Monday, January 20, 2025

ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင်...

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း...

ရန်ကုန်တွင် ယနေ့ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု...

ရန်ကုန်မြို့တွင် ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ တစ်ရက်အတွင်း သင်္ဃန်းကျွန်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍...

“ဝ” ဒေသမှတစ်ဆင့် ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ...

တရုတ်အစိုးရ၏ ညွှန်ကြားချက်အရဟုဆိုကာ "ဝ" ဒေသမှ ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ လွတ်လွပ်စွာ ဖြတ်သန်းသယ်ယူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း UWSA ၏ ဦးစီးချုပ်ရုံးမှ ယနေ့ ဇန်နဝါရီ...
HomeNewsLocal Newsအိန္ဒိယနိုင်ငံ၏ အသေးစားဖွံ့ဖြိုးမှု စီမံကိန်းအရ...

အိန္ဒိယနိုင်ငံ၏ အသေးစားဖွံ့ဖြိုးမှု စီမံကိန်းအရ ပေးအပ်မည့် အကူအညီများရယူရန် ဒေါ်လာ(၂) သန်းအောက် စီမံကိန်း (၁၅) ခု အဆိုပြုလျှောက်ထား

အိန္ဒိယနိုင်ငံ၏ အသေးစားဖွံ့ဖြိုးမှုစီမံကိန်း ( Special Development Project- SDP) အစီအစဥ်အရ ပေးအပ်မည့် အကူအညီများရယူရန် အမေရိကန်ဒေါ်လာ (၂)သန်း အောက် ပမာဏဖြင့် ဆောင်ရွက်မည့် စီမံကိန်း (၁၅) ခုကို လျှောက်ထားခဲ့ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်က နိုင်ငံပိုင်သတင်းဌာနသို့ ပြောကြားထားသည်။

လျှောက်ထားရာတွင် ဝန်ကြီးဌာန (၅) ခုမှ စီမံကိန်း စုစုပေါင်း (၁၅) ခု လျှောက်ထားခဲ့ပြီး စီမံကိန်းလျှောက်ထားမှုဆိုင်ရာ စီမံချက်များကို သံတမန်လမ်းကြောင်းမှတဆင့် အိန္ဒိယအစိုးရထံ ပေးပို့ထားကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် စိစစ်သုံးသပ်ဆဲဖြစ်ပြီး အိန္ဒိယက မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုအသိုက်အဝန်း တိုးတက်မှု ကဏ္ဍများတွင် အကောင်အထည်ဖော်မည့် စီမံကိန်းများကို အများဆုံး ကန်ဒေါ်လာ (၂) သန်းအောက် အကူအညီပေးမည့် စီမံကိန်းများ (Grant Projects) ဖြစ်ကြောင်း သိရသည်။

‘‘တချို့သော စီမံချက်လမ်းပိုင်းတွေကလည်း အိန္ဒိယနိုင်ငံက ဆောင်ရွက်နေတဲ့ စီမံကိန်းတချို့နဲ့ ဆက်နွယ်နေတာဖြစ်တဲ့အတွက် Special Development Project (SDP) ဖက်က မလျှောက်ဘဲ အခြား Channel ဖက်ကနေ တင်ပြတဲ့ အနေအထားတွေ ရှိပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

စီမံကိန်း အဆိုပြုလွှာများအနေဖြင့် ကန်ဒေါ်လာ (၂) သန်းအောက်ကုန်ကျမည့် စီမံကိန်းများ ဖြစ်ရမည်ဖြစ်ပြီး အချိန်တိုအတွင်း စီမံကိန်းအကောင်အထည် ဖော်နိုင်ခြင်းရှိမရှိ၊ အကျိုးပြုမည့် လူဦးရေ, ရလဒ် အကျိုးသက်ရောက်မှု၊ကြောင်းကျိုးဆီလျော်မှု စသည်တို့ကို အဓိက အချက်များအဖြစ် ထည့်သွင်းစဥ်းစားစိစစ်ကာ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

MIFER အနေဖြင့် ဝန်ကြီး ဌာနများမှ ထပ်မံအဆိုပြုလာသည့် အကူအညီ စီမံကိန်းအသစ် (၁၉) ခု လက်ခံရရှိထားပြီး အများစုမှာ နည်းပညာ/သက်မွေးပညာ သင်တန်းကျောင်းများ အဆင့်မြှင့်တင်ခြင်း၊ သုတေသနနှင့် ဖွံဖြိုးမှု လုပ်ငန်းများ, ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး MSME ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ရေဒီယို ထပ်ဆင့်အသံလွှင့်စက်ရုံများ အဆင့်မြှင့်တင်ခြင်း၊ ကျေးလက်လမ်းပိုင်းတည်ဆောက်ခြင်း စီမံကိန်းလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင် တိုင်းနှင့်ပြည် နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများ၏ ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေသူများ၊ ဆွေမျိုးသားချင်းများရှိသည့် ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင်နေထိုင်နေသူများ၊ မိမိအစဉ်ဖြင့် နေအိမ်ခန်းများငှားရမ်းနေထိုင်သူများ၊ အခြားနည်းဖြင့်နေထိုင်သူများ အကျုံးဝင်ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ယာယီနေရပ်စွန့်ခွာနေသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများကို လျာထားဆောင်ရွက်နိုင်ရေးအတွက် အကျုံးဝင်သူအားလုံးပါဝင်ရန် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများက စာရင်းကောက်ယူကြရန်၊ အကျုံးဝင်သူအားလုံးမှလည်း စာရင်းကောက်ယူရာတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း မိုးလေဝသတိုင်းထွာချက်များအရ ညအပူ ချိန်များမှာ ရခိုင်ပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၃) ဒီဂရီဆဲလ်စီးယပ်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂) ဒီဂရီဆဲလ်စီးယပ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၀.၀ ဒီဂရီဆဲလ်စီးယပ်၊...

ရန်ကုန်တွင် ယနေ့ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု (၂) ကြိမ်ဖြစ်ပွား

ရန်ကုန်မြို့တွင် ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ တစ်ရက်အတွင်း သင်္ဃန်းကျွန်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ နေ့လယ် (၂)နာရီ (၂၅)မိနစ်အချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက် ပန်းရိုက်လမ်း တွင် မီးလောင်မှုဖြစ်ပွားရာ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ မီးလောင်ကျွမ်းမှုမှာ များသဖြင့် နေ့လယ် (၂)နာရီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071