Sunday, January 25, 2026

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeNewsLocal Newsအိုမီခရွန် (Omicron) ပိုး...

အိုမီခရွန် (Omicron) ပိုး ယနေ့အထိ မတွေ့ရှိရသေး

အိုမီခရွန် (Omicron) ပိုး ယနေ့အထိ မတွေ့ရှိရသေး

ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ကြည်ရှု ခြင်းလုပ်ငန်းစဉ်အရ မျိုးရိုးဗီဇအစီအစဉ် လေ့လာခြင်းလုပ်ငန်း (Genome Sequencing) ကို နိုင်ငံ ခြားမှ ပြန်လည်ရောက်ရှိလာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် အခြားဦးစားပေး အုပ်စုများရှိ ရောဂါပိုးတွေ့ရှိသူများတွင် ဆောင်ရွက်လျှက်ရှိရာတွင် (၆-၁၂-၂၀၂၁) ရက်နေ့တွင်တောင်ကြီး၊ မန္တလေး၊ မော်လမြိုင်၊ ကျိုင်းတုံ၊ နေပြည်တော်၊ ရန်ကုန်မြို့တို့မှ ဓါတ်ခွဲနမူနာ (၁၆) ခုကို တပ်မတော်ဆေးသုတေသနတပ်တွင် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ဒယ်လ်တာ (Delta) ပိုးတွေ့ရှိသူ (၁၆) ဦးကိုသာ တွေ့ရှိရပြီး အိုမီခရွန် (Omicron) ပိုး ယနေ့အထိ မတွေ့ရှိရသေးဟု ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ၁၁ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ဒယ်လ်တာ (Delta) ပိုးတွေ့ရှိသူ (၁၆) ဦးထဲတွင် ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ (၄) ဦး၊ လာအိုနိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ (၂) ဦး၊ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ (၂) ဦးတို့ ပါဝင်သည်ဟု ထုတ်ပြန်ချက်ထဲ ဖော်ပြထားသည်။


လက်ရှိတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီး ဌာန၊ ဆေးသုတေသနဦးစီးဌာနတို့အနေဖြင့် တပ်မတော်ဆေးသုတေသနတပ်နှင့်ပူးပေါင်း၍ “ကိုဗစ်၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည်ရှုခြင်းလုပ်ငန်းစဉ်အဖြစ် မျိုးရိုးဗီဇအစီအစဉ် လေ့လာခြင်းလုပ်ငန်း” (Genome Sequencing) ကို စဉ်ဆက်မပြတ်ဆောင်ရွက်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနကပြောဆိုသည်။

ကမ္ဘာ့နိုင်ငံများတွင် Omicron ဖြစ်ပွားမှုနှင့် ပတ်သက်၍ (၁၁-၁၂-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်း သတင်းထုတ်ပြန်ချက်များအရ မျိုးရိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) ကို ကမ္ဘာ့နိုင်ငံ (၆၃) နိုင်ငံတွင် တွေ့ရှိနေပြီဖြစ်ရာ ထိုထဲ အာဖရိက နိုင်ငံများ၊ ဥရောပနိုင်ငံများ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဩစတြေးလျနိုင်ငံ၊ အိမ်နီးချင်းနိုင်ငံများ ဖြစ်သော အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ဒေသတွင်းနိုင်ငံများဖြစ်သော မလေးရှားနိုင်ငံ၊သီရိလင်္ကာနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ နီပေါနိုင်ငံနှင့် မော်လဒိုက်နိုင်ငံတို့တွင်လည်း တွေ့ရှိနေပြီဖြစ်သည်။

 

Zaw Gyi

 

