Friday, February 13, 2026

အကယ်ဒမီဆုရရုပ်ရှင်ဇာတ်ကားများပြန်လည် ပြသမည်

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၇) ရက် ညပိုင်းက နေပြည်တော်၊ MICC 1 တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု...

“Walk for Peace” သံဃာတော်များအား...

မြို့တော်ဝါရှင်တန်ဒီစီရှိ St. Mark's Capitol Hill ခရစ် ယာန်ဘုရားကျောင်း၌ နေ့ဆွမ်းဘုဉ်းပေးရန်ခေတ္တရပ် နားသည့် ငြိမ်းချမ်းရေးလမ်းလျှောက်ခရီး(Walk for Peace)သံဃာတော်များအား အမေရိကန်နိုင်ငံဆိုင်ရာ...

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက်...
HomeCelebrities' Newsအဖေ့ဆီကအားကျခဲ့ရတာကတော့ ယုံကြည်မှုနဲ့ ဇွဲသတ္တိပါပဲ...

အဖေ့ဆီကအားကျခဲ့ရတာကတော့ ယုံကြည်မှုနဲ့ ဇွဲသတ္တိပါပဲ လူမင်း

သရုပ်ဆောင် လူမင်းရဲ့ ဖခင်ဖြစ်သူ ဦးသန်းလှိုင် (မြန်အောင်)က နိုဝင်ဘာလ ၁၈ရက်နေ့က ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ဖခင်ဖြစ်သူ ကွယ်လွန်သွားခြင်းနဲ့ ပတ် သက်လို့ သားဖြစ်သူတစ်ဦး အနေနဲ့ များစွာကြေကွဲ ပူဆွေး ခဲ့ရပြီး အခုလို လူမင်း ရယ်လို့ ဖြစ်လာဖို့အတွက် အဖေက မားမားမတ်မတ်ရပ်တည်ပေးခဲ့သူပါလို့ လူမင်းက ဆိုပါတယ်။

” ကိုယ့်အဖေက ကိုယ့်ကို လူမင်းရယ်လို့ ဖြစ်လာအောင် မားမားမတ်မတ် ရပ်တည်တွန်းပို့ပေး ခဲ့တယ်။ သူသာ မရှိရင်ကိုယ်က ဒီ နေ့ ဒီအချိန်မှာ လူမင်းဆိုတာ မဖြစ်လာနိုင်ဘူး။ အဲဒီလောက် အထိတောင် အဖေရဲ့ပံ့ပိုးမှုက ကြီးမားခဲ့ တယ်။ တကယ်ဆိုရင် အဖေက အခု ၈၆ နှစ်ဆို တာဟာ အရိုးပေါ် အရည်တင် အဘိုးကြီး တစ်ယောက်ပါ။ ဒါပေမဲ့ အဲဒီအဘိုးကြီး မရှိ တော့ တဲ့အချိန်ဟာ ကောင်းကင်ကြီးတစ်ခုလစ်ဟာသွားသလိုပဲ ခံစားရပါတယ်။ ကိုယ်တွေ့ဆိုရင် ကိုယ်ကိုယ်တိုင်လည်း နောင်တရတယ်။ အလုပ်တွေကများတော့ အဖေ့ဆီကို ခဏခဏမသွားနိုင်ခဲ့ဘူး။ ဒီလို အချိန်မှာ လူကြီး မိဘတွေက သားသမီးတွေကို တွေ့ချင်တယ်။ စကားတွေ ပြောချင်တယ်။ ပျော် နေတဲ့ ရက်တွေ အချိန်တွေမှာ ကိုယ့်ဘက်က အချိန် အများ ကြီးပေးပြီး မသွားဖြစ်ခဲ့ဘူး။

ဒါကြောင့် အစ်ကို ပြောချင်တာက မိဘကို မသေခင်ကျွေးပါ။ မွေးပါ။ ဂရုစိုက်ပါ။  သေပြီးမှ နောင်တမရကြ ပါနဲ့လို့ အစ်ကို ပြောချင်ပါတယ်” လို့ ပြောပြ ပါတယ်။ ဖခင်ဖြစ်သူဆီက ရရှိခဲ့တဲ့ ပညာတွေက လူမင်းရဲ့ ဘဝတစ် ယောက်မှာ ကောင်းမွန်စွာ ရပ်တည်နိုင်ဖို့ အင်အားတွေ ဖြစ်စေခဲ့တဲ့အပြင် ဖခင်ဆီက သင်ယူခဲ့တဲ့ အရာတွေကို လည်း သားဖြစ်သူကိုပြန်လည် လက်ဆင့်ကမ်း သင်ကြားပေးသွားမယ် လို့ ဆိုပါတယ်။ “အဖေ့ဆီကအားကျခဲ့ ရတာကတော့ ယုံကြည်မှုနဲ့ ဇွဲသတ္တိ ပါပဲ။ အစ် ကို မင်းသားဖြစ်ဖို့ စလုပ်ချိန်မှာ ဘွဲ့ ရပြီးခါစ ၂၄ နှစ်အရွယ် ပဲရှိသေးတယ်။ ဒီအရွယ်ယောက်ျားလေးတစ် ယောက်က အခုအောင်မြင်တဲ့ မင်းသားတစ်ယောက် ဖြစ်ဖို့ ဆိုတာ ယုံကြည်ချက် မရှိခဲ့ဘူး။ အဖေရှိလို့ အဖေက မဖြစ်ဖြစ် အောင် လုပ်မယ်ဆိုပြီး ၇ခုနှစ်နှစ်လောက်က ဘာဆိုဘာ မှ မဖြစ်ဘူးလေ။ အဲဒီအတွက် ယုံကြည်ချက်က ခိုင်ခိုင်မာမာ မရှိရ တဲ့ အထဲ အဖေသာ ဒီလိုမျိုး ကျားကန်မပေးထားဘူးဆိုရင် အပြင်အလုပ်ကို ပြောင်းသွားခဲ့မှာပါပဲ။ ဒီလိုယုံကြည်ချက် တစ်ခုကို အောင်မြင်တဲ့ အထိ ခိုင်ခိုင်မာမာ ထားရှိနိုင်ခဲ့တဲ့ စိတ် ဓာတ်မျိုးတွေ သူ့ဆီက ရခဲ့တယ်။ ဒါကြောင့် ကိုယ့်သားကိုလည်း ယောက်ျားပီသတဲ့ စိတ်ဓာတ်မျိုးတွေ၊ အောင်မြင်မှုကို ရယူဖို့ အတွက် ဆုံးရှုံးမှုကို ကြံ့ကြံ့ခံနိုင်တဲ့စိတ် ဓာတ်မျိုးတွေ သားလေး အတွက်လည်း ဆက်ပြီး လက်ဆင့်ကမ်းသွားမှာပါ” လို့ လူမင်းက ပြောပြပါတယ်။

မြတ်မိုးပွင့်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071