မတ်ပဲနဲ့ ပဲစင်းငုံ သုံးတင်းဝင် တစ်အိတ်ဈေးဟာ အခုဈေးကွက်မှာ တစ်သိန်းနှစ်သောင်းပါတ်ချာလည်ဈေးရှိနေတယ်လို့ ပဲဈေးကွက်ကနေ သိရပါတယ်။
အခုဖြစ်ပေါ်နေတဲ့ ဈေးနှုန်းဟာ ငါးနှစ်အတွင်း အမြင့်ဆုံးဈေးတစ်ခုလို့ လည်း ပဲကုန်သည်တွေက ပြောပါတယ်။
ဝန်ကြီးချုပ်မိုဒီခေါင်းဆောင်တဲ့ အိန္ဒိယအစိုးရက မြန်မာကနေ အရင် အကန့်အသတ်နဲ့ ဝယ်နေတဲ့ ပဲဝယ်ယူရေး မူဝါဒကို ပြီးခဲ့တဲ့ မေလက ပြန်လည်သုံးသပ်ပြီး ဇွန်လမှာ အကန့်အသတ်ကို ဖြတ်ကာ ဝယ်ယူမယ့်အကြောင်း အတည်ပြုပေးခဲ့တယ်လို့သိရပါတယ်။
ဒီဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲအရ ပဲဈေးတွေ တက်လာတာလို ပဲကုန်သည်အချို့က သုံးသပ်ကြပါတယ်။
အိန္ဒိယအစိုးရဟာ ပြီးခဲ့တဲ့ ကာလတစ်လျှောက်လုံးနီးပါး အကန့်အသတ်နဲ့ပဲ မြန်မာ့ပဲတွေကို ဝယ်ယူခဲ့တာပါ။
အဲ့ဒီလိုအကန့်အသတ်နဲ့ ဝယ်ူလိုက်တာနဲ့အမျှ ပဲဈေးက ပုံမှန်ဈေးထက် အဆများစွာကျဆင်းသွားပြီး ပဲတောင်သူတွေ ထိခိုက်ခဲ့ရတဲ့ အခိုက်အတန့်တွေလည်းရှိခဲ့ဖူးပါတယ်။
လက်ရှိ မန္တလေးဈေးကွက်မှာ မတ်ပဲသုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၁၂၀၀၀၀ နှုန်း၊ ပဲစင်းငုံအသစ် သုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၁၁၅၀၀၀ နှုန်း ရှိနေတယ်လို့ သိရပါတယ်။