Sunday, May 24, 2026

ဖိလစ်ပိုင်မှာ ကိုးထပ်တိုက်ပြိုကျ၊ လူဒါဇင်နှင့်ချီ၍ ပိတ်မိနေ

ဖိလစ်ပိုင်မြို့တော် မြောက်ဘက်ရှိ အန်ဂျလိစ်စီးတီးတွင် ဆောက်လုပ်ဆဲ ကိုးထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီး လူ ၃၀ မှ ၄၀ ဝန်းကျင်ခန့် ပိတ်မိနေသည်ဟု စိုးရိမ်ရကြောင်း...

တရုတ်၏ ရှန်ကျိုး-၂၃ အာကာသမစ်ရှင်တွင် အာကာသယာဉ်မှူး...

တရုတ်နိုင်ငံသည် ၎င်း၏ Tiangong အာကာသစခန်းသို့ ရှန်ကျိုး-၂၃ (Shenzhou-23) အာကာသမစ်ရှင်ဖြင့် အာကာသယာဉ်မှူး ၃ ဦးကို တနင်္ဂနွေနေ့တွင် စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။...

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ကျောင်းသားဟောင်းများ၏ ပထမအကြိမ်တွေ့ဆုံပွဲ မုံရွာမြို့တွင်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် သီတင်းသုံးတော်မူကြသော နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ကျောင်းသားဟောင်း များ၏ ပထမအကြိမ်တွေ့ဆုံပွဲကို မေ ၂၃ ရက် ညနေပိုင်းက မုံရွာမြို့ မဟာလယ်တီကျောင်းတိုက်၊...

ပြည်ပဝင်ငွေတိုးစေမည့် Myanmar Agri Foods...

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကျီးအင်းကျေးရွာရှိ Myanmar Agri Foods Co., Ltd ၏ အေးခဲဟင်းသီးဟင်းရွက် ထုတ်လုပ်တင်ပို့နေမှုလုပ်ငန်းများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomeMoviesအိမ်ဖြူတော်အပြင်ဘက်တွင် သေနတ်ဖြင့် လိုက်လံပစ်ခတ်သည့်...

အိမ်ဖြူတော်အပြင်ဘက်တွင် သေနတ်ဖြင့် လိုက်လံပစ်ခတ်သည့် သေနတ်သမားအား လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ က ပစ်ခတ်ရာမှ သေဆုံး

စနေနေ့ညနေပိုင်းက အိမ်ဖြူတော်အနီးတွင် သေနတ်သမားတစ်ဦးက သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ရာ အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ (U.S. Secret Service) အေးဂျင့်များက ပြန်လည်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း တိုက်ခိုက်သူ သေဆုံးသွားခဲ့ပြီး ဘေးမှဖြတ်သွားသည့် လမ်းသွားလမ်းလာတစ်ဦးလည်း သေနတ်ကျည်ဆန်ထိမှန်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ထိုဖြစ်ရပ်ဖြစ်ပွားချိန်တွင် သမ္မတ ဒေါ်နယ်ထရန့်သည် အိမ်ဖြူတော်အတွင်း၌ ရှိနေပြီး အီရန်နိုင်ငံနှင့် သဘောတူညီချက်တစ်ခုရရှိရန် ညှိနှိုင်းဆောင်ရွက်နေစဉ်လည်း ဖြစ်သည်။ သို့သော် ၎င်းအပေါ် တစ်စုံတစ်ရာ သက်ရောက်မှုမရှိခဲ့ကြောင်း လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့၏ ပြန်ကြားရေးအရာရှိချုပ် အန်တိုနီ ဂူဂလီရယ်လ်မီ (Anthony Guglielmi) က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

အဆိုပါ ရင်ဆိုင်ပစ်ခတ်မှုသည် ညနေ ၆ နာရီကျော်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးသည် အိမ်ဖြူတော်လုံခြုံရေးစည်းအနီးတွင် “၎င်း၏အိတ်ထဲမှ လက်နက်တစ်ခုကို ထုတ်ယူကာ စတင်ပစ်ခတ်ခဲ့ခြင်း” ဖြစ်သည်။

“လျှို့ဝှက်ထောက်လှမ်းရေးရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့လို့ သံသယရှိသူကို ထိမှန်ခဲ့ပြီး သူ့ကို အနီးအနားက ဆေးရုံတစ်ခုဆီ ပို့ဆောင်ခဲ့ပေမဲ့ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ပစ်ခတ်မှုအတွင်း လမ်းသွားလမ်းလာတစ်ဦးလည်း သေနတ်ကျည်ဆန်ထိမှန်ခဲ့ပါတယ်” ဟု ဂူဂလီရယ်လ်မီက ပြောကြားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လမ်းသွားလမ်းလာ၏ အခြေအနေနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုမူ ထည့်သွင်းပြောကြားခြင်းမရှိပေ။

