Sunday, March 16, 2025

နယူးဒေလီမြို့တွင် ကျင်းပမည့် အထူးသံတမန်သင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ...

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပမည့် မြန်မာသံတမန်များအတွက် ဒုတိယအကြိမ် အထူးသံတမန်သင်တန်းသို့ တက်ရောက်မည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၃၀) ဦး နယူးဒေလီမြို့သို့ ရောက်ရှိပြီဖြစ်ကြောင်း...

နွေရာသီ ပူပြင်းခြောက်သွေ့သည့် လေပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်...

၂၀၂၅ ခုနှစ် နွေရာသီမှာ အပူချိန် မများနိုင်သော်လည်း နွေ ရာသီကာလ ဖြစ်လေ့ရှိသော ပူပြင်းခြောက်သွေ့သည့် လေ ပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်ကို အထူးဂရုပြုနေထိုင်ရန်...

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ၏...

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် မတ်လ (၂၂)ရက်တွင် လူဦးရေသုံးသောင်းကို စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း ရာသက်ပန် ကုမ္ပဏီ စတုဒိသာအဖွဲ့မှ သိရသည်။ ဆရာတော်ကြီး၏...

စွမ်းအင်၊ ဓါတ်သတ္ထုများဆိုင်ရာ ဒေါ်လာဘီလျံချီသော စာချုပ်များကို...

ဗီယက်နမ်ခေါင်းဆောင်များသည် အမေရိကနှင့် ကုန်သွယ်မှု မညီမျှခြင်းကို လျှော့ချနိုင်ရေး၊ ထရမ့်ပ်အစိုးရအဖွဲ့၏ အခွန်စည်းကြပ်မှုဒဏ်ခံရနိုင်ခြေကို သက်သာစေရေး ကြိုးပမ်းချက်အဖြစ် အမေရိကနှင့် အကြီးစားသဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးကြမည်ဖြစ်ရာ ဗီယက်နမ်...
HomeNewsLocal Newsအိန္ဒိယနှင့်အိမ်နီးခြင်းနိုင်ငံများ၏ ကုန်သွယ်မူအခွင့်အလမ်း ဆွေးနွေးပွဲသို့အိန္ဒိယနိုင်ငံဆိုင်ရာ...

အိန္ဒိယနှင့်အိမ်နီးခြင်းနိုင်ငံများ၏ ကုန်သွယ်မူအခွင့်အလမ်း ဆွေးနွေးပွဲသို့အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးတက်ရောက်

အိန္ဒိယနှင့်အိမ်နီးခြင်းနိုင်ငံများ၏ ကုန်သွယ်မူအခွင့်အလမ်း ဆွေးနွေးပွဲသို့အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးတက်ရောက်

အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုမြင့်တင်နိုင်ရေးရည်ရွယ်ကျင်းပသည့် “Session on Bilateral Trade Opportunities between India and Neighboring Countries” ဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို စက်တင်ဘာလ (၁၂) ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ India Habitat Centre ၌ အိန္ဒိယနိုင်ငံ Confederation of Indian Industry မှ စီစဉ်ကျ င်းပခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ၊ အထူးသဖြင့် အရှေ့မြောက်ဒေသမှ ပြည်န ယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှု မြှင့်တင်နိုင်ရေး အခွင့်အလမ်းများရှာဖွေဖော် ထုတ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီးအဆိုပါ ဆွေး နွေးပွဲသို့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Dr. Rajkumar Ranjan Singh မှ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမ တ်ကြီးနှင့်အတူ ဘူတန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံများမှ သံအမတ်ကြီးများလည်း ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်၍ မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြ ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအတွက် ဒေသတွင်း ကုန် သွယ်မှုတွင် အားထားရသည့် မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအတွက် ပြည်ပပို့ကုန်ရငွေ ရှာဖွေပေးနေသည့် နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံသို့ ဆန်၊ မတ်ပဲ၊ ပဲစင်း ငုံ၊ ပဲတီစိမ်း အပါအဝင် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ ၊ အခြား စားသောက်ကုန်ပစ္စည်းများ အများဆုံးတင်ပို့နေခြင်းဖြစ်ပြီး နှစ်စဉ် ကုန်သွယ်မှုရငွေ ကန်ဒေါ်လာ ဘီလီယံနှင့်ချီ ရရှိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားခဲ့သည့်နောက်ပိုင်း မြန်မာ – အိန္ဒိယ နှစ်နိုင် ငံ ကုန်သွယ်မှုလုပ်ငန်းများတွင် အားထားရသည့် နယ်စပ်ဂိတ်များကို ယာယီ ပိတ်ထားခဲ့ရာမှ လက်ရှိအချိန်ထိ အချို့မှာပြန် လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ လိုအပ်သည့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ဆဲအခြေနေသာ ဖြစ်သည်။

