(Unicode)
အီတလီတွင် ကာကွယ်ဆေးမထိုးရသေးသောသူများကို စားသောက်ဆိုင်များတွင် တားမြစ်
အီတလီတွင် ကာကွယ်ဆေးမထိုးရသေးသောသူများကို စားသောက်ဆိုင်များသို့ ဝင်ရောက်ခွင့် တားမြစ်ထားသည်။
အီတလီအစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးရန်ကြိုးပမ်းမှုတွင် အပန်းဖြေနေရာအ ချို့တွင် ကာကွယ်ဆေးမထိုးရသေးသူများကို
ဝင်ရောက်ခွင့် တားမြစ်ဖို့ ဆုံးဖြတ်ခဲ့သည်။
ဒီဇင်ဘာ ၆ရက်မှစပြီး စားသောက်ဆိုင်တွေ၊ရုပ်ရှင်ရုံတွေ၊အားကစားပွဲတွေကို လာရောက်လည်ပတ်သူတွေဟာ ကာကွယ်ဆေးထိုးထားပြီးသူ(သို့)ရောဂါကူးစက်ခံရပြီး ပြန်လည်ကော င်းမွန်လာသူတွေဖြစ်ရမည်ဟု အစိုးရက ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်ခဲ့သည်။
သို့သော် ယခုချိန်ထိကာကွယ်ဆေးမထိုးရသေးသူတွေဟာ အထက်ပါနေရာတွေကို ကိုဗစ်၁၉ အစစ်ဆေးခံကာ Negative အဖြေဖြင့် ဝင်ရောက်နေခဲ့ပါသည်။
အစိုးရဟာ ကာကွယ်ဆေးတွေကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆရာ၊ဆရာမတွေအပြင် ရဲအရာရှိတွေနဲ့ စစ်သားတွေကိုပါ တိုးချဲ့ထိုးနှံပေးသွားမယ်လို့ ဆိုထားပါသည်။
လက်ရှိမှာ ထပ်ဆောင်းကာကွယ်ဆေးတွေကို အသက်၄၀နှင့်အထက်တွေသာရရှိနိုင်ပေမယ့်ရှေ့လကစပြီး အသက်၁၈နှစ်နှင့်အထက် မည် သူမဆို ထိုးနှံနိုင်ဖို့ ဆောင်ရွက်ပေးမည်ဟု သိရပါသည်။
အီတလီဟာ ဥရောပမှာ ကာကွယ်ဆေးထိုးနှုန်းအမြင့်ဆုံးနိုင်ငံတခုဖြစ်ပြီး လူဦးရေရဲ့ ၇၂% ကျော်ဟာ ကာကွယ်ဆေး ၂ကြိမ်ထိုးနှံပြီး ဖြစ် ပါသည်။
သို့သော်လည်း ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတွင်း ကူးစက် မှုအသစ် ၁၂၀၀၀ကျော်ရှိခဲ့သည်ဟု အတည်ပြုထားပါသည်။
အိမ်နီးချင်းနိုင်ငံတွေရဲ့ အခြေအနေဟာ အလွန် ဆိုးရွားနေပြီး အီတလီတွင်လည်း တဖြည်းဖြည်းဆိုးရွားလာကြောင်း ဝန်ကြီးချုပ် Mario Draghi က သတိပေးထားပါသည်။
အီတလီနိုင်ငံသားတွေဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်းက ၄င်းတို့အောင်မြင်ခဲ့တဲ့အရာတွေကို ကာကွယ်ဖို့အတွက် သတိရှိဖို့လိုအပ်ကြောင်းလည်း ၄င်းကပြောခဲ့ပါသည်။
Source-NHK
(Zawgyi)
Source-NHK