အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားဒေသ၏ အဓိကမြို့ဖြစ်သော ဆရီနာဂါတွင် ရဲစခန်းတစ်ခုရှိ ဖမ်းဆီးရမိသော ဖေ-ာက်ခွဲရေးပစ္စည်းများ သိမ်းဆည်းထားရာနေရာတစ်ခု၌ ပေ-ါက်ကွဲမှုဖြစ်ခဲ့သောကြောင့် လူကိုးဦးေ-သဆုံးကာ လူ ၃၀ ကျော် ဒ-ဏ်ရာရခဲ့သည်။
ဆရီနာဂါတောင်ဘက် နောင်ဂမ်ဒေသရှိ ရဲစခန်းတွင် သောကြာနေ့ ညနှောင်းပိုင်းက ဖေ-ာက်ခွဲရေးပစ္စည်းများ ပေ-ါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်သည်။
ရုပ်အလေ-ာင်းအချို့သည် လုံးလုံးမီးကျွမ်းသွားခဲ့ပြီး မည်သူမည်ဝါဖော်ထုတ်သတ်မှတ်နိုင်ရန် လုပ်ဆောင်လျက်ရှိနေကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုက ရို-က်တာကို ပြောကြားခဲ့သည်။
“ပေ-ါက်ကွဲမှုက ပြင်းထန်တာကြောင့် တစ်ချို့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ရဲစခန်းနဲ့ မီတာ ၁၀၀-၂၀၀ ဝန်းကျင်လောက်မှာရှိတဲ့ အနီးနားက လူနေအိမ်တွေမှာ ပြန်ရှာတွေ့ခဲ့ပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောခဲ့သည်။
ေ-သဆုံးသူ အများစုသည် ရဲတပ်ဖွဲ့ဝင်များနှင့် အခင်းဖြစ်ချိန်က ဖေ-ာက်ခွဲရေးပစ္စည်းများကို စစ်ဆေးနေသော မှုခင်းတပ်ဖွဲ့အရာရှိများဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက အိန္ဒိယရုပ်သံလွှင့်ဌာန အင်န်ဒီတီဗီကို ပြောကြားခဲ့သည်။ ပေ-ါက်ကွဲမှုတွင် ဆရီနာဂါအုပ်ချုပ်ရေးအဖွဲ့မှ အရာရှိနှစ်ဦးလည်း ေ-သဆုံးခဲ့သည်ဟု ဆိုသည်။
ဒ-ဏ်ရာရခဲ့သူများတွင် ငါးဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်သောကြောင့် ေ-သဆုံးသူဦးရေ တိုးလာနိုင်ကြောင်း မီဒီယာသတင်းများက ဖော်ပြခဲ့သည်။
“အကြမ်းဖက်တို-က်ခိုက်မှု မဟုတ်ပါဘူး၊ ဒါက အတော်ကံဆိုးလွန်းတဲ့ မတော်တဆဖြစ်ရပ်လို့ ရဲတွေက ပြောပါတယ်” ဟု အင်န်ဒီတီဗီ၏ အကြီးတန်း အမှုဆောင်အယ်ဒီတာ အဒစ်ယာ ရာဂျေးကူးလ်က ဆိုရှယ်မီဒီယာပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။
Ref: အယ်ဂျာဇီးယား
