Looking for something?

Explore the website

Looking for something?

Thursday, May 22, 2025

ဘက်တီးရီးယားများကိုအသုံးပြု၍လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့်တရုတ်

မေ ၂၂ တရုတ်နိုင်ငံရှိ သုတေသနပညာရှင်များသည် လျှပ်စစ်ဓာတ်အားကိုထုတ်လုပ်နိုင်ပြီး အကြိမ်ပေါင်း များစွာ အလိုအလျောက်အားပြန်သွင်းနိုင်သည့်ဘက်တီးရီးယားများကိုအခြေခံထားသော ဇီဝဘက်ထရီ ပုံစံသစ်ကို တီထွင်ခဲ့သည်။ သေးငယ်သော ဇီဝဘက်ထရီများအတွက် ဤအဓိကအရေးကြီးသော ရှာဖွေတွေ့ရှိမှုကို...

အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ရန် မားကို့စ် အမိန့်ပေး

၎င်း၏ အာဏာထိန်းချုပ်မှု အားနည်းသွားသည်ဟု လေ့လာသူများက သုံးသပ်သည့် လူကြိုက်များမှု လျော့ကျသွားသော ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များထွက်ပေါ်ပြီး တစ်ပတ်ကျော်အကြာတွင် အစိုးရတစ်ဖွဲ့လုံးကိုနုတ်ထွက်ကြရန် ဖိလစ်ပိုင် သမ္မတ...

မန္တ‌လေးငလျင်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေသည့် ကျောင်းသား/သူ...

မန္တလေးငလျင်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေသည့် ကျောင်းသား/ကျောင်သူ (၂၅၀)ဦးအား မြန်မာ့ခရီးဘဏ် (MTB)က ကျောပိုးအိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့ကြောင်း သိရသည်။ ငလျင်ဘေးပြန်လည်ထူထောင်ရေးကာလအတွင်း ယာယီကယ်ဆယ်ရေးစခန်းများဖြစ်သော...

တစ်ကမ္ဘာလုံးကိုစွမ်းအင်‌တင်ပို့သောနိုင်ငံဖြစ်လာရန်ဂျကာတာရည်မှန်း

ဂျကာတာ၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို က ၎င်း၏နိုင်ငံတွင် ကြီးမားကျယ်ပြန့်၍ အသုံးမပြု၊မဖော်ထုတ်ရသေးသော စွမ်းအင်အရင်းအမြစ်အရန်သိုလှောင်ထားမှုနှင့် အမြဲမပြတ်ပြန်လည် ဖြည့်တင်း နိုင်စွမ်းတို့ကြောင့်...
HomeNewsLocal Newsအိန္ဒိယသံရုံးမှ ကင်ဆာရောဂါကုသစက်များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့...

အိန္ဒိယသံရုံးမှ ကင်ဆာရောဂါကုသစက်များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လှူဒါန်း

ယနေ့ ဇူလိုင်လ ၁၈ရက်နေ့၌ အိန္ဒိယသံရုံး၊ ရန်ကုန်သည် ကင်ဆာရောဂါကုသမည့်စက်များအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Abhay Thakur သည် အဆင့်မြင့် Telecobalt ကင်ဆာကုထုံးစက် Bhabhatron II နှင့် Digital Radiotherapy Simulator ကိုလွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ မြို့တော်ဝန် ဦးဘိုဌေး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အပါအဝင် ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် Bhabhatron II နှင့် Imagin လှူဒါန်းသည့် ကဗ္ဗည်းမော်ကွန်းကြေးပြားအား အမွှေးနံ့သာရည်များပက်ဖျန်းကာ အိန္ဒိယသံအမတ်ကြီးမှ စက်လှူဒါန်းရသည့် အကြောင်းအရင်းပြောကြားပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြန်လည်ပြောကြားကာ လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာအား အိန္ဒိယနိုင်ငံသံအမတ်ကြီးထံသို့ ပေးအပ်ခဲ့သည်။

Bhabhatron II သည် အထူးကုသရန်လိုအပ်နေသော ကင်ဆာဝေဒနာရှင်များအား ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းအတွက် နောက်ဆုံးပေါ် အထိရောက်ဆုံးနည်းပညာဖြစ်ကာ၊ ခန္ဓာကိုယ်၏အစိတ်အပိုင်းအသီးသီးတွင် ကင်ဆာရောဂါကို ကုသနိုင်စေပြီး အိန္ဒိယနိုင်ငံနှင့် နိုင်ငံတကာရှိ ကင်ဆာဌာနအသီးသီးမှ ထိရောက်သော ကုသမှုပုံစံဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘက်တီးရီးယားများကိုအသုံးပြု၍လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့်တရုတ်

