အမေရိကန် အဆိုတော် ဘီယွန်ဆေး တစ်ယောက် ကြီးကျယ်ခမ်းနားလှတဲ့ အိန္ဒိယနိုင်ငံက မင်္ဂလာပွဲတစ်ခုကို ဒီဇင်ဘာ၁၀ရက်နေ့ ကသွားရောက် သီဆိုဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။ သတိုးသမီးဖြစ်သူဟာ အိန္ဒိယက ဘီလျံနာသူဌေးကြီး မူကေးရှ် အမ်ဘာနီ ရဲ့ သမီးတော်စပ် သူဖြစ်ပါတယ်။ အလားတူပဲသတိုးသားဖြစ်သူကလည်း အိန္ဒိယနိုင်ငံက ဘီလျံနာသူဌေးတစ် ဦးရဲ့ သားဖြစ်သူ အာနန် ပီရာမယ် လို့ ဆိုပါတယ်။
အဆိုပါ မင်္ဂလာပွဲကို တက်ရောက်ချီးမြင့် ကြတဲ့ ကမ္ဘာကျော်တွေက ဘီယွန်ဆေး တစ်ယောက် တည်း မဟုတ်ပါဘူး။ဟီလာ၇ီကလင်တန်လို ပုဂ္ဂိုလ်တွေတောင်ပါဝင်တာဖြစ်ပါတယ်။ ဘောလိဝုဒ်ကြယ် ပွင့်  ပရီရန်ကာ ချိုပရာ နဲ့ နစ် ဂျိုးနပ်စ်တို့  ကြင်စဦးမောင်နှံလည်း ဧည်သည်တော် အဖြစ် တက် ရောက်ခဲ့ ကြ ပါတယ်။ အခြားသော ဧည်သည်တော်တွေအဖြစ် ဘောလိဝုဒ် နာမည်ကျော်တွေဖြစ်တ့ ဒီပိက ပါဒူကေ နီ၊ ရန်ဗီး ဆင်းဂ် အစရှိတဲ့ပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။ ဒီမင်္ဂလာပွဲရဲ့ ကုန်ကျစားရိတ် နဲ့ ခမ်းနားကြီးကျယ်မှုက ဒီနေ့ ခေတ်အိန္ဒိယမှာ နံပါတ် တစ်လို့ ပြောပါ တယ်။ ဘာလို့  ဒီလိုပြောရသလည်း ဆိုတော့ မင်္ဂလာပွဲကို တက်ရောက်လာတဲ့ စီးလုံးငှား လေယာဉ် တွေက အစီး၁၀၀ အထိရှိတယ်လို့ သိရကြောင်းပါ။
ဒီလိုမျိုး ဒေါ်လာသန်းနဲ့ ချီသုံးပြီး ကျင်းခဲ့တဲ့ မင်္ဂလာပွဲ မတိုင်မီကလည်း နေ့ ည ရက်ဆက် နွမ်းပါးသူ တွေ အတွက်ရည်ရွယ်တဲ့ စတုဒီသာ ကျွေးပွဲကြီးကိုလည်း ချမ့်ချိမ့်သဲ ကျင်းပခဲ့ကြောင်းလည်း သိရှိရပါတယ်။