ဟစ်ဟော့ပ်ကောင်မလေး Bobby Soxer က လတ်တလောမှာ တော့ ကြော်ငြာတွေ ရိုက်ကူးဖြစ်နေ ပြီး သူမရဲ့ 21 စီးရီး Music Video ကိုတော့ ရိုက်ကူးပြီးစီးသွားပြီလို့ သိရပါတယ်။
“ညီမအနေနဲ့  21 Music Video က အားလုံးရိုက်ကူးပြီးပြီ။ အဲဒါကို ဘယ်လိုဖြန့်ရမလဲ ဆိုတာစဉ်းစားနေတယ်။ အခွေအနေနဲ့ ထုတ်မလား။ ဒါမှမဟုတ် တီဗီချန်နယ်တွေကပဲ လွှင့်မလား၊ အွန်လိုင်းကပဲ ရောင်းမလားပေါ့။ အဲဒါလေးကို စဉ်းစားနေတယ်။ ဒီ 21 Music Video ထဲမှာတော့ ညီမကို အပြင်မှာရော Show တွေမှာပါ မမြင်ဖူးတဲ့ ပုံစံမျိုးတွေ မြင်တွေ့ရမှာပါ။ သေချာလည်း အချိန်ယူရိုက်ထားပါတယ်” လို့ Bobby Soxer ကပြောပါတယ်။ Bobby Soxer က သီချင်းသစ်တွေလည်း မထွက်နိုင်သေးတဲ့ အတွက် ဂီတပွဲတွေလည်း အရင် လောက်မဆိုဖြစ်ဘူး လို့သိရပါတယ်။ ဒီလိုမဆိုဖြစ်တဲ့ အတွက်သူမရဲ့ ဂီတပွဲတွေ ကြည့်ချင်တဲ့ ပရိသတ် အပေါ်မှာ အားနာမိလားဆိုတော့ဟစ်ဟော့ပ်ကောင်မလေး Bobby Soxer က လတ်တလောမှာ တော့ ကြော်ငြာတွေ ရိုက်ကူးဖြစ်နေ ပြီး သူမရဲ့ 21 စီးရီး Music Video ကိုတော့ ရိုက်ကူးပြီးစီးသွားပြီလို့ သိရပါတယ်။
“ညီမအနေနဲ့  21 Music Video က အားလုံးရိုက်ကူးပြီးပြီ။ အဲဒါကို ဘယ်လိုဖြန့်ရမလဲ ဆိုတာစဉ်းစားနေတယ်။ အခွေအနေနဲ့ ထုတ်မလား။ ဒါမှမဟုတ် တီဗီချန်နယ်တွေကပဲ လွှင့်မလား၊ အွန်လိုင်းကပဲ ရောင်းမလားပေါ့။ အဲဒါလေးကို စဉ်းစားနေတယ်။ ဒီ 21 Music Video ထဲမှာတော့ ညီမကို အပြင်မှာရော Show တွေမှာပါ မမြင်ဖူးတဲ့ ပုံစံမျိုးတွေ မြင်တွေ့ရမှာပါ။ သေချာလည်း အချိန်ယူရိုက်ထားပါတယ်” လို့ Bobby Soxer ကပြောပါတယ်။ Bobby Soxer က သီချင်းသစ်တွေလည်း မထွက်နိုင်သေးတဲ့ အတွက် ဂီတပွဲတွေလည်း အရင် လောက်မဆိုဖြစ်ဘူး လို့သိရပါတယ်။ ဒီလိုမဆိုဖြစ်တဲ့ အတွက်သူမရဲ့ ဂီတပွဲတွေ ကြည့်ချင်တဲ့ ပရိသတ် အပေါ်မှာ အားနာမိလားဆိုတော့ “ပရိသတ်ကိုလည်း အားနာမိပါတယ်။ ဒါပေမဲ့ ညီမ အနေနဲ့က အဆိုတော် ဆိုရင် သီချင်းထွက်ရင်တော့ ပရိသတ် နဲ့ပြန်တွေ့ရမှာပေါ့။ သရုပ်ဆောင် ဆိုလည်း ဇာတ်ကားထွက်ရှိမှပေါ့။ ညီမအနေ နဲ့ကတော့ပြီး စလွယ်တော့ သီချင်းတစ်ပုဒ်ကို မလုပ်ချင်ဘူး။ ပြီးတော့ အရင်လိုလည်း ကိုယ်အားနာပြီး လုပ်တဲ့အပိုင်း မျိုးလည်း မထားတော့ဘူး။ သေချာ စိတ်တိုင်းကျတော့မှပဲ ပရိ သတ်ကို နားထောင်စေချင်လို့ပါ။ နယ်ရှိုးတွေတော့ သွားဖြစ်ပါတယ်။ ဒါပေမဲ့ ရန်ကုန်ပွဲကျတော့ ရန်ကုန် ပရိသတ် အနေနဲ့ ညီမတို့ကို တွေ့ဖို့  အခွင့်အရေး ပိုများတာပေါ့။ ဒီတော့ ပြီးခဲ့တဲ့ Show မှာ လာကြည့်တော့ လည်း ဒီသီချင်း တွေပဲ။ နောက်တစ်ခါလည်း ဒီသီချင်းတွေပဲ ဆိုပြီး အရမ်းကပ်နေတာမျိုး မလုပ် ချင်တော့ဘူး။ အဓိကအဲဒါကြောင့်ပါ” လို့ Bobby Soxer က ပြောပါ တယ်။
Bobby Soxer က ဒီနှစ် ဝါကျွတ်မှာတော့ သူမရဲ့ သူငယ်ချင်း တွေထဲက မင်္ဂလာပွဲတွေလည်း အများကြီး ရှိနေတာကြောင့် သတို့  သမီးအရံ အဖြစ် ပါဝင်ဆောင်ရွက် ပေးရမယ့်ပွဲတွေ များတယ်လို့ ဆိုကာ သူမ အနေနဲ့ ကတော့ အိမ်ထောင်ပြု ဖို့အတွက် ငယ်သေးတယ်လို့ ဆိုပါ တယ်။ “ဒီနှစ်ထဲမှာတော့ သူငယ်ချင်း မင်္ဂလာပွဲတွေ အများကြီး ရှိတယ်။အဲဒီမှာ သတို့သမီးအရံ လုပ်ဖို့ ရှိ ပါတယ်။ ညီမအနေ နဲ့ကတော့ ငယ်သေးတယ်။ ကိုယ့်အတွက်လည်း ကြိုးစားရဦးမယ်။ မိဘကိုလည်း လုပ်ကျွေး ရဦးမယ်။ခရီးတွေလည်း သွားချင်သေးတယ်။ လုပ်ချင်တာတွေလည်း အများကြီး ရှိသေးတယ်။ ဒါကြောင့် ဒီလိုအိမ်ထောင်ပြုဖို့ ကိစ္စတွေက ညီမအတွက် ငယ်သေး တယ်လို့ပဲ ပြောချင်ပါ တယ်” လို့ Bobby Soxer က ပြောပြခဲ့ပါတယ်။
ရဲရဲ