Wednesday, May 21, 2025

လိုင်စင်မဲ့ယာဥ်များစီးနင်းမှုကို ဖော်ထုတ်အရေးယူရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

လိုင်စင်မဲ့ယာဉ်များဖော်ထုတ်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် မှာကြားခဲ့ခြင်းဖြစ်သည်။ လိုင်စင်မဲ့မော်တော်ယာဉ်နှင့်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)...

ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိသည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်သည် အကောင်းဆုံးဖြစ်ဟု နစက...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်ကိုထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်က ဒုတိယနေ့အဖြစ်ဆက်လက်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့...

ရွေးကောက်ပွဲပြီးချိန်တွင် အနိုင်ရပါတီအားနိုင်ငံတော်တာဝန်များကိုပြန်လည်အပ်နှင်းပေးသွားမည်ဟု နစက ဥက္ကဋ္ဌပြော

ယခုနှစ် ဒီဇင်ဘာလအတွင်း၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီးချိန်တွင် ဆောင်ရွက်မည့်လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ယနေ့ မေ ၂၀ ရက်ကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် နစက...
HomeInternationalအိန္ဒိယ၌ အိုင်ဖုန်း ၁၄...

အိန္ဒိယ၌ အိုင်ဖုန်း ၁၄ ထုတ်လုပ်သွားရန် အက်ပဲလ် စီစဉ်နေ

အိန္ဒိယ၌ အိုင်ဖုန်း ၁၄ ထုတ်လုပ်သွားရန် အက်ပဲလ် စီစဉ်နေ

အမေရိကန်နည်းပညာကုမ္ပဏီကြီးဖြစ်သည့် အက်ပဲလ်သည် ၎င်း၏ နောက်ဆုံးပေါ်ဖုန်းဖြစ်သည့် အိုင်ဖုန်း ၁၄ ကို တရုတ်နိုင်ငံအစား အိန္ဒိယနိုင်ငံတွင် စတင်ထုတ်လုပ်ရန် စီစဉ်နေကြောင်း ဘလွန်းဘတ် သတင်းဌာနက ဖော်ပြခဲ့သည်။

ဝါရှင်တန်နှင့် ရှီကျင့်ဖျင်အစိုးရတို့၏ ထိပ်တိုက်တွေ့မှုများ၊ တရုတ်နိုင်ငံတစ်ဝန်း၌ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ဆို့မှုများ စသည်တို့ကြောင့် အက်ပဲလ်၏ အိုင်ဖုန်း ၁၄ ထုတ်လုပ်မှုကို နှောင့်နှေးစေခဲ့ပြီးနောက် အဆိုပါဖြစ်ရပ် ထွက်ပေါ်လာခြင်းဖြစ်သည်။

အက်ပဲလ်သည် အိန္ဒိယတွင် အိုင်ဖုန်း ၁၄ ထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့် အိုင်ဖုန်းတစ်ခု ထုတ်လုပ်ပြီးနောက် အိုင်ဖုန်းအမျိုးအစားအသစ် ထပ်မံထုတ်လုပ်ရန် ပုံမှန်ကြာလေ့ရှိသည့် ခြောက်လမှ ကိုးလ အချိန်ကာလကိုပါ လျှော့ချရန် ကုန်ပစ္စည်းထောက်ပံ့သူများနှင့် လက်တွဲဆောင်ရွက်နေကြောင်း အဆိုပါ ကိစ္စနှင့်နီးစပ်သူများကို ကိုးကား၍ ဘလွန်းဘတ်က သြဂုတ် ၂၃ ရက် အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

၎င်း၏ ဖော်ပြချက်အရ အက်ပဲလ်၏ ထိုင်ဝမ်အခြေစိုက် ကုန်ပစ္စည်းထောက်ပံ့သူ ဖော့စ်ကွန်းသည် အိန္ဒိယနိုင်ငံတောင်ပိုင်း ချနိုင်း မြို့အပြင်ဘက်ရှိ ၎င်း၏စက်ရုံတွင် တရုတ်နိုင်ငံမှ ပစ္စည်းများတင်ပို့ခြင်းနှင့် အိုင်ဖုန်း ၁၄ တပ်ဆင်ခြင်းလုပ်ငန်းစဉ်များကို လေ့လာနေကြောင်း သိရသည်။

