Monday, May 12, 2025

ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ရမန်းချောင်းကို ကြိုးပြင်ကာကွယ်တောအဖြစ်...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧက (၃) ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို "ရမန်းချောင်းကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့်...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင်...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း...
HomeCelebrities' Newsအိန္ဒြာကျော်ဇင်ကို ကိုယ်ချင်းစာတဲ့ သက်မွန်မြင့်

အိန္ဒြာကျော်ဇင်ကို ကိုယ်ချင်းစာတဲ့ သက်မွန်မြင့်

thetmon

မိခင်တစ်ဦးဖြစ်တဲ့ သက်မွန်မြင့်က ဖေ့စ်ဘုတ်ပေါ်မှာ အနုပညာရှင်တွေကို ဝေဖန်တိုက်ခိုက်နေတာတွေနဲ့ ပတ်သက်ပြီး သူတို့ကို ဝေဖန်တိုက်ခိုက်တာထက် သူတို့ရဲ့ မသိနားမလည်သေးတဲ့ ရင်သွေးငယ်လေးတွေကို ဝေဖန်ပြောဆိုနေတာ တွေကိုတော့ မဖြစ်စေချင်ဘူးလို့ ပြောလာပါတယ်။

လတ်တလောမှာလည်း အိန္ဒြာကျော်ဇင်တို့ မိသားစုထိုင်းနိုင်ငံမှာ ကလေးတွေကို ကာကွယ်ဆေးထိုး တာနဲ့ပတ်သက်ပြီး ဖေ့စ်ဘုတ်ပေါ်ကို Post တင်တဲ့အခါမှာ ကလေးတွေကို ဝေဖန် တိုက်ခိုက်ပြောဆိုနေတာတွေ ရှိနေတာကြောင့် အိန္ဒြာကျော်ဇင်က ပြန်လည် ရေးသားတဲ့စာတွေအပေါ်မှာ မိခင်တစ်ဦးအနေနဲ့ ကိုယ်ချင်းစာမိကြောင်းကို သက်မွန်မြင့်က အခုလိုပြောပြပါတယ်။

“တစ်ခုခု ဖြစ်လာပြီဆိုရင် အဆိုးအကောင်းတော့ရှိတာပေါ့။ အင်တာနက်တွေရှိလာတဲ့အတွက် ပရိသတ်တွေနဲ့ တိုက်ရိုက် နီးပါးပေါ့နော်။ လူချင်းတွေ့ပြီး စကားမပြောရတာပဲရှိတယ်။ ပရိသတ်တွေနဲ့ စကားပြောရတယ်။ ထိတွေ့မှု မြန်တယ်ပေါ့နော်။ အဲဒီအတွက် ကောင်း ကျိုးလည်းရှိတယ်။ ဒါပေမဲ့ အနုပညာရှင်တစ်ယောက်အတွက် ပရိသတ် သန်းနဲ့ ချီပြီး ဆက်ဆံရတယ်။ ဆက်သွယ်ရတယ်။ ကိုယ်က ပုံတစ်ပုံတင်တယ်ဆိုပေမယ့် သန်းနဲ့ချီတဲ့ လူတွေက Comment ပေးကြတာလေ။ ဒီဟာတွေကို အကုန်လုံး လိုက်ခံစား ရင်တော့ ကိုယ်ပဲသေမှာပဲ။ ဘယ်လိုလုပ်ခံနိုင်မှာလဲ ဒီသန်းနဲ့ချီတဲ့ လူတွေရဲ့စိတ်ကို။ အိမ် ထောင် စုတစ်ခုမှာ ရှိနေတဲ့ မိသားစုချင်းတွေတောင်မှ စိတ်တွေက တူကြတာ မဟုတ်ဘူး။ ကြိုက်တဲ့သူ၊ မကြိုက်တဲ့သူဆိုတာ ရှိတယ်။

သန်းနဲ့ချီတဲ့ လူတွေမှာယဉ်ကျေးတဲ့ သူလည်းရှိမယ်၊ ရိုင်းစိုင်းတဲ့ သူလည်းရှိမယ်။ အများကြီးရှိမယ်ဆိုတော့ ကိုယ်တွေက ဒါတွေကို နားလည်နိုင်ရမယ်။ ပြင်ဆင်တတ်ရမယ်။ ကိုယ့်စိတ်ကို ဒါဘယ်လိုနေရမယ်ဆိုတာ သိပြီးသွားပြီ။ စလုပ်တဲ့အချိန် တုန်းကသာ ခံစားချက်တွေ ပြင်းပြီး မနေတတ်မထိုင်တတ်တွေဖြစ်ရင်ဖြစ်မယ်။ အခုအချိန်မှာတော့ နေ တတ်သွားပြီ။ ဒါပေမဲ့ အဓိက ပြောချင်တာကတော့ ကလေးတွေကို လုံးဝမပြောစေချင်ဘူး။ ဘာမှမသိ နားမလည်တဲ့ ကလေးတွေကို ဘာမှမပြောစေချင်ဘူး။ မအူဝဲ Post ကို ဖတ်မိတော့ တအားစိတ်မကောင်း ဖြစ်မိတယ်။ နာတယ်လေနော်။ ကိုယ့်ကို ဘယ်လောက်ပဲ ကျိန်ဆဲကျိန်ဆဲ မိဘဆိုတာ ခံနိုင်ရည်ရှိတယ်။

ဒါပေမဲ့ ကိုယ့်သားသမီးကို လက်နဲ့နာအောင်တို့တာတောင်လုံးဝ မကြိုက်ဘူးဆိုတော့ အဲဒီလောက်ကြီးပြောတာကိုတော့ တအားရိုင်းလွန်းတယ်လို့ သက်မွန် ယူဆတယ်။ မအူဝဲနေ ရာမှာလည်း ခံစားနိုင်တယ်။ ကိုယ်ချင်းစာနိုင်တယ်။ သူဘယ်လောက်ခံစား ရမလဲဆိုတာပေါ့နော်။ မီးမီးလေးကိုယ်ဝန်နဲ့တုန်းကလည်း ပြောကြတယ်။ ကိုယ်ကဘာမှ မတုံ့ပြန်ခဲ့ဘူး။ တော်တော်တော့ စိတ်ထိခိုက်တယ်။ ခုနပြောသလို အကုန်လုံးသာ လိုက်ခံစားနေရင် ကိုယ်ပဲတအား စိတ်ဆင်းရဲ ရမယ်။ သန်းနဲ့ချီတဲ့ လူတွေအကုန်လုံး စိတ်ချမ်းသာအောင် လိုက်လုပ် မပေးနိုင်ဘူး။ သူတို့တွေရဲ့ ပြောသမျှဆိုသမျှကိုလည်း လက်ခံလို့မရဘူး။ ကိုယ့်မှာ ရှေ့ဆက်ရမယ့် အနေအထားတွေရှိတယ်။ ကိုယ့်ကိုချစ်တဲ့သူတွေ အများကြီးရှိတယ်ဆိုတဲ့စိတ်နဲ့ပဲ နှစ်သိမ့်ရတယ်။ ဘာပဲဖြစ်ဖြစ် အဆိုး အကောင်းဆိုတာရှိတာပဲလို့ လက်ခံလိုက်တယ်။ ဒါပေမဲ့ ကလေးတွေကိုတော့ ဘာမှမပြော ကြပါနဲ့လို့ ပြောချင်တယ်”လို့ သက်မွန်မြင့်က ပြောပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071