မေ ၂၂ တရုတ်နိုင်ငံရှိ သုတေသနပညာရှင်များသည် လျှပ်စစ်ဓာတ်အားကိုထုတ်လုပ်နိုင်ပြီး အကြိမ်ပေါင်း များစွာ အလိုအလျောက်အားပြန်သွင်းနိုင်သည့်ဘက်တီးရီးယားများကိုအခြေခံထားသော ဇီဝဘက်ထရီ ပုံစံသစ်ကို တီထွင်ခဲ့သည်။ သေးငယ်သော ဇီဝဘက်ထရီများအတွက် ဤအဓိကအရေးကြီးသော ရှာဖွေတွေ့ရှိမှုကို တရုတ်သိပ္ပံအကယ်ဒမီအဖွဲ့အစည်းနှင့် ရှန်ကျန်းတက္ကသိုလ်ရှိ Shenzhen Institutes of Advanced Technology (SIAT) မှ သုတေသီများက တီထွင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ သုတေသနကို Advanced Materials သုတေသနဂျာနယ်တွင် ဖော်ပြထားသည်။ ဤတီထွင်မှုအသစ်ဖြစ်သော ဇီဝဘက်ထရီသည် လျှပ်စစ်ထုတ်လုပ်ရန် လျှပ်စစ်ဓာတ်အားသုံး ဘက်တီးရီးယားများကို အယ်လ်ဂျင်နိတ်အခြေခံ ဟိုက်ဒရိုဂျယ်လ်အတွင်းထဲတွင် ထုပ်ပိုးပြီး အသုံးပြုထားသည်။ ဤသက်ရှိ...

အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ရန် မားကို့စ် အမိန့်ပေး

၎င်း၏ အာဏာထိန်းချုပ်မှု အားနည်းသွားသည်ဟု လေ့လာသူများက သုံးသပ်သည့် လူကြိုက်များမှု လျော့ကျသွားသော ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များထွက်ပေါ်ပြီး တစ်ပတ်ကျော်အကြာတွင် အစိုးရတစ်ဖွဲ့လုံးကိုနုတ်ထွက်ကြရန် ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက အမိန့်ထုတ်လိုက်သည်။ စီမံခန့်ခွဲမှုပိုင်း ပြန်လည်ပြင်ဆင်ခြင်းအဖြစ် အကြောင်းပြချက်ပေးသော်လည်း မေလ ၁၂ ရက် နေ့ကြားဖြတ်ရွေးကောက်ပွဲများအပြီး ထွက်ပေါ်လာသော မစ္စတာ မားကို့စ်၏ အစိုးရအဖွဲ့နုတ်ထွက်ရန် တောင်းဆိုမှုသည် ဒုတိယသမ္မတ ဆာရာ ဒူတာတေးနှင့် ၎င်း၏ သဘောထားတင်းမာမှုများကြီးမား‌နေချိန်တွင် ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်ဖြစ်သည်။ သမ္မတထောက်ခံသော အထက်လွှတ်တော် ကိုယ်စားလှယ်လောင်းများစွာမဲရှုံးခဲ့သော်လည်း ဒူတာတေးသစ္စာခံ...

မန္တ‌လေးငလျင်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေသည့် ကျောင်းသား/သူ (၂၅၀)ဦး အား MTB Bank က ပညာရေးဆိုင်ရာ အထောက်အပံ့များ ပေးအပ်

မန္တလေးငလျင်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေသည့် ကျောင်းသား/ကျောင်သူ (၂၅၀)ဦးအား မြန်မာ့ခရီးဘဏ် (MTB)က ကျောပိုးအိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့ကြောင်း သိရသည်။ ငလျင်ဘေးပြန်လည်ထူထောင်ရေးကာလအတွင်း ယာယီကယ်ဆယ်ရေးစခန်းများဖြစ်သော ဧရာမေတ္တာ၊ စန္ဒာမုနိဘုရား ၊ ပန်းစုံကျောင်းတိုက်နှင့် အ.ထ.က (၁၀) ကျောင်းတို့တွင် ခိုလှုံနေထိုင်နေသည့် ကျောင်းသား/ကျောင်သူများအား ပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာ့ခရီးသွား ဘဏ်အနေဖြင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တစ်ခုအဖြစ် မန္တလေးဆေးရုံကြီး၌ ငလျင်ဘေးကြောင့် ပျက်စီးသွားသော ကုသဆောင်များ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများအတွက် အလှူငွေများကို ပါဝင်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ MTB ဘဏ်အနေဖြင့် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071