Thursday, June 18, 2026

အီရန်အရေးတွင် ကြားနေခဲ့သည့် ရှီကျင့်ဖျင်နှင့် ပူတင်ကို...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်အရေးနှင့် ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့၏ ရပ်တည်ချက်ကို ချီးကျူးပြောကြားခဲ့ပြီး ပဋိပက္ခအတွင်း ကြားနေသဘောထားဖြင့် ရပ်တည်ခဲ့သည့်အတွက်...

မိုင်းလားတွင် NSPNC နှင့် အထူးဒေသ(၄)...

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၇ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလား...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့ရှိ Huajia...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈...

မိုးပျံတိုက်ခေါင်ညွန့်များအောက်က အင်ဂျင်နီယာပညာ – တရုတ်နိုင်ငံ၏...

ဤမျှကြီးမားလွန်းသည့် မြို့ပြဗိသုကာ အံ့ဖွယ်ကြီးများ၏ နောက်ကွယ်တွင် ခိုင်မာသော မြေသားခံနိုင်ရည် ရှိစေရန်နှင့် သန်းနှင့်ချီသော လူဦးရေအတွက် ရေပေးဝေမှု ပြတ်တောက်မသွားစေရန် အဆင့်မြင့် သိပ္ပံနှင့်...
HomeInternationalအိန္ဒိယ၌လှေ‌နစ်မြုပ်မှုကြောင့် ၂၂ ဦး...

အိန္ဒိယ၌လှေ‌နစ်မြုပ်မှုကြောင့် ၂၂ ဦး ထက်မနည်း သေဆုံး

မလ္လာပူရမ်၊မေ ၈

အိန္ဒိယနိုင်ငံတောင်ပိုင်း ကရီလာပြည်နယ်၌ ခရီးသည်တင် နှစ်ထပ် လှေတစ်စီးတိမ်းမှောက်မှုကြောင့် လူ ၂၂ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများကမေ ၈ ရက်တွင်ပြောကြားခဲ့သည်။ကယ်ဆယ်ရေးလုပ်ငန်းများလည်း လုပ်ဆောင်နေဆဲဖြစ်ကြောင်းသိရသည်။

ညအချိန်ကြီးမြုပ်သွားပြီး တစ်ပိုင်းမြုပ်နေသည့်သင်္ဘောအနီးတစ်ဝိုက်၌ ဒါဇင်နှင့်ချီသောသူများသည် သင်္ဘောပေါ်၌အသက်ရှင်ကျန်သူများအား ဝိုင်းရှာဖွေပေးကြသည်ဟုလည်းသိရသည်။

အချို့ကသင်္ဘောအားထိန်းနိုင်ရန် ကြိုးဖြင့်ထိန်းထားပေးကြပြီး အချို့ကရေထဲဆင်းထိန်းထားပေးကာ အသက်ရှင်သူအားရှာဖွေပေးကြကြောင်းလည်းသိရသည်။

လက်ရှိအချိန်အထိ သေဆုံးသူများ၏ရုပ်အလောင်း ၂၂ လောင်းရှာတွေ့ထားပြီး အမျိုးသမီး ၁၅ ဦးနှင့်အမျိုးသား ၇ ဦးတို့ဖြစ်သည်ဟုဆိုသည်။ဆေးရုံတင်ထားရသူူ ၆ ယောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေသည်ဟုဆိုသည်။

ယခုသေဆုံးသွားသူများထဲ၌ မိသားစုဝင် ၁၁ ဦးရှိသည့် မိသားစုတစ်စုလုံးလည်းပါသွားကြောင်းသိရသည်။အခင်းဖြစ်ချိန်၌ လှေပေါ်တွင် စုစုပေါင်းခရီးသည် ၃၀ ဦးပါဝင်ကြောင်းသိရသည်။အသက်ရှင်သူများ၏ပြောကြားချက်အရ လှေပေါ်ရှိခရီးသည်များအားလုံး အသက်ကယ်အင်္ကျီမဝတ်ထားကြောင်းသိရသည် ။

ယခုအချိန်အထိ လှေနစ်မြုပ်ရသည့်အကြောင်းအရင်းအားမသိရသေးကြောင်းလည်း အာဏာပိုင်များကပြောကြားခဲ့သည်။

Source AFP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်အရေးတွင် ကြားနေခဲ့သည့် ရှီကျင့်ဖျင်နှင့် ပူတင်ကို ထရမ့်ပ် ကျေးဇူးတင်စကားပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်အရေးနှင့် ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့၏ ရပ်တည်ချက်ကို ချီးကျူးပြောကြားခဲ့ပြီး ပဋိပက္ခအတွင်း ကြားနေသဘောထားဖြင့် ရပ်တည်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထရမ့်ပ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် “သူတို့ဟာ အခြေအနေတွေကို ပိုမိုကောင်းမွန်လာအောင် ကူညီပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။ ထို့ပြင် G7 ထိပ်သီးအစည်းအဝေးကာလအတွင်း သတင်းထောက်များအား ပြောကြားရာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပဋိပက္ခအပေါ် အပြည့်အဝ ကြားနေသဘောထားဖြင့် ရပ်တည်ခဲ့ကြောင်း၊ ရုရှားသမ္မတ ပူတင်သည်လည်း အလားတူ...

မိုင်းလားတွင် NSPNC နှင့် အထူးဒေသ(၄) ခေါင်းဆောင်များ တွေ့ဆုံ၊ ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်မှု ဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၇ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလား အထူးဒေသ(၄)သို့ သွားရောက်ခဲ့ကြောင်း သိရသည်။ ခရီးစဉ်အတွင်း NSPNC ကိုယ်စားလှယ်အဖွဲ့သည် အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးထိန်လင်းနှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့ပြီး အပြန်အလှန်နားလည်ယုံကြည်မှု တိုးမြှင့်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မြှင့်တင်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် အစားထိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းများအပြင် ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုကဏ္ဍများဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel သို့ ရောက်ရှိ

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈ ရက် ညပိုင်းတွင် ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ရှန်ဟိုင်းမြို့မှ G253 အမြန်ရထားဖြင့် ဟန်ကျိုးမြို့ရှိ အရှေ့ဟန်ကျိုးဘူတာ (ဟန်ကျိုးတုန်း) သို့ ရောက်ရှိခဲ့ပြီးနောက် Huajia Shanzhuang Hotel သို့ ဆက်လက်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဟိုတယ်သို့ ရောက်ရှိချိန်တွင် တာဝန်ရှိသူများက နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071