Tuesday, March 18, 2025

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄...

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း...

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင်...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း...
HomeArticlesအမေရိက ခရီးသွား အယ်လ်ဘမ်...

အမေရိက ခရီးသွား အယ်လ်ဘမ် အပိုင်း(၁)

drthant

ကမ္ဘာကြီးထဲမှာ ခေတ်မီတိုး တက်ဖွံ့ဖြိုးပြီး အင်အားအကြီးဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကို ကံတရား အထောက်အပံ့ကောင်းနဲ့ ပညာရေး ခရီးစဉ်လေ့လာရေးခရီးအဖြစ် ၂ဝ၁၆ခုနှစ်အတွင်းက စာရေးသူသွား ရောက်ဖြစ်ခဲ့ပါတယ်။ ဒီလိုပညာရေး ခရီးစဉ်လေ့လာရေးခရီးအနေနဲ့ အမေရိကန်ပြည်ထောင်စုဆီ သွား ရောက်ချိန်အတွင်းမှာ စာရေးသူ ကိုယ်တိုင်တွေ့မြင်ခဲ့ရသမျှ နယူးယောက်မြို့၊ လက်ဗီးဂတ်မြို့တို့ရဲ့မြို့ပြည်မြို့ပြအလှရှုခင်းများအပါ အဝင် အင်အားကြီးနိုင်ငံတစ်ခုရဲ့ လူမှု အဆောက်အဦအတွက် အခြေခံက အစပြုပြီးတော့ ပြည်သူ့ဝန် ဆောင်မှု ပေးပုံများနဲ့အားကျစရာ တုပစံထား ဖွယ်ရာ စီးပွားရေး၊ ပညာရေး၊ လူမှု ရေး၊ ဆက်သွယ်ရေးလုပ်ငန်းတို့ချိတ် ဆက်ဆောင်ရွက်ပုံများထဲက မြန်မာပြည်အတွက် မြို့ပြတည်ထောင်မှုနဲ့ မြို့ ပြလူမှုအဆောက်အဦတည် ဆောက်မှုအတွက် အထောက်အပံ့ ဖြစ်စေမယ့် အကြောင်းအရာများကို အမေရိကခရီးသွားအယ်လ်ဘမ် ခရီးသွားမှတ်တမ်းဆောင်းပါးအဖြစ် ခေါင်းစဉ်ငယ်များခွဲကာ ရေးသား တင်ပြလိုက်ရပါတယ်။

စမတ်မြို့ပြစတိုင်နဲ့ နယူးယောက်မြို့ မြင်ကွင်း

ကမ္ဘာတစ်ခုလုံးရဲ့ ငွေကြေးကို ထိန်းချုပ်ကစားတဲ့ Stock Exchange ကလည်းနယူးယောက်မြို့မှာပဲရှိလို့ နေပါတယ်။ နယူးယောက်ကလူစုံ သလိုဒုစရိုက်မှုတွေလည်းရှိတယ်။ အထူးသဖြင့် Mexican အမဲတွေက နယူးယောက်ကို နည်းမျိုးစုံနဲ့ရအောင်ခိုးဝင်အခြေချနေထိုင်ကြတယ်။ သူတို့ဆီမှာတစ် ပတ်အလုပ်လုပ်မှရတဲ့လစာဝင်ငွေဟာ အမေရိကန်မှာ တစ်နေ့တည်းလုပ်ရုံနဲ့သူတို့ ရနိုင်သလို အောက်ခြေသိမ်း အလုပ်တွေ မှန်သမျှသူတို့အကုန်လုပ်ကြတယ် လေ။ အိမ်သန့်ရှင်းရေးလား၊ ဆေးသုတ်လား၊ အိမ်ပြောင်းအိမ်ရွှေ့နဲ့ အစစသော သူများမလုပ်ချင်တာ သူတို့ကိုဈေးပေါပေါနဲ့ခိုင်းလို့ရတယ်။ သူတို့လည်း လုပ်ကြတယ်လေ။

သို့ပေမယ့်လူဦးရေထူထပ်လာကာ အခွန်တွေမဆောင်တာဒုစရိုက်မှုတွေ များလာလို့ခုနောက်တက်လာမယ့် သမ္မတလောင်းဒေါ်နယ်ထရန့်က တော့မက္ကစီကိုဘက်ကို မဟာတံတိုင်းကာပြီး မက္ကစီကိုတွေနှင်မယ်လို့ တော့ ကျိန်းဝါးနေပါတယ်။

