Friday, July 11, 2025

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက်...

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု...

အသက် (၁၉)နှစ်အရွယ် Grade 12...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ...

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...
HomeCelebrities' NewsCover Newsအိန္ဒြာကျော်ဇင် တူ မ...

အိန္ဒြာကျော်ဇင် တူ မ ဖြ စ် သူ တို့ နှ စ် ဦး သ ရု ပ်ေ ဆာ င် ထား တဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကား

eeee-copy

အိန္ဒြာကျော်ဇင်က ဒါရိုက်တာအောင်ဇော်လင်း ရိုက်ကူးတဲ့ ‘ရူးအောင်ချစ်မယ့်သူ’ ရုပ်ရှင် ဇာတ်ကားကို တူမဖြစ်သူ မေတိုးခိုင် (ခ) ဖူးဖူး၊   နေတိုးတို့နဲ့ ရိုက်ကူးနေပြီး တူမဖြစ်သူကို ရိုက် ကွင်းပေါ်မှာ သရုပ်ဆောင်ပညာတွေကို သေချာ သင်ကြားပေးနေတာ တွေ့ရပါတယ်။

မေတိုးခိုင်က လည်း ဇာတ်ကားရိုက်ကူးချင်သလို သူနဲ့လိုက်ဖက်တဲ့ ဇာတ်လမ်းလည်း ရှိနေတာကြောင့် ရိုက်ကူးခြင်းဖြစ် ကြောင်း ပြော ပါတယ်။ ဒီဇာတ်ကားမှာ မေတိုးခိုင်က အဓိကနေရာကနေ သရုပ်ဆောင်မှာဖြစ်ပြီး ဇာတ် ကားမရိုက်ကူးခင်ကတော့ ပြေတီဦးနဲ့ အိန္ဒြာကျော် ဇင်တို့ နှစ်ဦးစလုံးက ကင်မရာစမ်းသပ်မှုတွေလည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

“အစ်မအနေနဲ့ကျတော့ ဒီဇာတ်ကားက ဖူးဖူးအတွက် ရိုက်ကူးပေးတာလို့ ပြောရင်ရတယ်။ ဒီထဲမှာ အဓိကနေရာက ဖူးဖူးပေါ့။ ကိုယ့်   နေရာရော၊ သူ့နေရာရောက တူဝရီးနှစ်ယောက် ရိုက်ကူးလို့ရတဲ့ ဇာတ်လမ်းဖြစ်နေတယ်။ အိုက် တင်ပိုင်းက သူကရိုက်ကူးချင်တယ်   ပြောပေမယ့် သူ့ဆီမှာ Talent  ဘယ်လောက်ရှိလဲ အစ်မ မသိဘူး။ ရိုက်ကူးတာတော့ဟုတ်ပါပြီ၊ သူ ဘယ်လောက် လုပ်နိုင်လဲမသိတော့ တစ်ရက် အိမ်မှာ ကင်မရာတွေ၊ စက်အဖွဲ့တွေအကုန်ငှား ပြီး  camera test  လုပ်ကြည့်တယ်။ ဦးတီရော၊ အဒေါ်ရော နှစ်ယောက်စလုံး အိုက်တင်တွေ လည်း လုပ်ခိုင်းကြည့်တော့ မဆိုးဘူးလို့ ပြောရင် ရတဲ့ အနေအထားလေးပေါ့။ သူကလည်းဇာတ် ကားရိုက်ချင်တော့ ရိုက်ဆိုပြီး ရိုက်ကူးခိုင်းလိုက် တာ။ ဒီဇာတ်ကားက ဇာတ်ညွှန်းတွေ ကြိုမရ တော့ ကြိုတင်လေ့ကျင့်ဖို့အချိန်မရဘူး။ ဇာတ် ညွှန်းစာအုပ်က ဒီဇာတ်ကား ရိုက်ကူးခါနီး တစ် ရက်၊ နှစ်ရက်အလိုမှ ကပ်ထွက်တယ်။ ရိုက်ကွင်း ပေါ်မှာပဲ လိုအပ်တာတွေ လိုက်ဖြည့်ပေး၊ သူ မသိတာေ တွ ပြောပြတယ်။ ဒါရိုက်တာကလည်း သင်ပေးပါတယ်” လို့ပြောပါတယ်။

