Tuesday, May 19, 2026

ဒဗ္ဗလျူအိပ်ချ်အို ညီလာခံသို့ ထိုင်ဝမ်ကို ဖိတ်ကြားမည့်အဆိုပြုချက်ကို...

ထိုင်ဝမ်၏ ပါဝင်မှုကို ပိတ်ပင်မည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့ပြီးနောက် ဂျီနီဗာတွင် ကျင်းပမည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိပ်ချ်အို)၏ နှစ်ပတ်လည်ညီလာခံသို့ ထိုင်ဝမ်ကို ဖိတ်ကြားမည့် အဆိုပြုချက်အား အဖွဲ့ဝင်နိုင်ငံများက...

နမ့်လန်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေး

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်လန်ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးစိုင်းကောင်းသက်စံ ထံမှ သိရသည်။ ယနေ့ မေလ(၁၉) ရက် နံနက်ပိုင်းက ဆွေးနွေးခဲ့ခြင်းဖြစ်ကာ...

ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ မြန်မာအသင်း၏ ဆီမီးဖိုင်နယ်ပွဲစဉ်များ...

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၂၆ ကမ္ဘာ့ဖ လား ပိုက်ကျော်ခြင်း (ISTAF World Cup) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် အ...

ကျေးရွာ ၂၁၄ ရွာ၌ မိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့်...

ရန်ကုန်၊ မေ ၁၉ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရန်အတွက် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း (၂၁၄)...
HomeMoviesအိမ်ဖြူတော်တွင် ကျင်းပမည့် UFC...

အိမ်ဖြူတော်တွင် ကျင်းပမည့် UFC ပွဲကြီးတွင် ကမ္ဘာ့ချန်ပီယံ မြန်မာပြည်ဖွား ချင်းလူမျိုး ဂျိုရှုအာဗန် (Joshua Van) ဖိတ်ကြားခံရ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော် (White House) ၌ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် ပရော်ဖက်ရှင်နယ် အားကစားပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံဖွား UFC ဖလိုင်းဝိတ်တန်း (Flyweight) ကမ္ဘာ့ချန်ပီယံ ဂျိုရှုအာဗန် (Joshua Van) ဖိတ်ကြားခြင်း ခံထားရကြောင်း သိရသည်။
“UFC Freedom 250” ပွဲကြီးကို အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း ၂၅၀ ပြည့် အထိမ်းအမှတ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ဂျိုရှုအာဗန် အပါအဝင် ကမ္ဘာ့ထိပ်သီး ချန်ပီယံများလည်း တက်ရောက်ကြမည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က ဂျပန်ဖိုက်တာ တတ်ဆူရိုတာအိရ ကစားသမားအား အလဲထိုးကာ ချန်ပီယံခါးပတ်ကို အောင်မြင်စွာ ကာကွယ်ထားနိုင်ခဲ့သည့် အသက် ၂၄ နှစ်အရွယ် မြန်မာပြည်ဖွား ဂျိုရှုအာဗန်သည် လက်ရှိတွင် UFC ၏ ထိပ်သီးကြယ်ပွင့်တစ်ဦးအဖြစ် ရပ်တည်နေခြင်းလည်း ဖြစ်သည်။

အဆိုပါ အိမ်ဖြူတော်မှာ ပြုလုပ်မည့်ပွဲကို လာမည် ဇွန်လ ၁၃ ရက် နှင့် ၁၄ ရက် ရက်တွင်ကျင်းပမည်ဖြစ်ပြီး UFC ၏ အထူးပွဲအဖြစ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒဗ္ဗလျူအိပ်ချ်အို ညီလာခံသို့ ထိုင်ဝမ်ကို ဖိတ်ကြားမည့်အဆိုပြုချက်ကို အဖွဲ့ဝင်နိုင်ငံများ ပယ်ချ

ထိုင်ဝမ်၏ ပါဝင်မှုကို ပိတ်ပင်မည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့ပြီးနောက် ဂျီနီဗာတွင် ကျင်းပမည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိပ်ချ်အို)၏ နှစ်ပတ်လည်ညီလာခံသို့ ထိုင်ဝမ်ကို ဖိတ်ကြားမည့် အဆိုပြုချက်အား အဖွဲ့ဝင်နိုင်ငံများက တနင်္လာနေ့တွင် ပယ်ချခဲ့သည်။ တနင်္လာနေ့တွင် စတင်ခဲ့သော အစည်းအဝေးအတွင်း တရုတ်နိုင်ငံသည် ယင်းအဆိုကို ပါကစ္စတန်နှင့်အတူ ကန့်ကွက်ခဲ့သည်။ ထိုင်ဝမ်ကို ဖယ်ထုတ်မှုကို ညီလာခံက လက်ခံခဲ့သည်။ “တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးညီလာခံ(ဒဗ္ဗလျူအိပ်ချ်အေ) တွင် တရုတ်၏ ထိုင်ဝမ်ဒေသကို မည်သည့်ပုံစံဖြင့်မျှ ပါဝင်ရန် သဘောမတူပါ” ဟု တရုတ်ကိုယ်စားလှယ်က အဖွဲ့ဝင်နိုင်ငံများကို ပြောကြားခဲ့သည်။ ဒဗ္ဗလျူအိပ်ချ်အေတွင် ထိုင်ဝမ်ကို လေ့လာသူအဖြစ် ထည့်သွင်းရန်...

နမ့်လန်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေး

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်လန်ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးစိုင်းကောင်းသက်စံ ထံမှ သိရသည်။ ယနေ့ မေလ(၁၉) ရက် နံနက်ပိုင်းက ဆွေးနွေးခဲ့ခြင်းဖြစ်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခရာကျသည်ဖြစ်ကာ အရွယ်ရောက်သူတိုင်း မသင်မနေရပညာရေးစနစ်ကို အားပေးကြရန်နှင့် စာသင်ရမည့်အရွယ် စာသင်ခန်းထဲရောက်အောင် ကြိုးပမ်းဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့သည်။ ထို့အတူ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးလုပ်ငန်းရပ်များ မိမိတို့ဒေသတွင် မရှိစေရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ကာ နမ့်လန်အား ခေတ်မီသော မြို့အဖြစ်ရရှိရေးကို အတူတကွပူးပေါင်းဆောင်ရွက်ကြရန်လည်း ဆွေးနွေးမှာကြားခဲ့ကြသည်။ ထို့အတူ နမ့်လန်မြို့ လျှပ်စစ်မီးပြန်လည်ရရှိရေး၊...

ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ မြန်မာအသင်း၏ ဆီမီးဖိုင်နယ်ပွဲစဉ်များ ယနေ့ယှဉ်ပြိုင်မည်

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၂၆ ကမ္ဘာ့ဖ လား ပိုက်ကျော်ခြင်း (ISTAF World Cup) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် အ မျိုးသား (၃) ယောက်တွဲနှင့် (၄)ယောက်တွဲ ပြိုင်ပွဲနှစ်ခုလုံးတွင် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်ထားပြီး ယနေ့ မေ လ (၁၉) ရက်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ယနေ့ ယှဉ်ပြိုင်မည့် ပွဲစဉ်ဇယားများမှာ အမျိုးသား (၄) ယောက်တွဲ (Premier Division Quad)တွင် မြန်မာနှင့် အိန္ဒိယအသင်း၊ အမျိုးသား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071