Monday, March 17, 2025

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း...

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင်...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း...

ပူတင် နှင့် ထရမ့် နက်ဖြန်...

အင်္ဂါနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ စကားပြောဆို‌ဆွေးနွေးရန်အတွက် ပြင်ဆင်နေကြောင်း ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က ယနေ့...
HomeNewsLocal Newsအိမ်ရာလိုအပ်ချက် အတွက် ရန်ကုန်မြို့...

အိမ်ရာလိုအပ်ချက် အတွက် ရန်ကုန်မြို့ Downtown အပြင်ဘက် မြို့နယ်များကို ဝယ်ယူ ငှားရမ်းရန်အတွက် ပိုမို ရွေးချယ်လာကြ

ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက် အခြေအနေ သည် အရောင်းထက် အငှားပိုင်းတွင် ပိုမိုများပြား လာပြီး အထူးသဖြင့် ရန်ကုန်မြို့လယ်ေ ကာင်မဟုတ်ဘဲ အပြင်ဘက်မြို့နယ်များတွင် ပိုမိုရှာဖွေလာကြကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းများမှ သိရသည်။

မြန်မာနိုင်ငံတွင် အွန်လိုင်းမှတစ်ဆင့် အိမ်ခြံမြေ ရောင်းဝယ်ငှားရမ်းရန်အတွက် ရှာဖွေနိုင်သော အင်တာနက် အိမ်ခြံမြေကွန်ရက် ဖြစ် သည့် house.com.mm မှ onsite dataများအရ ရှာဖွေသူ များ၏ ၆၁ ရာခိုင်နှုန်းခန့်သည် ငှားရမ်းရန် ရှာဖွေသူများ ဖြစ်ပြီး ဝယ်ယူရန် ရှာဖွေသူများသည် ၃၉ ရာခိုင်နှုန်း ခန့်ရှိနေကြောင်းသိရ သည်။ ရှာဖွေမှု၏ ၈၉ ရာခိုင် နှုန်းခန့်သည် ရန်ကုန်မြို့တွင်းရှိ အိမ်ခြံမြေ စာရင်း များကို ရှာဖွေသူများဖြစ်ပြီး အချို့အလယ်အလတ် နှင့် လုပ်ငန်းငယ်များကြောင့် စမ်းချောင်း၊ တောင်ဥက္ကလာပနှင့် ရန်ကင်းစသော မြို့နယ်များရှိ တိုက်ခန်းများကို ရှာဖွေကြခြင်းဖြစ် သည်။  ရန်ကုန် မြို့တွင်းရှိ တောင်ဥက္ကလာပ ၊  ဒဂုံမြို့သစ်မြောက်ပိုင်း၊ စမ်း ချောင်း၊ တာမွေ၊ မရမ်းကုန်း၊ သန်လျင်၊ ဗဟန်း၊ လှိုင်၊ သင်္ဃန်းကျွန်းနှင့် ရန်ကင်း စသည်တို့သည် ထိပ်ဆုံး (၁ဝ) နေရာတွင် ရပ်တည်နေသော မြို့နယ် များဖြစ်ပြီး ဝင်ရောက်ကြည့်ရှုရှာဖွေသူ အများ ဆုံးသော မြို့နယ်များအဖြစ် တောင်ဥက္ကလာပ၊ မြောက်ဒဂုံနှင့် စမ်းချောင်းမြို့နယ် တို့ ဖြစ်ကြသည်။ အိမ်ခြံမြေလုပ်ငန်းကျွမ်းကျင်သူ Mr. Nitesh Khirwal  က ..

“ဖြစ်နိုင်ခြေကတော့ Down-town ရှိ အိမ်ရာ တိုက်ခန်းတွေဟာ များသောအားဖြင့် စီးပွားရေး လုပ်ငန်းသုံးတွေ ဖြစ်တာကြောင့်   ဈေးနှုန်းမြင့် မားနေပြီးTraffic   တွေကြောင့် နေထိုင်ဖို့သီးသန့် အိမ်ရာ ရှာဖွေသူတွေဟာ Downtown  ဧရိယာအပြင် ဘက်မြို့နယ်တွေ မှာ ပိုမိုရှာဖွေလာကြခြင်း ဖြစ်နိုင်ပါ တယ်” ဟု ပြောသည်။

ရန်ကုန်မြို့ လူဦးရေ၏ ၇၅ ရာခိုင်နှုန်းသည် တစ်လလျှင် ဝင်ငွေ ၂ သိန်းနှင့် ၂ သိန်းအောက်သာ ရရှိသူများဖြစ်နေသောကြောင့် ကာလ တန်ဖိုးနည်း အိမ်ရာ လိုအပ်ချက်များ ဆက်လက် ဖြစ်ပေါ်နေ ဦးမည်ဖြစ်ကြောင်း အိမ်ခြံမြေဆိုင်ရာ ကျွမ်းကျင် သူများက ပြောသည်။   မြန်မာနိုင်ငံသည် အာရှဒေ သတွင်းက မြို့ပြတိုးတက်မှုရှိသော စာရင်းဝင် နိုင်ငံတစ်ခုဖြစ်နေပြီး မြို့ပြတိုးတက်မှုနှုန်းထားသည်  ၃ဝ ရာခိုင်နှုန်းခန့်ရှိနေသည်။ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ခံခဲ့သော ရလဒ်များ၏ ကိန်းဂဏန်း ဖော်ပြချက်အခြေအနေများအရ အနာဂတ်ကာလများမှာ အိမ်ရာအခန်းပေါင်း ၁ သန်းခွဲခန့်မှ ၂ သန်း ခန့်အထိ လိုအပ်မည်ဖြစ်ပြီး ၂ဝ၃ဝ ခုနှစ်တွင် အိမ်ရာပေါင်း ၂ သန်း ခန့်အထိ လိုအပ်နိုင်ကြောင်း သိရသည်။

HEZ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071