ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အိမ်စီးကားမှအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ရပ်ထားသည့် (၆) ဘီးကားနောက်ပိုင်းကိုဝင်တို-က်မိခဲ့မှု နိုဝင်ဘာ ၂၈ ရက်ည ၆ နာရီ ၄၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
အောင်ပန်းမြို့ရှိ ပြည်ထောင်စုလမ်းမကြီးအတိုင်း တောင်ကြီးဘက်မှ ကလောဘက်သို့မောင်းနှင်လာသော TOYOTA MARK X (ခဲရောင်) အိမ်စီးကားသည် မိုင်တိုင်အမှတ် ၇၉/၅ နှင့် ၇၉/၆ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ရပ်ထားသော DUMP TRUCK (အဖြူရောင်) (၆) ဘီးကားနောက်ပိုင်းကိုဝင်တို-က်မိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် အိမ်စီးကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသား (၃) ဦးမှာ ထိခိုက်ဒ-ဏ်ရာများရ၍ အခင်းဖြစ်နေရာ၌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား (၁) ဦးတွင်လည်း ထိခိုက်ဒ-ဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် အောင်ပန်းမြို့နာရေးကူညီမှုအသင်းနှင့် မဟာလူမှုကယ်ဆယ်ရေးအသင်းတို့မှ အောင်ပန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ယာဥ်တို-က်မှုကို အောင်ပန်းနယ်မြေမီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
