Friday, February 13, 2026

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက်...

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ...

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ်...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway က ခရီးသွားများကို မေတ္တာရပ်ခံခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ ၁၂...
HomeCelebrities' Newsအကောင့်ဟက်ခ် ငွေညစ်ခြင်းကိုခံခဲ့ရတဲ့ သရုပ်ဆောင်...

အကောင့်ဟက်ခ် ငွေညစ်ခြင်းကိုခံခဲ့ရတဲ့ သရုပ်ဆောင် ပန်းသော်တာ

ဒီနေ့ခေတ်မှာတော့ လူမှုကွန်ရက်ကို တစ်စတစ်စ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြသလို အသုံးပြုသူ တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အကောင့်တွေလည်း Hack ခံတာမျိုး၊ ငွေညစ်တဲ့ပြဿနာတွေလည်း ကြုံတွေ့လာကြရပါတယ်။ အထူးသဖြင့်တော့ အနုပညာရှင်များရဲ့ Facebook Account တွေ အများဆုံးဟက်ခ်ခံရပြီး သတင်းအချက်အလက်များ လည်း ပေါက်ကြားတဲ့အထိဖြစ်ပေါ်နေပါတယ်။ အကောင့်ဟက်ခ်ခံရသူ အနုပညာရှင်များထဲမှာတော့ တက် သစ်စသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ပန်းသော်တာလည်းပါဝင်နေပါတယ်။ ပန်းသော်တာကိုယ်တိုင်ကြုံ တွေ့ခဲ့ရတဲ့ အကောင့်ဟက်ခ် ငွေညစ်ခြင်းဖြစ်ခဲ့ရပုံကတော့ …

“ပန်းရဲ့အသိမောင်လေးတွေက ပြန်ပြီးရအောင်လုပ် ပေးနေကြတယ်။ ပန်းကိုယ်တိုင်ကG-mailလည်း မမှတ်မိဘူးဖြစ် နေတယ်။ ဒါကြောင့်လည်း သိပ်ပြီးအဆင်မပြေဘူး။ ဟက်ခ်တဲ့ လူတွေကလည်း လက်ရှိပန်းရဲ့အကောင့်ကို သုံးနေကြတယ်။ Status တွေလည်းတင်ပါတယ်။ သူတို့သုံးနေတာကို ကိုယ့်အကောင့်ထဲက သူငယ်ချင်းတွေက ကိုယ်သုံး တယ်လို့ပဲထင်နေကြတယ်။

Cover Photo ကို လည်း ပန်းပုံနဲ့ပဲထပ်ချိန်းထားတာဆိုတော့ ပန်း သုံးနေတယ်ပဲထင်ကြတာပေါ့။ ပန်းပြောချင် တာကတော့ ကိုယ်သူတို့ကိုစေတနာထား သလိုသူတို့ဘက်ကလည်း ကိုယ့်အပေါ် မှာ စေတနာထားတယ်ဆိုရင်တော့ အကောင့်ကိုပြန်ပေးစေချင် ပါ တယ်။ ကိုယ့်ဆီမှာ တခြားဘာ အကြောင်းအရာမှတော့မရှိ ဘူး။ သုံးနေတာကြာပြီ ဖြစ်တဲ့ အကောင့်လည်း ဖြစ်တယ်။ အနုပညာ အ သိုင်းအဝိုင်းက ကိုယ့်ရဲ့ စီနီ ယာတွေ၊ သူငယ်ချင်းတွေနဲ့ ပန်းသော်တာ အလုပ်ကိစ္စဆက်သွယ်တာ တွေရှိတဲ့အတွက် ဒီအကောင့်လေးကိုတော့ ပြန်လိုချင်တယ်။ တကယ်လို့ အကောင့်ပြန် ရရင်တော့ အရင်ဆုံးLive လွှင့်ပြီးကြေညာပေး မယ်။ သို့ပေမယ့်အကောင့်ကို ပြန်မပေးဘူး ဆိုရင်လည်းရပါတယ်။ ပန်းရဲ့အကောင့်ကို သုံးရတာပျော်တယ်ဆိုရင်လည်းလုပ်ပါ။ ပန်းက တော့ နောက်ထပ်အကောင့် အသစ်တစ်ခုနဲ့ချက် ချင်း Facebook ပြန်သုံးဖို့တော့ မဖြစ်နိုင်ဘူး။ အချိန်အတိုင်းအတာတစ်ခုလောက်အထိတော့ ကြမယ်လို့ ထင်ပါတယ်”လို့ ပန်းသော်တာက ပြောပြပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071