မန္တလေးသိန်းဇော်နဲ့ ဦးနန်းဝင်းတို့က အမေရိကန်နိုင်ငံကို မတ်လ (သို့မဟုတ်) ဧပြီလထဲမှာသွား ရောက်ကြမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ကို ဖေဖေါ်ဝါရီလထဲမှာ သွားရောက်ဖို့စီစဉ်ထားခဲ့ပေမယ့် နှစ်ဦး စလုံးက အလုပ်တွေမအားကြတဲ့အတွက် မတ်လနဲ့ ဧပြီလထဲကို ရွှေ့ဆိုင်းလိုက်တာပဲ ဖြစ်ပါတယ်။ အမေရိကခရီးက နှစ်လခွဲလောက်ကြာမြင့်မှာဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာလူမျိုးများကို မြန်မာ့ဇာတ်သဘင်နဲ့ ပတ်သက်လို့ သွားရောက်သင်ကြား ပြသပေးရမှာဖြစ်ပါတယ်။
” အမေရိကကတော့ မြို့အနှံ့နီးပါးလောက် သွားရောက်ရမယ်။ ဒီခရီးစဉ်က ဖျော်ဖြေရုံ၊ သီချင်းဆိုရုံလေးတင် မဟုတ်တော့ဘူး။ နှစ်ပါးသွားတွေ၊ ပြဇာတ်ကြီးတွေ အော်ပရာတွေကို ကပြကြ မယ်။ ပြီးတော့ အမေရိကရောက်မြန်မာတွေကိုလည်းသင်မယ်” လို့ သဘင်မင်းသားကြီးဦးနန်းဝင်းကပြောပြပါတယ်။ မန္တလေးသိန်းဇော်နဲ့ ဦးနန်းဝင်းတို့က သဘင်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌနဲ့ အတွင်း ရေးမှူးဖြစ်ပြီး ဒီခရီးစဉ်က သဘင်ဖောင်ဒေးရှင်း အနေနဲ့ ဖိတ်တာမျိုးမဟုတ်ဘဲ တစ်သီးပုဂ္ဂလ အနေနဲ့ ဖိတ်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ သဘင်ဖောင်ဒေးရှင်း အနေနဲ့ကတော့ ဇန်နဝါရီလ ၂၂ရက်နေ့မှာ သဘင်ဆိုင်ရာ ဟောပြောပွဲတစ်ခုကို ဖောင်ဒေးရှင်းရုံးခန်း တည်ရှိရာ ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ၊ ချင်းချောင်းအနုပညာကျောင်းဝင်းအတွင်း ပြုလုပ်မှာ ဖြစ်ပါတယ်။
ဒီဟောပြောပွဲမှာတော့ စည်သူဘဘဗိုလ်ကလေးတင့်အောင်က သဘင်နဲ့ ပတ်သက်လို့ သိမှတ်ဖွယ်ရာများကို ဟောပြောပေးသွားမှာဖြစ်ပြီး စိတ်ဝင်စားသူမည်သူမဆို လာရောက်နားထောင်လို့ ရကြောင်းလည်းသိရပါတယ်။ သဘင်ဖောင်ဒေးရှင်းအနေနဲ့ သဘင်ဆိုင်ရာဟောပြောပွဲများကို တစ်လတစ်ကြိမ် ပြုလုပ်သွား မှာဖြစ်ကြောင်းလည်း သဘင်ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးနန်းဝင်းကပြောပါတယ်။
လင်းအက္ခရာ