အခုအချိန်မှာတော့ မေတိုးခိုင်က ပေါ့ပေါ့ ပါးပါး ဇာတ်ဝင်ခန်းတွေပဲ သရုပ်ဆောင် နေရ တာကြောင့် အခက်အခဲမရှိသေးဘဲ နောက် ပိုင်း မှာတော့ သူဘယ်လိုသရုပ်ဆောင်နိုင်မလဲ ဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ကြောင်းကို အိâန္ဒာကျော်ဇင်က..

“အဒေါ်တစ်ယောက်လုံးကသာ ဒီလောက ထဲကဖြစ်နေပေမယ့် သူကရှုတင်နဲ့ စိမ်းတယ်။ ရှုတင်တွေလည်း လိုက်လေ့လိုက်ထမရှိဘူး။ အဲဒါ ကြောင့် ဇာတ်ကားမရိုက်ကူးခင်မှာ ‘ကျွန်မအချစ်ဆုံး ယောက်ျားသုံးယောက်’ ရိုက်ကူးနေတာ ကို သူ့ကို ရှုတင်အထာတွေလည်း သိအောင် အစ်မက လိုက် ကြည့်ခိုင်းတယ်။ အခုကတော့ နှစ်ရက်လောက်ပဲ ရိုက်ကူးရသေးတယ်။ ပေါ့ပေါ့ပါးပါး ဆင်းန်တွေပဲဆို တော့ ဒုက္ခမရောက်သေးဘူး။ ဟဲဗီးဆင်းန်တွေလာ ရင် ဘယ်လိုဖြစ်မလဲမသိဘူး။ စောင့် ကြည့်ရမှာပဲ” လို့ ပြောပါတယ်။

တူမဖြစ်သူ အနုပညာအလုပ်တွေလုပ်တဲ့ အခါမှာလည်း စိတ်ပါဝင်စားစွာလုပ်ဖို့နဲ့ ဝေဖန် မှုတွေကိုလည်း ခံနိုင်ရည်ရှိဖို့ ပြောပြထား
ကြောင်းကို… “အစ်မဖြစ်စေချင်တာက တော့ အနုပညာလုပ်ပြီဆိုရင် ဒီအလုပ်အ ပေါ်မှာ တကယ် စိတ်ပါဝင်စားစွာနဲ့လုပ်။

အလုပ်တစ်ခုလုပ်ပြီဆိုရင် တကယ်ဖြစ် အောင်၊ အောင်မြင်အောင် လုပ်စေချင် တယ်။ အစ်မကတော့ သူ့ကိုပြောထား တယ်။ ဒီအလုပ်က
စိတ်ဖိစီးမှုတအား များတယ်။ ခံနိုင်ရည်ရှိဖို့လိုတယ်။ ဖူးဖူး အခုစလုပ်ပေမယ့် အောင်မြင် ချင်မှ အောင်မြင်မှာ။ ဒီဟာအပေါ် မှာ ပရိသတ် က ဆိုးတယ်ပြောလည်း ခံရမှာပဲ၊ ကောင်းတယ်ပြောလည်း ခံရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဝေ ဖန်မှု အကုန်လုံးကို ခံနိုင်ရည်တော့ရှိ ရမယ်။ အခုမှ စစချင်းပဲရှိသေးတော့ ဒီ Effect  တွေ ကို သူမသိသေးဘူးပေါ့။ တဖြည်းဖြည်းတော့ သူနားလည်လာမှာ ပါ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071