Tuesday, December 9, 2025

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ အင်ဒိုနီးရှားကြက်တောင်မယ်ကို ရှုံးနိမ့်

ဆီးဂိမ်းပြိုင်ပွဲဝင်‌ရောင်ယှဉ်ပြိုင်နေသည့်မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာမှာ အင်ဒိုနီးရှားကြက်တောင်မယ် Putri Kusuma WAR -DANI ကို သုံးပွဲကစား (၁)ပွဲနိုင် (၂)ပွဲရှုံးဖြင့် ရှုံးနိမ့်ခဲ့သည်။ အဆိုပါ ပွဲစဉ်မှာ...

Nature သိပ္ပံဂျာနယ် ၏ နှစ်စဉ်...

တရုတ်နိုင်ငံ၏ AI ကုမ္ပဏီဖြစ်သော DeepSeekကို တည်ထောင်သူ လျန်ဝမ်ဖုန်း (Liang Wenfeng) နှင့် "ရေနက်ပိုင်း ရေငုပ်သမား" (Deep diver)...

ဥရောပဟာ ‘မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ဦးတည်နေတယ်’...

ဥရောပကော်မရှင် (European Commission) က X (ယခင် Twitter) အပေါ် ဒ-ဏ်ငွေချမှတ်ခဲ့တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး ဥရောပဟာ...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ ဆီးဂိမ်းပြိုင်ပွဲတွင်...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ နှစ်ဦးမှာ ယခုကျင်းပပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ မွေထိုင်းလက်ဝှေ့ကလပ်တွင် သွားရောက်လေ့ကျင့်နေသည့် နော်ဥမ္မာစိုးသည် ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ရန်ကုန်မြို့ရှိ...
HomeNewsLocal Newsအိမ်ရာ (၄) ခုမှအခန်းဝယ်ယူခွင့်ရရှိသူ...

အိမ်ရာ (၄) ခုမှအခန်းဝယ်ယူခွင့်ရရှိသူ (၂၁၈) ဦးအား ယာယီနေထိုင်ခွင့်ထုတ်ပေးမည်

သီလဝါဥယျာဉ်အိမ်ရာ၊ ယုဇနအိမ်ရာအပိုင်း(၃)၊ ကျန်စစ်မင်းအိမ်ရာအပိုင်း(၁)နှင့် ရိုးမရိပ်သာအိမ်ရာတို့မှအခန်းများအား ချေးငွေဖြင့်ဝယ်ယူခွင့်ရရှိသူ (၂၁၈) ဦး အားယာယီနေထိုင်ခွင့်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါ အခန်းများကို အိမ်ရာချေးငွေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းအစီအစဉ်ဖြင့် ဇွန် ၂၇ ရက်က ရောင်းချခဲ့ခြင်းဖြစ်ကာ ဝယ်ယူခွင့်ရရှိသူများသည် ချေးငွေနှင့်ပတ်သက်သောလုပ်ငန်းများကို CHID Bank ၌ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယာယီနေထိုင်ခွင့်အကြောင်းကြားစာများကို နိုဝင်ဘာ ၆ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ရုံးချိန်အတွင်း ရန်ကုန်တိုင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (အမှတ်၂၂၈/၂၃၄ ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်)တွင်ဆောင်ရွက်ပေးလျက်ရှိ၍ ထုတ်ယူမည့်သူများအနေဖြင့် ကိုယ်တိုင်ထုတ်ယူပါက မှတ်ပုံတင်မူရင်း/မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ကိုယ်စားထုတ်ယူပါက ကိုယ်စားလှယ်လွှဲစာမူရင်း၊ ကာယကံရှင်နှင့် ကိုယ်စားလှယ်၏ မှတ်ပုံတင်မူရင်း/မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူတို့ကိုတင်ပြထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အခန်းသော့ထုတ်ပေးခြင်းနှင့် အခန်းအပ်နှံခြင်းအား သီလဝါဥယျာဉ်အိမ်ရာ၏ အခန်း (၅၆) ခန်းအတွက် နိုဝင်ဘာ ၁၇ ရက်၊ ယုဇနအိမ်ရာအပိုင်း (၃) ၏ အခန်း (၃၄) ခန်းအတွက် နိုဝင်ဘာ ၁၈ ရက်၊ ကျန်စစ်မင်းအိမ်ရာအပိုင်း (၁) ၏ အခန်း (၅၀) အတွက် နိုဝင်ဘာ ၁၉ ရက်၊ ရိုးမရိပ်သာအိမ်ရာ၏ အခန်း (၇၈) ခန်းအတွက် နိုဝင်ဘာ ၂၀ ရက်တို့တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဝယ်ယူခွင့်ရရှိသူများအနေဖြင့် သက်ဆိုင်ရာအိမ်ရာများ၌ ယာယီနေထိုင်ခွင့်အကြောင်းကြားစာမူရင်းနှင့်အတူလာရောက်လက်ခံရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ အင်ဒိုနီးရှားကြက်တောင်မယ်ကို ရှုံးနိမ့်