အိုမီခရြန္ (Omicron) ပိုး ယေန႔အထိ မေတြ႕ရွိရေသး

ကိုဗစ္-၁၉ ေရာဂါမ်ိဳးရိုးဗီဇေျပာင္း ေရာဂါပိုးေစာင့္ၾကပ္ ၾကည္ရွု ျခင္းလုပ္ငန္းစဥ္အရ မ်ိဳးရိုးဗီဇအစီအစဥ္ ေလ့လာျခင္းလုပ္ငန္း (Genome Sequencing) ကို နိုင္ငံ ျခားမွ ျပန္လည္ေရာက္ရွိလာသူမ်ားအနက္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိသူမ်ားႏွင့္ အျခားဦးစားေပး အုပ္စုမ်ားရွိ ေရာဂါပိုးေတြ႕ရွိသူမ်ားတြင္ ေဆာင္ရြက္လၽွက္ရွိရာတြင္ (၆-၁၂-၂၀၂၁) ရက္ေန႔တြင္ေတာင္ႀကီး၊ မႏၲေလး၊ ေမာ္လၿမိဳင္၊ က်ိဳင္းတုံ၊ ေနျပည္ေတာ္၊ ရန္ကုန္ၿမိဳ႕တို႔မွ ဓါတ္ခြဲနမူနာ (၁၆) ခုကို တပ္မေတာ္ေဆးသုေတသနတပ္တြင္ စစ္ေဆးခဲ့ရာ ကိုဗစ္-၁၉ ေရာဂါ မ်ိဳးရိုးဗီဇေျပာင္း ဒယ္လ္တာ (Delta) ပိုးေတြ႕ရွိသူ (၁၆) ဦးကိုသာ ေတြ႕ရွိရၿပီး အိုမီခရြန္ (Omicron) ပိုး ယေန႔အထိ မေတြ႕ရွိရေသးဟု က်န္းမာေရးဝန္ႀကီးဌာနက ဒီဇင္ဘာ၁၁ရက္တြင္ သတင္းထုတ္ျပန္ထားသည္။

ကိုဗစ္-၁၉ ေရာဂါ မ်ိဳးရိုးဗီဇေျပာင္း ဒယ္လ္တာ (Delta) ပိုးေတြ႕ရွိသူ (၁၆) ဦးထဲတြင္ ထိုင္းနိုင္ငံမွ ျပန္လည္ ေရာက္ရွိလာသူ (၄) ဦး၊ လာအိုနိုင္ငံမွ ျပန္လည္ ေရာက္ရွိလာသူ (၂) ဦး၊ မေလးရွားနိုင္ငံမွ ျပန္လည္ေရာက္ရွိလာသူ (၂) ဦးတို႔ ပါဝင္သည္ဟု ထုတ္ျပန္ခ်က္ထဲ ေဖာ္ျပထားသည္။

လက္ရွိတြင္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ကုသေရးဦးစီး ဌာန၊ ေဆးသုေတသနဦးစီးဌာနတို႔အေနျဖင့္ တပ္မေတာ္ေဆးသုေတသနတပ္ႏွင့္ပူးေပါင္း၍ “ကိုဗစ္၁၉ ေရာဂါမ်ိဳးရိုးဗီဇေျပာင္း ေရာဂါပိုးေစာင့္ၾကပ္ၾကည္ရွုျခင္းလုပ္ငန္းစဥ္အျဖစ္ မ်ိဳးရိုးဗီဇအစီအစဥ္ ေလ့လာျခင္းလုပ္ငန္း” (Genome Sequencing) ကို စဥ္ဆက္မျပတ္ေဆာင္ရြက္ေနသည္ဟု က်န္းမာေရးဝန္ႀကီးဌာနကေျပာဆိုသည္။

ကမၻာ့နိုင္ငံမ်ားတြင္ Omicron ျဖစ္ပြားမွုႏွင့္ ပတ္သက္၍ (၁၁-၁၂-၂၀၂၁) ရက္ေန႔၊ နံနက္ပိုင္း သတင္းထုတ္ျပန္ခ်က္မ်ားအရ မ်ိဳးရိုးဗီဇေျပာင္း ေရာဂါပိုး အိုမီခရြန္ (Omicron) ကို ကမၻာ့နိုင္ငံ (၆၃) နိုင္ငံတြင္ ေတြ႕ရွိေနၿပီျဖစ္ရာ ထိုထဲ အာဖရိက နိုင္ငံမ်ား၊ ဥေရာပနိုင္ငံမ်ား၊ အေမရိကန္၊ ကေနဒါ၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ ေဟာင္ေကာင္၊ ဩစေၾတးလ်နိုင္ငံ၊ အိမ္နီးခ်င္းနိုင္ငံမ်ား ျဖစ္ေသာ အိႏၵိယနိုင္ငံႏွင့္ ထိုင္းနိုင္ငံ၊ေဒသတြင္းနိုင္ငံမ်ားျဖစ္ေသာ မေလးရွားနိုင္ငံ၊သီရိလကၤာနိုင္ငံ၊ စင္ကာပူနိုင္ငံ၊ နီေပါနိုင္ငံႏွင့္ ေမာ္လဒိုက္နိုင္ငံတို႔တြင္လည္း ေတြ႕ရွိေနၿပီျဖစ္သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071