ပန်းနုပျိုမေက အခုနှစ်တက္က သိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ပါတယ်။ ထူးခြားတိုက်ဆိုင်မှုကတော့ သမီးဖြစ်သူကလည်း သင်္ချာဘာသာရပ်ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ သလို ဖခင်ဖြစ်သူဟာသသရုပ်ဆောင်အရိုင်းကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ သင်္ချာဘာသာရပ်ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့မှု ထပ်တူကျနေခြင်းပါပဲ။ သူဟာ အခုအချိန်မှာတော့ နိုင်ငံခြားဘာသာတက္ကသိုလ်တက်ရောက်သင်ကြားဖို့ လျှောက်ထားတယ်လို့ သိရပါတယ်။
သူ့အတွက်တော့ ဖခင်ဖြစ်သူက အနုပညာအတွက်ရော၊ ဘဝအ တွက်ရော စံပြပုဂ္ဂိုလ်တစ်ဦးပဲဖြစ်ပါတယ်။
”ကြိုးစားရုန်းကန်ခဲ့ရတာတွေလည်း ဖေဖေကအမြဲပြောပြပါတယ်။ သမီးအနေနဲ့ အဖေ့စကားကို အမြဲတမ်းနား ထောင်ပြီးတော့ အမြဲတမ်းအတုယူလေးစားနေရပါတယ်။ အဖေကအနုပညာ အလုပ်လုပ်ရင်လည်း ခွင့်ပြုပေးပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ရိုက်တာပဲဖြစ်ဖြစ်၊ ပွဲတစ်ခုခုတက်ရမှာပဲဖြစ်ဖြစ် အမြဲတမ်းအကြံပေးပါတယ်”လို့ ဖခင်ရဲ့ ပံ့ပိုးပေး မှုအပိုင်းကို ပန်းနုပျိုမေကပီတိဖြစ်စွာပြောပြပါတယ်။
ပန်းနုပျိုမေက ဖခင်ဖြစ်သူနဲ့လည်း ဇာတ်ကားတွေ ရိုက်ကူးချင်နေသူပါ။ ဒါပေမဲ့လည်း သူ့အနေနဲ့အဖေနဲ့ဇာတ်ကားအတူရိုက်ကူးတဲ့အခါ အဖေ့ကိုရှိန်နေမှာမျိုးတော့ ဖြစ်မှာပဲလို့ ဆိုလာပါတယ်။
”အနုပညာအလုပ်လုပ်တဲ့အခါမှာ ဖေဖေနဲ့တစ်ခါမှမဆုံဖြစ်ဘူး။ သမီးရိုက်ရင် ဖေဖေကမပါတတ်ဘူး။ တစ်ခါလောက်တော့ဆုံကြည့်ချင်တယ်။ ဘယ်လိုများနေမလဲ ပေါ့လေ(ရယ်လျက်)။ ဖေဖေနဲ့သရုပ်ဆောင်ရမှာကတော့ Big Challenge ပေါ့”လို့ ဖခင်ဖြစ်သူနဲ့ အတူတူ အနုပညာအလုပ်တွေ လုပ်ဆောင်ချင်ကြောင်းကို ပြောပါတယ်။
လင်းအက္ခရာ