ဆီးဂိမ်းပြိုင်ပွဲဝင်‌ရောင်ယှဉ်ပြိုင်နေသည့်မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာမှာ အင်ဒိုနီးရှားကြက်တောင်မယ် Putri Kusuma WAR -DANI ကို သုံးပွဲကစား (၁)ပွဲနိုင် (၂)ပွဲရှုံးဖြင့် ရှုံးနိမ့်ခဲ့သည်။ အဆိုပါ ပွဲစဉ်မှာ ကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်ပြီး ယနေ့ ဒီဇင်ဘာ (၉)ရက်တွင် စတင်ယှဉ်ပြိုင်ကစားကြခြင်းဖြစ် သည်။ သုံးပွဲကစားသည့်အနက် ပထမပွဲစဉ်တွင် (၁၃)မှတ် (၂၁)မှတ်၊ ဒုတိယပွဲစဉ်တွင် (၂၀)မှတ်(၂၂)မှတ်ဖြင့် ရှူံးနိမ့်ခဲ့ကာ တတိ ယပွဲစဉ်တွင် (၂၁)မှတ်(၁၇)မှတ်ဖြင့်အ နိုင်ရရှိခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ၂၀၁၇ ခုနှစ်မှစ၍ အိုလံပစ်ပြိုင်ပွဲများဝင်ရောက်ခွင့်ရရှိရန် ကြိုးပမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်အသိအမှတ်ပြု နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပြီး...

Nature သိပ္ပံဂျာနယ် ၏ နှစ်စဉ် “Nature’s 10” စာရင်းတွင် တရုတ် ပညာရှင် နှစ်ဦး ပါဝင်

တရုတ်နိုင်ငံ၏ AI ကုမ္ပဏီဖြစ်သော DeepSeekကို တည်ထောင်သူ လျန်ဝမ်ဖုန်း (Liang Wenfeng) နှင့် "ရေနက်ပိုင်း ရေငုပ်သမား" (Deep diver) ဟုခေါ်သော တရုတ် ဘူမိသိပ္ပံပညာရှင် ဒူမင်ရန် (Du Mengran) တို့သည် ၂၀၂၅ ခုနှစ်၏ အကြီးမားဆုံး သိပ္ပံဖြစ်ရပ်အချို့၏ ဗဟိုချက်တွင်ရှိခဲ့သည့် လူပုဂ္ဂိုလ် ၁၀ ဦးကို မီးမောင်းထိုးပြသော လန်ဒန်မြို့အခြေစိုက် Nature သိပ္ပံဂျာနယ် ၏ နှစ်စဉ် "Nature's 10" စာရင်း အတွက် ရွေးချယ်ခြင်းခံခဲ့ရသည်။ ထိုပုဂ္ဂိုလ်နှစ်ဦးသည်...

ဥရောပဟာ ‘မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ဦးတည်နေတယ်’ ဟု ထရမ့်ဆို

ဥရောပကော်မရှင် (European Commission) က X (ယခင် Twitter) အပေါ် ဒ-ဏ်ငွေချမှတ်ခဲ့တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး ဥရောပဟာ "မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ရွေ့လျားနေတယ်" လို့ သတိပေးပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်မှာ စိုက်ပျိုးရေးလုပ်ငန်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ ဒီဒဏ်ငွေကိစ္စကို မေးမြန်းတဲ့အခါ ထရန့်က ဘရပ်ဆဲလ်ရဲ့ ဆုံးဖြတ်ချက်ကို "မကောင်းဆိုးဝါးဆန်တယ်" လို့ ပြောဆိုခဲ့ပြီး၊ "ဥရောပက အရမ်းသတိထားရလိမ့်မယ်" လို့လဲ ဖြည့်စွက်ပြောခဲ့ပါတယ်။ သူက EU နိုင်ငံတွေ လိုက်လျှောက်နေတဲ့ လက်ရှိနိုင်ငံရေး လမ်းကြောင်းအပေါ် စိုးရိမ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071