Tuesday, April 29, 2025

တာချီလိတ်တွင် တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ...

ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ ဧပြီလ (၂ ၉)ရက် မွန်းလွဲပိုင်းအချိန်၌ တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး ရပ်ကွက်အတွင်းရှိ...

မန္တလေးတွင် ပြိုကျအဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာ ရှာဖွေရောင်းစားသူများရှိလာ

မန္တလေးငလျင်ကြီးကြောင့် ပြိုကျသွားခဲ့ရသည့် အဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာများ ရှာဖွေကာ ပြန်လည်ရောင်းစားသူများ ရှိလာနေသည်။ “ဒီဖျက်လိုက်တဲ့ အဆောက်အဦးမြေပုံတွေကို ပြန်ပစ်တဲ့နေရာရှိတယ်။ အဲဒီမှာလည်းရှာကြတာ၊ တချို့ လက်စွပ်ရတယ်၊ ရကြတာလည်းရှိတယ်၊...

စပိန်၊ ပေါ်တူဂီနှင့် ပြင်သစ်၏ အချို့ဒေသများတွင်...

တနင်္လာနေ့က စပိန်၊ ပေါ်တူဂီနှင့် ပြင်သစ်၏ အချို့ဒေသများ(ခဏတာ) တို့တွင် လျှပ်စစ်ဓာတ်အား အကြီးအကျယ်ပြတ်တောက်မှုကြောင့် လူသန်းပေါင်းများစွာ၏ နေ့စဉ်လုပ်ငန်းဆောင်တာများ ရပ်တန့်ခဲ့သည်။ ယာဉ်ကြောပိတ်ဆို့မှုများ - အလုပ်သွားအချိန်တွင်...

ကမ္ဘာ့ပထမဆုံး ဇီဝကွန်ပျူတာ စတင်မိတ်ဆက်

လူ့ဦးနှောက်ဆဲလ်များနှင့် ဆီလီကွန်တို့ကို ပေါင်းစပ်ကာ လူလုပ်ဇီ၀အသိဉာဏ်တု(Synthetic Biological Intelligence - SBI)အဖြစ်ဖန်တီးထားသည့် ကမ္ဘာ့ပထမဆုံး ဇီဝကွန်ပျူတာ CL1 ကို ဩစတြေလျနိုင်ငံအခြေစိုက်...
HomeInternationalအိန္ဒိယသည် ၂၀၂၃ ဘဏ္ဍာနှစ်တွင်...

အိန္ဒိယသည် ၂၀၂၃ ဘဏ္ဍာနှစ်တွင် မီးရထားလုပ်ငန်းအတွက် ရန်ပုံငွေ ဒေါ်လာ ၂၉ ဘီလျံ အသုံးပြုသွားမည်

အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နယ်မာလား ဆစ်ထာရာမန် သည် ယခုနှစ်အတွင်း အိန္ဒိယ မီးရထား လပ်ငန်း အတွက် ငွေလုံးငွေရင်း အသုံးစရိတ် စုစုပေါင်း ဒေါ်လာ ၂၉ ဘီလျံ သုံးစွဲသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက် ဗုဒ္ဓဟူးနေ့၌ ဘတ်ဂျက်မိန့်ခွန်း ပြောကြားစဉ် ကြေညာခဲ့သည်။

အဆိုပါ ငွေပမာဏသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ထုတ်ပေးခဲ့သည့် ငွေလုံးငွေရင်း စရိတ်ထက် ကိုးဆ ပိုများသည်ဟုလည်း ဆစ်ထာရာမန်က ပြောခဲ့သည်။

ထိုရန်ပုံငွေများကို ရထားနှင့် မီရထားသံလမ်းသစ်များ တည်ဆောက်ခြင်း၊ ဘူတာ ရုံများ တိုးချဲ့တည်ဆောက်ခြင်းနှင့် အခြေခံအဆောက်အဦများကို ကမ္ဘာ့အဆင့်မီအောင် မြှင့်တင်ခြင်း စသည်တို့တွင် အသုံးပြုသွားမည် ဖြစ်သည်။

ဆစ်ထာရာမန်သည် ကျည်ဆန်ရထားနှင့် ပတ်သက်၍ မည်သည့်အရာမျှ ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိသော်လည်း ကျွမ်းကျင်သူများက ရရှိလာသောငွေများကို ကျည်ဆန်ရထားများအတွက် တဖြည်းဖြည်း အသုံးပြုလာမည်ဟု ညွှန်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၏ ဆန်းစစ်ချက်အရ အိန္ဒိယသည် ၂၀၂၃ ခုနှစ်တွင် ၆ ဒသမ ၁ ရာခိုင်နှုန်း ကြီးထွားလာမှုဖြင့် ကမ္ဘာ့ ကြီးထွားနှုန်း အမြန်ဆုံး စီးပွားရေးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။