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ ကုန်စည်စီးဆင်းရာတွင် တမူး – မိုရေး နယ်စပ်ဂိတ်၊ ရိဒ်ကုန်သွယ်ရေး စခန်း၊ ထန်တလန် ကုန်သွယ်ရေးစခန် စသဖြင့် အဓိက ကုန်စည်စီးဆင်းရာလမ်းကြောင်း (၃) ကြောင်းရှိသည်။

တမူးနယ်စပ် ကုန်သွယ်ရေးမှ မြန်မာ – အိန္ဒိယ ကုန်သွယ်မှုပမာဏသည် ပုံမှန်အားဖြင့် အမေရိကန်ဒေါ်လာ သန်း ၉ ၀ ကျော်ရှိတတ်ပြီး၊ ကိုဗစ်ကာလတွင် ဒေါ်လာသန်း ၄၀ ခန့် ၊၂၀၂၁ – ၂၀၂၂ ခုနှစ် မီနီဘတ် ဂျက်တွင် အမေရိကန် ဒေါ်လာ ၅.၈၁၁ သန်းနှင့် ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ်အတွ င်း မေလအထိ ကုန်သွယ်မှု ပမာ ဏ ၃.၆၉၇ သန်း ရ ရှိကြောင်း စီးပွားကူးသန်း၏ စာရင်းအရ သိရသ ည်။

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ ငရုတ် ကောင်း၊ မျောက်ငိုသီး၊ ပဲအမျိုးမျိုး၊ ကြက်သွန်ဖြူ၊ လယ်ယာထွက်ကုန်များ တင်ပို့ကာ၊ မြန်မာသို့ မော် တော်ဆိုင်ကယ်အပိုပစ္စည်း၊ ချည်ခင်၊ ဂျုံ၊ ဓါတ်မြေသြဇာ၊ ပလပ်စတစ် ကုန်ကြမ်းများ ပြန်လည်တင်သွင်းကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နယူးဒေလီမြို့တွင် ကျင်းပမည့် အထူးသံတမန်သင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၃၀) ဦး တက်ရောက်မည်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပမည့် မြန်မာသံတမန်များအတွက် ဒုတိယအကြိမ် အထူးသံတမန်သင်တန်းသို့ တက်ရောက်မည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၃၀) ဦး နယူးဒေလီမြို့သို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်သည် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန Sushma Swaraj Institute of Foreign Service - SSIFS တို့အကြား MOU လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU)အရ SSIFS တွင် မြန်မာသံတမန်များအတွက်...

နွေရာသီ ပူပြင်းခြောက်သွေ့သည့် လေပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ် အထူးဂရုပြုနေထိုင်ရန် လိုအပ်ဟုဆို

၂၀၂၅ ခုနှစ် နွေရာသီမှာ အပူချိန် မများနိုင်သော်လည်း နွေ ရာသီကာလ ဖြစ်လေ့ရှိသော ပူပြင်းခြောက်သွေ့သည့် လေ ပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်ကို အထူးဂရုပြုနေထိုင်ရန် လိုအပ်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ခန့်မှန်း ပြောဆိုချက်အရ သိရသည်။ လက်ရှိ နွေရာသီကာလအတွင်းသို့ ဝင်ရောက်လာနေပြီဖြစ်သောကြောင့် နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာသော်လည်း အယ်လ်နီညိုဖြစ်ခဲ့သည့် ၂၀၂၄ ခုနှစ်လောက် ၂၀၂၅ ခုနှစ် နွေရာသီတွင် အပူချိန်မများနိုင်ကြောင်းလည်း ၎င်းက သုံးသပ်ရေးထားသည်။ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း ဖြစ်လာနိုင်သည့် အပူချိန်ကြို တင်ခန့်မှန်းချက်အရ မန္တလေးတိုင်း၊...

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် လူဦးရေသုံးသောင်းကို စတုဒိသာ ကျွေးမွေးသွားမည်

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် မတ်လ (၂၂)ရက်တွင် လူဦးရေသုံးသောင်းကို စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း ရာသက်ပန် ကုမ္ပဏီ စတုဒိသာအဖွဲ့မှ သိရသည်။ ဆရာတော်ကြီး၏ သက်တော် (၈၅) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာကုသိုလ်ကို ပူဇော်သော အားဖြင့် အများကောင်းမှု အဖြစ် လူဦးရေ (၃) သောင်းစာ စတုဒိသာ အာဟာရဒါနအလှူအဖြစ် ပေါ်ဆန်းမွှေး ထမင်းဖြူနှင့်အတူ ကြက်သားဟင်း၊ သီးစုံချဉ်ရည်ဟင်း၊ ပုဇွန်ခြောက်ထောင်းအစပ်ကြော်၊ ကြက်သဲမြစ် ပဲကြာဇံကြော်၊ ခရမ်းချဉ်သီးချက်တို့ကို ကျွေးမွေးသွားမည်ဖြစ်သည်။ စတုဒိသာ အလှူတော်မင်္ဂလာကို ပြင်ဦးလွင်မြို့၊ အနီးစခန်း၊ အောင်ချမ်းသာရပ်ကွက်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071