Monday, December 8, 2025

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး...

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ...

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန်...

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က...

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...
HomeMusicအကောင်းဆုံး တေးများစီးရီးမှာ သီချင်းတွေကို...

အကောင်းဆုံး တေးများစီးရီးမှာ သီချင်းတွေကို ပုံစံသစ်နဲ့ ပြန်ဆိုထားတဲ့ လှိုင်ဦးမော်

hlai

စီစဉ်နေတာ ကြာပြီဖြစ်တဲ့ လှိုင်ဦးမော်ရဲ့ အကောင်းဆုံးတေးများ စီးရီးကိုအခု ပွင့်လင်းရာသီ သီတင်းကျွတ်၊ တန်ဆောင်တိုင်မှာ ထွက်ရှိလာတော့မယ်လို့ သိရပါ တယ်။ ဒီစီးရီးမှာတော့လှိုင်ဦးမော်ရဲ့ ထွက်ရှိပြီးခဲ့တဲ့ စီးရီးခွေ ၃ခွေထဲက လက်ရွေးစင်အဖြစ် ပြန်ရွေးထားတဲ့ သီချင်း ၁၂ပုဒ်ပါဝင်မှာဖြစ်ပြီး လှိုင်ဦးမော် ပရိသတ်တွေ အကြိုက်တွေ့ဦးမယ့်စီးရီးတစ်ခွေဖြစ်ပါတယ်။ စီးရီးသစ်မထွက်သေးဘဲ အကောင်းဆုံးတေးများအဖြစ် ထွက်ရှိဖြစ်ပုံကို လှိုင်ဦးမော်က…

“ကျွန်တော်ဒီအခွေလေးက အမှတ်တရအနေနဲ့တည်ထားတာ ၄နှစ် လောက်ရှိပြီ။ စီးရီးသစ်လည်း လုပ်နေတာရှိတယ်။ ဒါပေမဲ့ ဒါလေးကလည်း တည်ပြီးသားဖြစ်တယ်။ပြီးတော့ ဒီကြားထဲမှာ ကျွန်တော့်ကို မေ့နေနိုင်မယ့် ပရိသတ်တွေလည်း ရှိတာကြောင့် ဒီအကောင်းဆုံးတေးများစီးရီးခွေနဲ့ အရင်ပြန်ပြီး မိတ်ဆက်တဲ့သဘောပါ။ သီချင်း ၁၂ ပုဒ် ပါပါတယ်”လို့ လှိုင်ဦးမော်က ပြောပါ တယ်။ လှိုင်ဦးမော်ရဲ့ ဒီလက်ရွေးစင်စီးရီးမှာတော့ ရင်ခုန်နေတုန်းပဲ၊ ‘လွန်ပါစေ အလွမ်းညတွေ’စတဲ့ နာမည်ကျော် သီချင်းတွေ အပြင် သူ့ရဲ့နာမည်ကြီးသီချင်းများနဲ့အတူ သူကျောင်းသားဘဝကဆိုခဲ့တဲ့ သီချင်းတွေလည်း အမှတ်တရပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

“သီချင်းတွေကတော့ ပရိသတ် ကြိုက်ခဲ့တဲ့ သီချင်းတွေများပါတယ်။ အဲဒါကို အရင်ပုံစံအတိုင်းမဟုတ်ဘဲ အားလုံးကို Version တစ်မျိုးနဲ့ ပြန်ဆိုထားတယ်။ တအားကြီးပြောင်းတာတော့မဟုတ်ဘူးပေါ့။ ပြောင်းလို့ရတာလေးတွေကို ပုံစံတစ်မျိုးနဲ့ ပြန်ဆိုထား တယ်။ ပရိသတ်နားမထောင်ရသေးတဲ့ အသစ်အနေနဲ့ဆိုရင် ကျွန်တော်တို့ ကျောင်းအခွေ မှာတုန်းကပါခဲ့တဲ့ သီချင်းတွေ အခုပါမယ်။ အဲဒါကတော့ ပရိသတ်တော်တော်များများ နားမထောင်ရ လောက် သေးဘူးထင်တယ်။ ကျန်တာတွေကလည်း ပုံစံအသစ်တစ်မျိုးနဲ့ နားထောင်ရမှာပါ”လို့  လှိုင်ဦးမော်က ပြောပြခဲ့ပြီး အခုအချိန်မှတော့ Mixing ဆွဲတဲ့ အဆင့်ကို ရောက်ရှိနေပြီလို့  သိရပါတယ်။

ရဲရဲ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071