နယူးယောက်ပြည်နယ်ရဲ့ အထင်ကရလည်ပတ်သင့်တဲ့ အကျော်အမော်နေရာတွေက နယူးရီးယားညမှာ တစ်ကမ္ဘာလုံးက စောင့်ကြည့်ရတဲ့ Time Square ,Central Park , Niagara Falls , Grand Central Terminal, Statue of Liberty တို့ဖြစ်ကာ ကမ္ဘာ့အကောင်းဆုံး ၃၅ ခုထဲပါတဲ့ တက္ကသိုလ်တွေ ဖြစ်တဲ့ Columbia University, New York University , Rockefeller University တို့ဟာလည်း ဒီနယူး ယောက်ပြည်နယ်ထဲမှာပါဝင်ပါတယ်။

နောက်ပြီးလူအချို့ကတော့ ထင်ပါလိမ့်မယ်။ နယူးယောက်ပြည်နယ်ရဲ့မြို့တော်သည်နယူးယောက် မြို့လို့ပါပဲ။ အမှန်ကနယူးယောက် ပြည်နယ်ရဲ့မြို့တော်က Albany ပါ။လူဦးရေက၂ဝ၁၃ခုနှစ် သန်းခေါင်စာရင်းအရ ၁၁၇ဝ၄၈၃ရှိကာနယူး ယောက် မြို့နဲ့မိုင်၁၅ဝအကွာမြောက် ဘက်အရပ်မှာရှိပြီးနယူးယောက်ပြည် နယ် အစိုးရရုံးစိုက်ပါတယ်။ နယူးယောက်မြို့မှာ နေထိုင် ကြသူတို့ရဲ့ လူနေမှုဘဝစတိုင်အနေ အထားကတော့ အစိုးရရုံးဝန်ထမ်းလို လူတန်း စားကသူ့သတ်မှတ်တဲ့ရုံးချိန် မနက်၈နာရီကနေညနေ၅နာရီထိ ရုံးတက်တဲ့လူရှိသလိုကျောင်း တစ်ဖက်နဲ့လာ နေနေတဲ့သူတွေက ကျောင်းချိန် ကျောင်းတက်ရင်း ကျန်တဲ့အချိန်တွေမှာအလုပ်လုပ်၊ စီးပွားရှာရသူတွေရှိပြန်ပါတယ်။ ထို့အတူ internship လို့ခေါ်တဲ့ အလုပ်သင်ဘဝ အချိန်တွေဆိုတဲ့ သဘောအရ အလုပ်တွေထဲမိမိနိုင်သလောက် Working Hours ယူရင်းလုပ်ငန်း အတွေ့အကြုံယူရတဲ့ အပိုင်းလည်းရှိပြန်ကာ၊ ထိုအပိုင်း လုပ်သူတွေကပိုက်ဆံအတွက်မဟုတ်၊ အလကား လုပ်ရကာလုပ်သက်ယူ ထားပြီးလုပ်ဆောင်ခဲ့တဲ့အလုပ်ရဲ့ အကြီးအကဲရဲ့ ထောက်ခံချက်တွေ အလုပ်ချိန်တွေက မိမိတစ်ကယ်လုပ်မယ့် အလုပ်ကြီးကြီး တွေအချိန်မှာ အလုပ်အလွယ်တကူရဖို့အာမခံချက်တွေရရှိနိုင်မှာပါ။

ကျွန်တော့်မိတ်ဆွေသူငယ်ချင်းခမျာဆိုရင် ကျောင်းကတစ်ဖက် အလုပ်က တစ်ဖက်လုပ်လိုက်ထို Intern လို့ ခေါ်တဲ့အတွေ့အကြုံအလုပ် service ကတစ်ဖက်နဲ့ ကျွန်တော့်ကိုလိုက်ပို့ ပေးနိုင်ဖို့ကို ကျွန်တော်မလာခင်တစ်လလိုကတည်းက ကြိုတင်အချိန် တွေညှိယူထားပြီးပြန်ခါနီး နောက်ဆုံးပတ်မှာ ခရီးရှည် ထွက်နိုင်ဖို့သူ့အလုပ်တွေ ကိုညှိယူထားရပါတယ်။ ဆိုလိုတာက အချိန်နဲ့အမျှတန်ဖိုးတစ်ခုတွေနဲ့ အတူမအားလပ်နေတဲ့ နိုင်ငံခြားမှာ နေတဲ့ ကိုယ့်မြန်မာလူမျိုးတို့ရဲ့ဘဝ တွေကိုတင်ပြခြင်းပါ။ ပိုက်ဆံက ကိုယ်ရှာနိုင်ရင်ရှာနိုင်သလိုရ ပေမယ့် ကိုယ့်ရဲ့လုပ်သက်အတွေ့အကြုံ၊ ပညာအရည်အချင်းတွေက ကိုယ့်ရဲ့ ဘဝဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ ကိုကိုယ်တိုင်ဖန်တီးရသလို အရာရာ ငွေရှာရမလွယ်ကူတဲ့ဘဝတွေကိုပြသနေတာပါ။

