Sunday, January 25, 2026

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeNewsLocal Newsအိန္ဒိယ - မြန်မာ...

အိန္ဒိယ – မြန်မာ – ထိုင်း(၃)နိုင်ငံလမ်းမ စီမံကိန်း ပြန်လည်စတင်ရန် နည်းလမ်းရှာနေကြောင်း အိန္ဒိယဘက်က ထုတ်ပြောလာ

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမ တည်ဆောက်ရေး စီမံကိန်း အပြီးသတ်ရန် ကြန့်ကြာမှုများ ရှိနေသော်လည်း စီမံကိန်း ပြန်လည် စတင်ရန် နည်းလမ်းရှာနေကြောင်း အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး အက် (စ်)ဂျိုင်ရှန်ကာက ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် (၁၂) ကြိမ်မြောက် မဲခေါင်- ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကီလိုမီတာ ၁၄၀၀ ခန့် ရှည်လျားမည့် အဆိုပါအဝေးပြေးလမ်းမကြီးကို မူလက ၂၀၁၉ ခုနှစ်တွင် အပြီးသတ်တည်ဆောက်ရန် လျာထားဖောက်လုပ်ခဲ့သော်လည်းနှောင့်နှေးကြန့်ကြာမှုများရှိခဲ့သည့်အတွက် လာမည့် ၂၀၂၇ ခုနှစ်ရောက်မှသာ စီမံကိန်းတစ်ခုလုံး ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အဆိုပါ (၃) နိုင်ငံ အဝေးပြေးလမ်းမစီမံကိန်း တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး အက် (စ်)ဂျိုင်ရှန်ကာက (၁၂) ကြိမ်မြောက် မဲခေါင်- ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ပြီး အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများကလည်း ‌ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို ဖြတ်သန်းဖောက်လုပ်နေသည့် (၃) နိုင်ငံ အဝေးပြေးလမ်းမကြီး တည်ဆောက်မှုသည် လက်ရှိတွင် (၇၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး စီမံကိန်းကို ပြန်လည်စတင်နိုင်ရေးအတွက် ဦးစားပေးအနေဖြင့် နည်းလမ်းရှာနေကြောင်း ထုတ်ဖော်ပြောကြားထားသည်။

အဆိုပါ အဝေးပြေးလမ်းမကြီး အိန္ဒိယနိုင်ငံ နယူးဒေလီမှ စတင်ပြီး မြန်မာဘက်ခြမ်းတွင် မြန်မာ – အိန္ဒိယ နယ်စပ် တမူးမြို့မှ ဖြတ်ကျော်ကာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှတဆင့် ထိုင်းနိုင်ငံအတွင်းရှိ လမ်းပိုင်းနှင့် ချိတ်ဆက်သွားမည်ဖြစ်သည်။

အဆိုပါ (၃) နိုင်ငံ အဝေးပြေးလမ်းမကြီး ပြီးဆုံးသွားပါက ကုန်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။

မြန်မာဘက်ခြမ်းလမ်းပိုင်းများထဲမှ (၇၅) မိုင် အရှည်ရှိသည့် ကလေးဝ – ယာကြီးလမ်းပိုင်း တည်ဆောက်ရန်နှင့် (၉၃) မိုင်ရှည်သည့် တမူး – ကျီကုန်း – ကလေးဝ လမ်းပိုင်းရှိ ချဉ်းကပ်လမ်းနှင့် တံတား (၆၉)စင်းတည်ဆောက်ရန် အတွက် အိန္ဒိယက တာဝန်ယူထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီ (၂၅) ရက် ၊ နံနက် (၇)နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်ပေါ်ပါ ခရီးသည် (၂၂)ဦးအနက် အဆိုပါ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းဖြစ် သည်။ ဒဏ်ရာရသူ အမျိုးသမီးအား စေတနာမွန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071