Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeCelebrities' Newsအိန္ဒြာကျော်ဇင် အကယ်ဒမီရရင်ကျွန်တော်တာဝန်ကျေတယ်လို့ ခံစားရမှာပါ

အိန္ဒြာကျော်ဇင် အကယ်ဒမီရရင်ကျွန်တော်တာဝန်ကျေတယ်လို့ ခံစားရမှာပါ

ဒါရိုက်တာ ဝိုင်း အကောင်းဆုံး ဖန်တီးရိုက်ကူး ပြီး ပရိသတ်များ မျှော်လင့်စောင့်စားနေတဲ့ “ရင်ဘတ်ထဲက ဓား” ရုပ်ရှင်ဇာတ်ကားကြီးကို  အောက်တိုဘာလ ၂၇ ရက်နေ့ကျရင် မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံများမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ရုံတင် မပြသခင်ကာလကတည်းက ဇာတ်ကားရဲ့ နမူနာကို ကြည့်ရှုကြတဲ့  ပရိသတ်များက ဇာတ်ကား ကို အကြိုက်တွေ့ခဲ့ကြပြီး မင်းသမီး အိန္ဒြာကျော်ဇင် ကိုလည်း အကယ်ဒမီရရှိလိမ့်မယ်လို့ ခန့်မှန်းနေ ကြပါတယ်။ ဖန်တီးရိုက်ကူးသူ ဒါရိုက် တာဝိုင်းက လည်း …

“ကျွန်တော် ဒီဇာတ်ကားကို တည်းဖြတ်ပြီးစဉ် အချိန်ကတည်းက အစ်ကိုဆုံးဖြတ်ထားတာ တစ်ခုပဲ ရှိပါတယ်။ ဒီဇာတ်ကားမှာ အစ်ကို သည် အိန္ဒြာကျော်ဇင် ( အူဝဲ ) အကယ်ဒမီရရင် ကျွန်တော့်တာဝန်ကျေတယ်လို့ ကျွန်တော် အပြည့် အဝခံစားရမှာပါ။ မရရင် ကျွန်တော် တာဝန် မကျေဘူးလို့ ခံစားရမှာပါ။ အူဝဲက မူရင်းကတည်း က ကောင်းပြီးသားပါ။ အစ်ကို့အနေနဲ့ သိပ် မပင်ပန်းပါဘူး။ ဒီ့အပြင် မင်းသမီးတွေထက် စာရင်လေ။ ဒီဇာတ်ကားက သူမရိုက်ပဲ  ၃ နှစ် လောက်ကြာမှ ပြန်ရိုက်ကူးတဲ့ အခါကျတော့ နည်းနည်းလေးလိုသွားတာ ပိုသွားတာတို့ကို အစ်ကိုကဘေးကနေ အကြံပေးရုံ လောက်ပါ။ ကျန်တာကတော့အူဝဲက အူဝဲပါပဲ။ သူအကောင်း ဆုံး သရုပ်ဆောင်တာတွေကို မြင်ရမှာပါ” လို့ ပြော ပြပါတယ်။

ဒီဇာတ်ကားကို ဇာတ်ကားနမူနာနဲ့တင် ပရိသတ်များ အကြိုက် တွေ့ခဲ့ကြသလို ရိုက်ကူးဖန် တီးသူ ဒါရိုက်တာဝိုင်းကလည်း ဇာတ်ကား တစ်ကားလုံးအတွက်ကို ၈ဝ ရာခိုင် နှုန်းလောက် ကျေနပ်အားရမှု ရှိခဲ့ တယ်လို့ ဆိုပါတယ်။ ဒီ့အပြင် ဒီ ဇာတ်ကားကို ရုံတင်ပြသလာတဲ့ အ ခါမှာလည်း ငွေကြေးအနေနဲ့ ထိုက်သင့်တဲ့ အမြတ်အစွန်း  ရရှိလိမ့်မယ် လို့ ဒါရိုက်တာဝိုင်းက ပြောလာပါ တယ်။” ဒီဝတ္ထုက ကောင်းပြီးသားပါ။ သို့သော် ငြားလည်း မူရင်းဝတ္ထုသည် တအားကိုရှည်လျား တယ်။ အဲဒါကို ၂ နာရီ ကျော်ကျော် လေးဖြတ်ရတဲ့ အချိန်မှာဒီဇာတ်ကားထဲက ကောင်းတာတွေ အများကြီး မပယ်မိအောင်Presentation ကို ဦးစားပေးတည်ဆောက်ရတာပေါ့နော်။ အဆုံးသတ် အပိုင်းကတော့ အစ်ကို့ဇာတ်ညွှန်းရဲ့ ဖန်တီးမှုပါ။ အဲဒါကို အဓိကထားပြီးအကို့အနေနဲ့ ကြိုးစား ပြင်ဆင်ခဲ့ရပါတယ်။အစ်ကို့ အနေနဲ့ကတော့ တစ်ကားခြုံပြောရရင် ၈ဝ ရာခိုင်နှုန်း ကျေနပ်ပါ တယ်။ ငွေရေးကြေးရေး အမြတ်အစွန်းထိုက်သင့်သလောက်ရရမယ်။ ဝုန်းဝုန်း ကျပ်ကျပ်တွေ သိပ်မှန်းမထားပါဘူး။ ဇာတ်ကားကောင်းတယ် လို့လည်း ကျွန်တော်မပြောချင်ပါဘူး။ ဒါက ပရိသတ်ပြောရမယ့် စကားပါ။ ကျွန်တော် အတတ် နိုင်ဆုံးသပ်ရပ်အောင် ကျွန်တော်ရိုက်ကူးထားပါ တယ်” လို့ ဒါရိုက်တာဝိုင်းက ပြောပါတယ်။

ဇင်မာနွယ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071