အိန္ဒိယမှ ပထမဆုံး အိုင်ဖုန်း ၁၄ အက်စ် ထုတ်လုပ်မှုကို အောက်တိုဘာလနှောင်းပိုင်း သို့မဟုတ် နိုဝင်ဘာလတွင် အပြီးသတ်နိုင်ဖွယ်ရှိကြောင်း ဘလွန်းဘတ်က ဖော်ပြထားသည်။

အက်ပဲလ်သည် အဆိုပါ သတင်းနှင့် ပတ်သက်၍ လတ်တလော မှတ်ချက်မ‌ေပးသေးပေ။

အက်ပဲလ်သည် တရုတ်နိုင်ငံရှိ အိုင်ဖုန်း ထုတ်လုပ်သည့် စက်ရုံအချို့ကို ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်သည့် အိန္ဒိယ အပါအဝင် အခြားနိုင်ငံများသို့ ပြောင်းရွှေ့နေပြီး အိုင်ပက် တက်ဘလက်များကိုပါ အိန္ဒိယတွင် ထုတ်လုပ်တပ်ဆင်သွားရန် စီစဉ်လျက်ရှိသည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လိုင်စင်မဲ့ယာဥ်များစီးနင်းမှုကို ဖော်ထုတ်အရေးယူရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

လိုင်စင်မဲ့ယာဉ်များဖော်ထုတ်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် မှာကြားခဲ့ခြင်းဖြစ်သည်။ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များစီးနင်းနေမှုများကို ဖော်ထုတ်ရမည်ဖြစ်ကာ နံပါတ်ပြားအတုပြုလုပ်ခြင်း၊ လိုင်စင်အတုပြုလုပ်ခြင်းများကိုတွေ့ရှိရသဖြင့် တာဝန်ရှိသူများအနေဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို စိစစ်ဖော်ထုတ်အရေးယူရမည်ဟု မှာကြားသည်။ " အဲဒီလိုစီးနင်းနေမှုတွေကြောင့် နိုင်ငံတော်အနေနဲ့ အခွန်အခတွေများစွာနစ်နာရသလို လုံခြုံရေးဆိုင်ရာကိစ္စတွေမှာလည်း အခက်အခဲတွေဖြစ်ပေါ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းနဲ့ပြည်နယ်တွေအလိုက် လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေစီးနင်းမှုမရှိစေဖို့ကြပ်မတ်ဆောင်ရွက်ကြရပါမယ်"ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။ ထို့အတူ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှလည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုထိခိုက်စေသည့် နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများမရှိစေရန်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄) သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိ

ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိသည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအထောက်အကူပြုနိုင်သည့် အင်အားများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများဖြစ်ပြီး ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်ရှိသည်ဟု ပြောသည်။ " အဲဒီအထဲကမှ(၄၃၀၀)ကျော်ကို SME Member ကတ်တွေထုတ်ပေးထားပြီးဖြစ်ပါတယ်။ အဲဒီ MSME လုပ်ငန်း(၈)သောင်းကျော်မှာ လုပ်သားဦးရေ(၄၆၄၀၀၀)ကျော်လုပ်ကိုင်နေကြပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေပါတယ်"ဟု...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်သည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌပြော

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်ကိုထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်က ဒုတိယနေ့အဖြစ်ဆက်လက်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအ စည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ လျှပ်စစ်စွမ်းအင်မရှိပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုထိုက်သင့်သလောက်ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိရေးအတွက် လျှပ်စစ် ဓာတ်အားပေးစီမံကိန်းများကို ယခင်ကာလများကပင်ချမှတ်ဆောင်ရွက်ခဲ့သော်လည်း ရှိရင်းစွဲလျှပ် စစ်ဓာတ်အားပေးစီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်မှုမရှိခဲ့သဖြင့် လျှပ်စစ်ဓာတ်အားဖူလုံမှုမရှိခြင်းဖြစ်သည်ဟု ပြောသည်။ " ထင်ရှားတဲ့ဥပမာတစ်ခုကိုပြရမယ်ဆိုရင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းခဲ့ရမှုမရှိရင် မဂါဝပ် ၆ဝဝဝ ရရှိမှာဖြစ်ပါတယ်။ ရှိပြီးဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတို့ပေါင်းစပ်လိုက်မယ်ဆိုရင် လျှပ်စစ် ဓာတ်အားလိုအပ်ချက်ပြည့်မီရုံသာမက ကျော်လွန်တဲ့အနေအထားကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်"ဟု နစက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071