ပြည်သူများ၏ ဓါတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်နေ
လျှပ်စစ်သုံးစွဲသူပြည်သူများ အဆင်ပြေစေရန်အတွက် အုပ်စုများခွဲ၍ အချိန်အပိုင်းအခြားအလိုက် ခွဲဝေဖြန့်ဖြူးပေးလျက်ရှိရာ တိုင်းဒေသကြီးအတွင်း ပြည်သူများ၏ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောသည်။
ယမန်နေ့က ကျင်းပသည့် မန္တလေးလျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်း၏ လုပ်ငန်းညိနှိုင်းအစည်းတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နှစ်စဉ်တိုးတက်သုံးစွဲလျက်ရှိသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတော်က နည်းမျိုးစုံကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း ဦးမျိုးအောင်က ပြောသည်။
မန္တလေးတိုင်းအတွက် ဆည်တော်ကြီးရေလှောင်တမံရှိ ရေအားလျှပ်စစ်စက်ရုံအား ပုံမှန်အတိုင်း စွမ်းအားပြည့် လည်ပတ်နိုင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။
