အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် ASEAN U-16 Women’s Championship 2025 ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ယူ-၁၆အမျိုးသမီးအသင်းမှာအုပ်စုအဖွင့်ပွဲစဉ်တွင် ကမ္ဘောဒီးယားအသင်းကို ၄ ဂိုးပြတ်ဖြင့် အုပ်စုအဖွင့်လှခဲ့ပြီဖြစ်သည်။
ယနေ့ ပွဲချိန်ပထမပိုင်းတွင် ဦးဆောင်ဂိုးကို ကျောနံပါတ်(၆) အသင်းခေါင်းဆောင် ပင်မြင့်ယံက ပွဲချိန်(၂၆)မိနစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး၊ ဒုတိယပိုင်းပွဲချိန်(၅၅)မိနစ်တွင်လည်း ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့သည်။
တဖန် ဒုတိယပိုင်း ပွဲချိန်(၅၈)မိနစ်တွင် ကျောနံပါတ် (၁၆)အယ်လ်ဆိုင်းထွယ်နန်းက (၁)ဂိုး၊ ပွဲချိန် (၉၀)မိနစ်တွင် ကျောနံပါတ်(၁၀) ရှင်းသန့်ဖြူစင်ပြုံးက နောက်ကျဂိုး(၁)ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်ကာ ကမ္ဘောဒီးယားအသင်းကစားသမား Thida Rith က ပွဲချိန်(၆၃) မိနစ်တွင်ချေပဂိုး(၁)သွင်းယူခဲ့ခြင်းဖြစ်သည်။
မြန်မာလက်ရွေးစင်ယူ-၁၆ အမျိုးသမီးအသင်းသည် ဩဂုတ်(၂၅) ရက်မြန်မာစံတော်ချိန် ည (၇)နာရီတွင် ဗီယက်နမ်အသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အနိုင်ရရှိပါက ဆီမီးဖိုင်နယ်ကို တက်ရောက်သွားမည်ဖြစ်သည်။
ပြိုင်ပွဲကို အုပ်စု (၃)စု ခွဲထားပြီး အုပ်စုပထမ(၃)သင်းနှင့် အကောင်းဆုံးအုပ်စု ဒုတိယ(၁)သင်းတို့ ဆီမီးဖိုင်နယ်သို့ တက်ရောက်မည်ဖြစ်သည်။
