နေပြည်တော် ဩဂုတ် ၁၁
နေပြည်တော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမမှာ မနေ့ က အိမ်စောင့် အစိုးရအဖွဲရဲ့ ပပထမဆုံးအကြိမ် အစည်းအဝေးကို ပြုလုပ်ခဲ့ကာ နစက ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး သူ့ရဲ့ အစိုးရ အဖွဲ့ဝင်တွေကို အချိန်ခဏဘဲ နိုင်ငံကို အုပ်ချုပ်မှာဖြစ်တယ်လို့ ထည့်သွင်းပြောကြားလိုက်ပါတယ်။
အစည်းအဝေးကို နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးချစ်နိုင်၊ ဒုတိယဗိုလ်ချုပ် ကြီးထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဒေါက်တာဌေးအောင်၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦးတို တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် ချိတ်ဆက် တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ မိမိတို့ အစိုးရအဖွဲတာဝန်ယူရမည့် ကာလသည် အချိန်ကာလ ခဏသာဖြစ်ကြောင်းကိုလည်း တာဝန်ထမ်းဆောင်မှု (၆)လပြည့် မိန့်ခွန်းတွင် မိမိအနေဖြင့် ပြောကြားပြီးဖြစ်တယ်လို့ နစက ခေါင်းဆောင် အိမ်စောင့်အစိုးရအဖွဲဝန်ကြီးချုပ်က ပြောပါတယ်။
အရေးပေါ်ကာလသတ်မှတ်ခြင်းနဲ့ဆောင်ရွက်လို့ မပြီးခဲ့ရင် ဥပဒေအရခွင့်ပြုနိုင်သည်များရှိသည်ကို အရေးပေါ်ကာလပြဌာန်းချက်ဥပဒေ အခန်းတွင် ပါရှိပြီးဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။