လျှို့ဝှက်ထောက်လှမ်းရေးအရာရှိများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါ။

ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာသို့ အလုံးအရင်းဖြင့် ရောက်ရှိလာပြီး လမ်းများကို ပိတ်ဆို့ကာ ဝင်ထွက်ခွင့်ကို ကန့်သတ်ခဲ့ကြပြီး၊ ဝါရှင်တန်ဒီစီ မြို့လယ်ရှိ အဆိုပါနယ်မြေအတွင်းသို့ သတင်းထောက်တစ်ဦး ဝင်ရောက်ရန် ကြိုးပမ်းမှုကို အမျိုးသားအစောင့်တပ်ဖွဲ့က တားဆီးပိတ်ဆို့ခဲ့သည်။

“ကျွန်တော်တို့ မီးရှူးမီးပန်းဖောက်သံလိုမျိုး အသံအချက် ၂၀ ကနေ ၂၅ ချက်လောက် ကြားလိုက်ရတယ်၊ ဒါပေမဲ့ အဲဒါတွေက သေနတ်သံတွေဖြစ်နေပြီး အဲဒီနောက်မှာတော့ လူတိုင်း ထွက်ပြေးကြတော့တာပဲ” ဟု ကနေဒါနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ရိုက်ဒ် အာဒရီယန် (Reid Adrian) က ပြောပြခဲ့သည်။

ထိုအချိန်တွင် အိမ်ဖြူတော် မြောက်ဘက်မြက်ခင်းပြင်(North Lawn) သို့ ရောက်ရှိနေသည့် ဂျာနယ်လစ်များကမူ ၎င်းတို့ကို ချက်ချင်းထွက်ပြေးပြီး သတင်းစာရှင်းလင်းပွဲခန်းမအတွင်း ခိုလှုံရန် အမိန့်ပေးခြင်းခံခဲ့ရကြောင်း ပြောကြသည်။

ABC သတင်းဌာန၏ သတင်းထောက် ဆယ်လီနာ ဝမ် (Selina Wang) သည် လူမှုကွန်ရက်အတွက် ဗီဒီယိုတစ်ခု ရိုက်ကူးနေစဉ် သေနတ်သံများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး၊ သူမ မြေပြင်ပေါ်သို့ ဝပ်ချလိုက်ရသည့်အချိန်တွင် သေနတ်သံများကိုပါ ဗီဒီယိုထဲ၌ ဖမ်းယူမိခဲ့သည်။

“သေနတ်သံ အချက်ပေါင်း ဒါဇင်နဲ့ချီ ထွက်ပေါ်လာတဲ့အသံမျိုးပဲ” ဟု သူမက X လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။
“သမ္မတ ထရန့် ဘေးကင်းလုံခြုံတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” “ချက်ချင်းဆိုသလို ရဲရဲဝံ့ဝံ့ တုံ့ပြန်ဆောင်ရွက်ပေးခဲ့တဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ကို အနန္တကျေးဇူးတင်ရှိပါတယ်။ နိုင်ငံရေးအကြမ်းဖက်မှုတွေ ချုပ်ငြိမ်းရပါမယ်။”စသည်ဖြင့် စနေနေ့ညနေပိုင်း ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အောက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ်များက X ပေါ်တွင် ရေးသားခဲ့ကြသည်။

အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်သော ထရန့်သည် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု သုံးကြိမ်တိုင်တိုင် ပစ်မှတ်ထားခြင်းခံခဲ့ရပြီး နောက်ဆုံးပစ်ခတ်မှုမှာ ယခုနှစ် ဧပြီလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ၊ ထရန့် တက်ရောက်နေသည့် မီဒီယာဂါလာပွဲရှိရာ ဟိုတယ်တစ်ခု၏ လုံခြုံရေးစစ်ဆေးရေးဂိတ်သို့ လက်နက်ကိုင်ဆောင်ထားသူတစ်ဦးက အတင်းဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ် ဇူလိုင်လကလည်း ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ္တလာ(Butler) မြို့ရှိ မဲဆွယ်စည်းရုံးရေးပွဲတစ်ခုအတွင်း ထရန့်သည် ပစ်မှတ်ထားခြင်းခံခဲ့ရသည်။ သေနတ်သမားတစ်ဦးက ပရိသတ်တစ်ဦးကို ပစ်ခတ်ခဲ့ပြီး ထိုစဉ်က သမ္မတလောင်းဖြစ်သူ ထရန့်၏ နားရွက်ကိုလည်းအနည်းငယ် ဒဏ်ရာရရှိစေခဲ့သည်။

