Sunday, January 25, 2026

ရွေးကောက်ပွဲ အပိုင်း (၃) စတင်ပြီ

ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရန် သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ အမှတ်(၇)ရပ်ကွက်(အနောက်) မဲရုံအမှတ်(၁)မဲရုံမြင်ကွင်းများဖြစ်ပါသည်။ ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ကျင်းပနေသည့် ရွေးကောက်ပွဲ အပိုင်း (၃)၌ ရန်ကုန်တိုင်းဒေသကြီးတွင်...
HomeNewsLocal Newsအိမ်စီးကားပေါ်မှ ကျပ်သိန်း (၂၉၅၀)...

အိမ်စီးကားပေါ်မှ ကျပ်သိန်း (၂၉၅၀) ခန့်တန်ဖိုးရှိ စိတ် ကြွဆေးပြား ၅ ဒသမ ၉ သိန်း ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြို့ အမှတ် (၂) ရပ်ကွက်တွင် ဇူလိုင်လ (၁၇) ရက်၊ ညပိုင်းက အိမ်စီးကားတစ်စီးပေါ်မှ ကျပ်သိန်း (၂၉၅၀) တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ ဒသမ ၉ သိန်းပြားအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ယင်းနေ့ ည ၉ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် လားရှိုးမြို့၊ အမှတ်(၂)ရပ်ကွက်တွင် စိုင်းလီ(ခ)ဆိုင်းလီ မောင်းနှင်ကာ ဂန်ဖန်(ခ)မာဘရန် လိုက်ပါလာသည့် TOYOTA WISH ကားအား သတင်းအရ ရှာဖွေစစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှာဖွေစစ်ဆေးစဉ် ယာဉ်ပေါ်မှ ငွေကျပ် (၂၉၅၀)သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ ဒသမ ၉ သိန်းပြားအား ဖမ်းဆီးရမိခဲ့ပြီး ည (၁၀) နာရီတွင် စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သည့် မဆိုင်းခေါန်နှင့် မမာခေါန်တို့အား လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

လက်ရှိတွင် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူများအား လားရှိုးမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071