ယမန့်နေ့ ဇန်နဝါရီလ ၉ရက်တွင် အိန္ဒိယသံရုံး၌ “New Year Meet and Greet Reception” အမည်ရှိ စီးပွားရေးဆိုင်ရာတွေ့ဆုံပွဲကို India House တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲတွင် အိန္ဒိယနိုင်ငံထုတ် အဖျော်ယမကာများနှင့် အစားအစာများ တည်ခင်းဧည့်ခံခဲ့ပြီး၊ မြန်မာ့စျေးကွက်အတွင်း အိန္ဒိယအဖျော်ယမကာများ ပိုမိုသိရှိလာစေရန်နှင့် မြှင့်တင်ရန် ရည်ရွယ်သည့် စီးပွားရေးမြှင့်တင်မှု အစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံမှ အရက်ချက်လုပ်ငန်းရှင်များ၊ ဖြန့်ဖြူးရောင်းချသူများ၊ တင်သွင်းသူများနှင့် မီဒီယာလောကမှ ကိုယ်စားလှယ်ပေါင်း ၅၀ ကျော်၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်များ၊ UMFCCI ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ ချစ်ကြည်ရေးအသင်းနှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာ ဗီဒီယိုတိုတစ်ခုကိုလည်း ပြသခဲ့ကာ ဆွာမိဝိဝေကာနန္ဒ ယဉ်ကျေးမှုဗဟိုဌာန (SVCC) မှ ဂီတဆရာနှင့် ကျောင်းသား၊ ကျောင်းသူများက ဘောလိဝုဒ်နှင့် မြန်မာသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။
