အလှမယ်တစ်ဦး ဖြစ်သလို အဆိုတော်တစ်ဦးလည်း ဖြစ်တဲ့ ဝိုင်း လေး ကတော့ သူမရဲ့ ပထမဆုံး တေးစီးရီးဖြစ်တဲ့ “လမ်းခွဲရင် ကောင်းမယ်” တေးစီးရီးလည်း ထွက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ သူမက တော့ အခုလတ်လောမှာ ဒုတိယ မြောက် တစ်ကိုယ်တော်အခွေထွက်ဖြစ်ဖို့လည်း စီစဉ်နေပါတယ်။ သူမရဲ့ ဒုတယိမြောက် တစ်ကိုယ်တော်တေး စီးရီးနဲ့ ပတ်သက်ပြီး …
“ဒုတိယမြောက် တေးစီးရီး လုပ်နေပါတယ်။ သီချင်းကအား လုံးပေါင်း ၅ ပုဒ် ပြီးသွားပါပြီ။ ဝိုင်းလေး ငါပုဒ်လုံးကိုလည်း အရမ်း သဘောကျပါတယ်။ သီချင်းတွေ အားလုံးတော့ အသစ်တွေပါ။ ဖန်း တီးမှုအားဖြင့်တော့ သီချင်းဆိုတဲ့ နေရာမှာ ကိုယ်ဆိုနေကျ ပုံစံထက် ပြောင်းလဲပြီး ဆိုထားတယ်။ ဘာဖြစ် လိုလဲဆိုတော့ ပထမအခွေ မှာလည်း ဒီလိုပုံစံ ဆိုထားတယ်။ ဒုတိယအခွေ မှာလည်း ဒီလိုပုံစံ ဆိုထားတယ်ဆို ရင် ပရိသတ်တွေက သီချင်းသာ ပြောင်းသွားတယ် ဝိုင်းလေး ရဲ့အသံ ပိုင်းကို သိမှာမဟုတ်ပါဘူး။ ကိုယ့် ကိုယ်ကိုယ်လည်း တိုးတက်လာ အောင် ကြိုးစားပြီးတာ့ ဒုတိယ အခွေမှာ ပထမအခွေထက်ပိုကောင်း အောင် ဆိုထားပါတယ်။ နောက် တစ်ခုက ဒီဒုတိယ အခွေမှာ သီချင်း တွေက အဆွေးသီချင်းနည်းသွားမယ်။ အချစ်နဲ့ ပတ်သတ်ပြီး ပျော်ရွင်စရာ ကောင်းတဲ့ ခံစားချက်တွေပါတဲ့ သီချင်းတွေ ပါဝင်ပါတယ်။ သီချင်း အားလုံး ၁၁ ပုဒ်လောက် ထည့်ဖို့စဉ်း စားထားပါတယ်။ Audio အနေနဲ့ အရင်ထွက်မှာပါ။
Music Producer အနေနဲ့ ကိုကျားပေါက် က လုပ်ပေးထားပါတယ်။ ဒီဇင်ဘာလ လောက်တော့ထွက်ဖြစ်ဖို့ ကြိုးစား နေပါတယ်” လို့ ပြောပါတယ်။ အလှမယ် တစ်ဦလည်း ဖြစ်တဲ့ သူမကို နောက်ပိုင်းမှာ သရုပ်ဆောင် ဘက်ကို သွားဖြစ်မလားလို့ မေးမြန်းခဲ့ရာ ..
“သရုပ်ဆောင် ပိုင်းကိုတော့ ဝိုင်းလေး Music MTV လောက်ပဲလုပ် သွားဖို့ ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မင်းသမီး တစ်ယောက်ဖြစ်ဖို့ ဆိုတာ အရမ်းခက်ခဲပါတယ်။ ရုပ် ပိုင်းဆိုင်ရာ အပြင်အဆင်က အစ အများကြီး လိုအပ်ပါတယ်။ အဲဒါ ကြောင့် ဝိုင်းလေး အခုချိန်မှာ မင်းသမီး တစ်ယောက် ဖြစ်လောက်တဲ့အထိ အဲဒီလို အရည်အချင်းတွေ မရှိသေး ဘူး လို့ထင်တယ်။ အဆိုပိုင်းကို အားထည့်ပြီးတော့ ပရိသတ်တွေ ရင်ထဲအောင် ကြိုးစား နေဆဲပါ” လို့ လို့ပြောခဲပါတယ်။
ဇော်ဝင်းအောင်