Source: WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တာချီလိတ်တွင် တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ နေအိမ်အချို့ရေဝင်ရောက်မှုဖြစ်ပွား

ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ ဧပြီလ (၂ ၉)ရက် မွန်းလွဲပိုင်းအချိန်၌ တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး ရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့ ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်းရပ်ကွက်တွင် ရေစတင်ဝင်ရောက်လျက်ရှိပြီး ရပ်ကွက်နေပြည်သူများ သတိပြုနေထိုင်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။ " မိုးများရင်တောင်ကျရေဆင်းပြီး ချောင်းရေမြင့်တက်တာက နှစ်တိုင်းပါပဲ။ အခုတော့ စောင့်ကြည့်နေပါတယ်။ ပြီးခဲ့နှစ်ကတော့ မိုးများပြီး ချောင်းရေတက်တာတွေ မြေပြိုတာတွေကြောင့် လူ‌ေ-သဆုံးမှုတွေလည်း ရှိခဲ့တယ်။ အခုတော့ရပ်ကွက်မှာ သတိပေးထားတာတွေ...

မန္တလေးတွင် ပြိုကျအဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာ ရှာဖွေရောင်းစားသူများရှိလာ

မန္တလေးငလျင်ကြီးကြောင့် ပြိုကျသွားခဲ့ရသည့် အဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာများ ရှာဖွေကာ ပြန်လည်ရောင်းစားသူများ ရှိလာနေသည်။ “ဒီဖျက်လိုက်တဲ့ အဆောက်အဦးမြေပုံတွေကို ပြန်ပစ်တဲ့နေရာရှိတယ်။ အဲဒီမှာလည်းရှာကြတာ၊ တချို့ လက်စွပ်ရတယ်၊ ရကြတာလည်းရှိတယ်၊ ရှာတဲ့လူများလာလို့ လုံခြုံရေးတွေနဲ့ အဲဒီနေရာတွေကို ထိန်းထားပိတ်ထားရတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။ ငလျင်ကြောင့် မန္တလေးမြို့တွင် ကွန်ဒိုတိုက်ခန်များ၊ အထပ်မြင့်တိုက်များ ၊ ဟိုတယ်များ အပါအဝင် လူနေတိုက်တာ အဆောက်အဦး အများအပြားလည်း ပြိုကျခဲ့ရသည်။ ယင်းအဆောက်အဦများတွင်လည်း ချမ်းသာသူအများစုနေထိုင်သောကြောင့် တန်ဖိုးကြီးလက်ဝတ်ရတနာပစ္စည်းများလည်း အနည်းနှင့်အများ မြေစာပုံထဲတွင် ပါသွားတတ်သည်ဟု အထက်ပါ ဒေသခံကပင် ဆိုသည်။ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး...

စပိန်၊ ပေါ်တူဂီနှင့် ပြင်သစ်၏ အချို့ဒေသများတွင် လျှပ်စစ်ဓာတ်အား အကြီးအကျယ်ပြတ်တောက်မှုကြောင့် သန်းနှင့်ချီသော ပြည်သူတို့၏ နေ့စဉ်ဘဝများ နှောင့်နှေးခဲ့

တနင်္လာနေ့က စပိန်၊ ပေါ်တူဂီနှင့် ပြင်သစ်၏ အချို့ဒေသများ(ခဏတာ) တို့တွင် လျှပ်စစ်ဓာတ်အား အကြီးအကျယ်ပြတ်တောက်မှုကြောင့် လူသန်းပေါင်းများစွာ၏ နေ့စဉ်လုပ်ငန်းဆောင်တာများ ရပ်တန့်ခဲ့သည်။ ယာဉ်ကြောပိတ်ဆို့မှုများ - အလုပ်သွားအချိန်တွင် ရထားများရပ်နားခဲ့ပြီး လမ်းဆုံများတွင် မီးပွိုင့်များ မလင်းခဲ့။ ငွေကြေးနှင့် ဈေးဝယ်ခက်ခဲမှု - ATM နှင့် ကုန်စုံဆိုင်များတွင် ငွေချေစက်များ အလုပ်မလုပ်သဖြင့် ငွေသားဖြင့်သာ ဝယ်ယူနိုင်ခဲ့ပြီး လူတန်းကြီးများ ဖြစ်ပေါ်ခဲ့။ အင်တာနက်နှင့် ဆက်သွယ်ရေးပြတ်တောက် - စပိန်နှင့် ပေါ်တူဂီတစ်ဝှမ်းတွင် ဖုန်းနှင့်အင်တာနက်အသုံးပြုမှု ခက်ခဲခဲ့။ ယနေ့ အင်္ဂါနေ့ နံနက်ပိုင်းတွင် စပိန်နိုင်ငံ အမျိုးသားလျှပ်စစ်ကုမ္ပဏီက ကျွန်းဆွယ်ဒေသ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071