အဆိုပါဖြစ်ရပ်ဖြစ်ပြီး လအနည်းငယ်အကြာတွင် ထရန့် ဂေါက်သီးရိုက်ကစားနေသည့် ဝက်စ်ပမ်းဘိခ်ျ (West Palm Beach) ဂေါက်ကွင်းတွင် အခြားလက်နက်ကိုင်အမျိုးသားတစ်ဦး ထပ်မံဖမ်းဆီးခံခဲ့ရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖိလစ်ပိုင်မှာ ကိုးထပ်တိုက်ပြိုကျ၊ လူဒါဇင်နှင့်ချီ၍ ပိတ်မိနေ

ဖိလစ်ပိုင်မြို့တော် မြောက်ဘက်ရှိ အန်ဂျလိစ်စီးတီးတွင် ဆောက်လုပ်ဆဲ ကိုးထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီး လူ ၃၀ မှ ၄၀ ဝန်းကျင်ခန့် ပိတ်မိနေသည်ဟု စိုးရိမ်ရကြောင်း မြို့ တော်အရာရှိတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အနီးတစ်ဝိုက်ရှိ လူ ရှစ်ဦးကို ကယ်တင်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဖိုမင် အပါအဝင် အခြား ၁၁ ဦးသည် အဆောက်အအုံတွင်းမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း အိန်ဂျလိစ်စီးတီး ပြန်ကြားရေးအရာရှိ ဂျေးပီလာယိုက DZBB ရေဒီယိုကို ပြောကြားခဲ့သည်။ လုပ်ငန်းခွင် ဖိုမင် ထံမှ ရရှိသော အချက်အလက်များအရ လူ...

တရုတ်၏ ရှန်ကျိုး-၂၃ အာကာသမစ်ရှင်တွင် အာကာသယာဉ်မှူး ၃ ဦး စေလွှတ်မည်

တရုတ်နိုင်ငံသည် ၎င်း၏ Tiangong အာကာသစခန်းသို့ ရှန်ကျိုး-၂၃ (Shenzhou-23) အာကာသမစ်ရှင်ဖြင့် အာကာသယာဉ်မှူး ၃ ဦးကို တနင်္ဂနွေနေ့တွင် စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းမစ်ရှင်သည် တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသစီမံကိန်းတွင် စံချိန်တင်ကာလရှည်ကြာမည့် မစ်ရှင်တစ်ခုဖြစ်လာနိုင်ပြီး အာကာသအတွင်း လူသားဇီဝကမ္မဗေဒဆိုင်ရာ ရေရှည်လေ့လာမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ထားသည်။ Shenzhou-23 အာကာသယာဉ်ကို တရုတ်အနောက်မြောက်ပိုင်း ဂျူကွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-2F Y23 ဒုံးပျံဖြင့် ည ၁၁ နာရီ ၈ မိနစ်တွင် လွှတ်တင်သွားရန် စီစဉ်ထားကြောင်း သိရသည်။ ယင်းမစ်ရှင်တွင်...

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ကျောင်းသားဟောင်းများ၏ ပထမအကြိမ်တွေ့ဆုံပွဲ မုံရွာမြို့တွင်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် သီတင်းသုံးတော်မူကြသော နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ကျောင်းသားဟောင်း များ၏ ပထမအကြိမ်တွေ့ဆုံပွဲကို မေ ၂၃ ရက် ညနေပိုင်းက မုံရွာမြို့ မဟာလယ်တီကျောင်းတိုက်၊ မင်းကတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ဦးဆောင်ကျင်းပသူ ဦးဥဇ္ဇောတကက “စည်းလုံးညီညွတ်ခြင်း၏ မှတ်တိုင်တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပြီ” ဟု မိန့်ကြားခဲ့သည်။ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဦးဥဇ္ဇောတကက အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို လျှောက်ထားခဲ့သည်။ ထို့နောက် ကျောင်းသားဟောင်းမထေရ်ကြီး ဘဒ္ဒန္တခေမိန္ဒ (ဓမ္မပါရဂူ) က အဖွင့်ဩဝါဒကထာ မိန့်ကြားခဲ့ပြီး ကျောင်းသားဟောင်းဆရာတော်များက တစ်ပါးချင်း မိတ်ဆက်လျှောက်ထားခဲ့ကြသည်။ ဆက်လက်၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071