မိတ်ဆွေသူငယ်ချင်းတွေတချို့လာမတွေ့နိုင်၊ လာမကြိုနိုင်လို့ မိမိ အားခုလိုဆက်ဆံရကောင်းလားလို့ နိုင် ငံခြားနေမိတ်ဆွေများကိုစွပ်စွဲ ပြောဆိုလို့မရနိုင်ပါဘူး။ ကိုယ်ပိုင် အလုပ်လေးလုပ်လာနိုင်ပြီဆိုတာနဲ့ ကိုယ် ပိုင်အိမ်၊ ကိုယ်ပိုင်ကားစတာတွေကို Installment အရစ်ကျစနစ်နဲ့ ပေးနိုင်လို့ အိမ်ပိုင်ကားပိုင်တော့ဖြစ် လာနိုင်ကာအရစ်ကျဆပ်ရတဲ့စနစ် ဆိုတာနိုင်ငံခြားနေမြန်မာတွေရဲ့ ဘဝတွေပါ။ သို့ပေမယ့်ပိုက်ဆံကလည်း ရှာနိုင်ရင်ရနိုင်သလိုပေးရ တဲ့အခွန်အခတွေကလည်းဈေးကြီး ပေလို့ ရှာလိုက် အခွန်ခပေးလိုက်နဲ့ ကွက် တိအနေအထားနဲ့ တအားကြီး ပိုလျှံချမ်းသာအောင်ဆိုတာကတော့ သိပ်မလွယ်လှပါဘူး။

သို့ပေမယ့်ဒီလိုအခွန်အခတွေကမိမိအသက်ကြီးလို့အလုပ်မလုပ်နိုင်ပင်စင်ရရင်ဖြင့်မိမိပေးခဲ့တဲ့ အခွန်တွေကမိမိအလုပ်မရှိတော့ ချိန်လခအနေနဲ့ပြန်လည်ရရှိလာခြင်း၊ ထိုအချိန်အိမ်ပိုင်ကားပိုင်ဘဝနဲ့ အတူကျန်း မာရေးပရီမီယမ်အခွန်တွေဆောင်ခဲ့ရလို့ နောက်ဆုံးခရီးတစ်ခု ကို ညင် သာစွာနဲ့အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။ ငယ်ဘဝသန်မာချိန်ကာ လမှာ ကြိုးစားရုန်းကန်ခဲ့ကြကာ ဘဝအချိန်တွေကို အေးချမ်းတည်ငြိမ် ကြ ဖို့လုပ်ဆောင်နေတဲ့စနစ်တွေရဲ့ ကောင်းခြင်းသာဓကပါ။ နယူး ယောက်မှာ အခြေခံလုပ်သားတစ်ဦးတစ်နာရီလုပ်ခက ဒေါ်လာ ၈.၇၅ ဖြစ်ကာများသောအားဖြင့် ထိုလုပ်အားခဟာ Tip Money မရသော အခြေခံအလုပ်သမား အတွက်ဖြစ်ကာ Tip Moneyရတဲ့သူတွေက ဒေါ်လာ ၅ ဒေါ်လာရကြပါတယ်။ ကြုံလို့ စားသောက်ဆိုင်တွေ အကြောင်းတင်ပြချင်မိပါတယ်။ နယူးယောက် မြို့ပေါ်ကစားသောက် ဆိုင်တိုင်းကို New York City, Department of Health ကခြောက်လတစ်ကြိမ်, ဘယ်နေ့စစ်မယ်ဘယ်ချိန်လာစစ်မယ်မပြောဘဲ ရုတ်တရက်စစ်ဆေးပြီး Grade A , B , C ရယ် Grade Pending ဆိုပြီး အဆင့်တွေပေးကာ ဆိုင်တိုင်းရဲ့မြင် သာတဲ့နေရာတွေမှာ ချိတ်ဆွဲကြရပါတယ်။ ဒါမှလည်းစားသုံးသူကကိုယ် စားတဲ့ဆိုင်ရဲ့သန့်ရှင်းမှုစိတ်ချမှု အဆင့်ပေါ်လွတ်လပ်စွာရွေးချယ်နိုင်ပါတယ်။ သို့သော်လမ်းမပေါ်များမှာ တွန်းလှည်းနဲ့ ရောင်းတဲ့ဆိုင်များက တော့မလိုပါဘူး ။ဗဟုသုတရဖွယ်တစ် ခုအဖြစ်သော်လည်းကောင်း ကိုယ့် နိုင်ငံမှာလိုက်နာကျင့်သုံးနိုင်တဲ့ အချက်တစ်ခုအနေဖြင့် မျှဝေဖော်ပြ လိုက်ပါတယ်။

ဆက်လက်ဖော်ပြပါမည်
ဒေါက်တာ သန့်ဇော်လွင်
(Environmental Health)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071