရိုက်တဲ့အားကစားကိုဝါသနာကြီးသူတစ်ယောက်ပါ။ အသက်၁၃နှစ်သာရှိသေးတဲ့ ကလေးတစ်ယောက်ဆိုပေမယ့် သွက်လက်ထက်မြက်မှုတွေနဲ့ Golf ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်နေပြီဖြစ်ပါတယ်။ မကြာသေးမီကလည်း 20th Myanmar Junior Golf Tour 2019(Jasmine Palace Cup) ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အကြောင်းကိုလည်း…
“သားဒီပြိုင်ပွဲမှာ နံပါတ်လေးလောက်က စပြိုင်တာပါ။သားပြိုင်လာတာက ၁၆ ကြိမ်လောက်တော့ရှိပါပြီ။ဒီပွဲမှာတော့ သားဆုမရခဲ့ပါဘူး။ဒါပေမယ့် တခြားပွဲတွေမှာတော့ သား ဆုအားလုံး ၁၀ ခုကျော်လောက်ရခဲ့ပါတယ်။ ပြီးတော့သားက ခုမှ ၁၃ နှစ်ပြည့်တာဆိုတော့ ၁၄နှစ်အောက်အဖွဲ့ထဲမှာ ပထမဆုံး ၀င်ရိုက်တာပါ။ ဂေါက်ရိုက်တာကတော့ ရှစ်နှစ်လောက်ကတည်းက ရိုက်တာပါ။ ၇နှစ်လောက်က အဖေက Golf ပြိုင်မလားမေးတော့ သားက ပြိုင်မယ်ပြောလိုက်တယ်။ သားရှစ်နှစ်လောက်ကတည်းက ဆရာတွေနဲ့ သေချာသင်ခဲ့ပါတယ်။” လို့ပြောပြခဲ့ပါတယ်။
အမေဖြစ်သူကအနုပညာရှင်တစ်ဦးဖြစ်တဲ့အတွက် အနုပညာရော ၀ါသနာပါလားလို့ ဆက်လက်မေးမြန်းခဲ့ရာ…
“သားက ခုတော့ Golf ရိုက်တာကိုဘဲဝါသနာပါတယ်။အမေက အနုပညာရှင်ဖြစ်ပေမယ့် သားကတော့ အမေ့လို ရုပ်ရှင်ရိုက်တာတွေလည်း သိပ်ပြီးမလုပ်ချင်ဘူး။ပြီးတော့အနုပညာလည်း ၀ါသနာမပါဘူး” လို့ပြောပြခဲ့ပါတယ်။
သူကတော့လက်ရှိ International School Yangon (ISY) မှာ ပညာသင်ကြားနေပါတယ်။
ဇော်ဝင်းအောင်