Wednesday, June 10, 2026

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ်...

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ...

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ...

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန်...

ပဲခူးတိုင်းလွှတ်တော်တွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်း (၄)...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (ဇွန် ၉ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လျှပ်စစ်ကဏ္ဍနှင့်...
HomeArticlesအိုးခြမ်းပဲ့လေး

အိုးခြမ်းပဲ့လေး

ကျွန်တော့်မှာ အိုးခြမ်းပဲ့လေး တစ်ခုရှိပါသည်။ ကျွန်တော်သည် အဆိုပါအိုးခြမ်းပဲ့လေးကို စာအုပ်စင် ပေါ်တွင် တင်ထားပါသည်။ အိုးခြမ်း ပဲ့ကလေးမှာ ကျွန်တော်၏ စာရေး ဆရာဘဝကို မြှင့်တင်ပေးသော အရာလေးပင်ဖြစ်သည်။ စာရေး ဆရာဖြစ်သည်နှင့်အညီ တစ်ခါတစ် ခါ ဘာရေးရမှန်း မသိသောအချိန် များ၊ အခါများရှိတတ်ပါသည်။ ထိုအခါ ကျွန်တော်သည် အိုးခြမ်းပဲ့ ကလေးကို ထုတ်ကြည့်တတ်ပါသည်။ အိပ် မပျော်သောညများတွင် အိပ် မက်တွင်လာ၍ အိုးခြမ်းပဲ့လေးက မေးခွန်းများ မေးတတ်ပါသေးသည်။ ယင်းသို့မေးခွန်းမျိုး ထုတ်ပြီးသော အခါ “မင်းစာရေးဆရာလုပ်ပြီး ရေး စရာအကြောင်းအရာ ဒါလောက်ရှား သလား”ဟု အပြစ်တင်တတ်သည်။

အိပ်မက်များထဲတွင် အိုးခြမ်းပဲ့ လေးက ‘စကားကြီး စကားကျယ်’ တွေလည်း ပြောတတ်ပေသေးသည်။ မဲပြာကို မဲဇာပို့ရမည်ဟုလည်း အိုး ခြမ်းပဲ့လေးက ဆိုတတ်သေးသည်။ ကျွန်တော်က စကားပြောသော အိုးခြမ်းပဲ့လေးကို အံ့သြနေစဉ် သူက ….

“ဒီလိုရှိတယ် စာရေးဆရာရဲ့၊ လယ်တစ်ရိုးက အိုးခြမ်းပဲ့ဖြစ်ဖြစ်၊ စူးစမ်းဆက်စပ်၊ တွေးတတ်မြင်တတ် ရင် ရာဇဝင်တစ်စောင်တောင်ဖြစ်နိုင် တယ် စာရေးဆရာရဲ့”

ဟုတ်ပြီ။ နောက်တစ်နေ့မှာ ကျွန်တော်သည် စာအုပ်စင်လေးပေါ် မှ အိုးခြမ်းပဲ့လေးကို ယူကြည့်ပါသည်။ ယူကြည့်ပြီးနောက် ကျွန်တော်ဒီလို ဆက်စပ်စူးစမ်းမိသည်။

“ဤအိုးခြမ်းပဲ့လေးက . . .
ထမင်းအိုးအပဲ့လော၊ ဟင်းအိုး အပဲ့လေလော . . .
ဒီအိုးတွေ ဘယ်နှရာစု လောက် က အိုးတွေဖြစ်မလဲ”

(နှစ်)
ကျွန်တော့်တွင် အိုးခြမ်းပဲ့လေး တစ်ခုရှိပါသည်။ ကျွန်တော်သည် အဆိုပါအိုးခြမ်းပဲ့လေးကို စာအုပ်စင် ပေါ်မှယူပြီးကြည့်ပါသည်။ ကျွန်တော် သည် အိုးခြမ်းပဲ့လေးကို ဆက်ပြီး စုံစမ်းကြည့်မိပြန်သည်။

လူတွေ မြေအိုးဖြင့် ထမင်း၊ ဟင်း ချက်စားကြပြီဆိုတော့ လူ့ယဉ် ကျေးမှုသည် အတော်အသင့် မြင့်မား နေကြမည်မှာ သေချာသည်။ ဤမြေ အိုးတွင်ချက်သောဆန်သည် ဘယ်လို အမျိုးအစား ဖြစ်မည်နည်း။ အကယ် ၍ ဤအိုးခြမ်းပဲ့လေးသည် ဟင်းအိုး ဖြစ်ခဲ့ပါက ထိုခေတ်ကလူများ ဘယ် လိုတွေ ဟင်းတွေ၊ ချက်စားကြ သနည်း။ တွေးစရာများလှသည်။

ကျွန်တော်သည် အိုးခြမ်းပဲ့ လေးကို လက်ဖြင့်စမ်းကြည့်မိပြန် သည်။ ထိုအခါ အိုးခြမ်းပဲ့လေးကို မေးရမည့် မေးခွန်းတွေ ဆက်တိုက် ပေါ်လာတော့သည်။ စိတ်ကလည်း တအံ့တသြ ဖြစ်သွားသည်။

“ဟင် အိုးခြမ်းပဲ့လေးက ပန်းရစ်ကလေးတွေနဲ့ပါလား”

အိုးခြမ်းပဲ့လေးက သူ့ခေတ် အနုပညာကို ပြောပြနေသကဲ့သို့ သူ့ ခေတ်က အိုးဖုတ်သမားတို့ လက်ရာ ကိုလည်း ပြောပြသေးသည်။ အိုးဖုတ် သမားကောင်း၏ လက်ရာဖြစ်မှန်း သေချာလှပေသည်။

ကျွန်တော်သည် အိုးခြမ်းပဲ့လေး ကို အသေအချာ ကိုင်တွယ်ကြည့် သောအခါ အိုးသားမှာ ကျောက်သား တမျှ မာလှသည်ကို တွေ့ရပြန် သည်။ ထိုအခါဆက်၍ အတွေးပွားမိ ပြန်တော့သည်။

“အိုးလုပ်တဲ့မြေ တယ်ကောင်းပါ လား . . .

ဘယ်နိုင်ငံက ဝယ်ခဲ့တာလဲ မသိ . . .

တစ်ပြည်နဲ့တစ်ပြည် ကုန်သွယ် မှု ဘယ်လိုရှိခဲ့သလဲ . . .
အခုလိုပဲ ရှိခဲ့တာလား

ရှိခဲ့ရင် ဘယ်လိုပုံစံမျိုးတွေ

ပြီးတော့ လူတွေရဲ့ အခြားလို အပ်ချက်တွေ . . .

နောက်တော့ အခြား… အခြားတွေ”

ကျွန်တော်အိုးခြမ်းပဲ့လေးကို စာအုပ်စင်ပေါ် ပြန်တင်လိုက်သည်။ စာရေးဆရာဖြစ်သော ကျွန်တော် သည် ‘စာရေးရတော့မှာ ဖြစ်ပါ သည်။’

စောဘရန်ငြိမ်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071