အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Rai Pithora Cultural Complex ခန်းမ၌ ဇန်နဝါရီ ၃ ရက်က The Light and the Lotus: Relics of the Awakened One အမည်ဖြင့် ဗုဒ္ဓဓာတ်တော်မွေတော်ယဉ်ကျေးမှုအမွေအနှစ်များ ထုတ်ဖော်ပြသခဲ့သည်။
အဆိုပါ ဗုဒ္ဓဓာတ်တော်မွေတော်ယဉ်ကျေးမှုအမွေအနှစ်များထုတ်ဖော်ပြသမှုအား အိန္ဒိယနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာန၏ဖိတ်ကြား၍တက်ရောက်ခဲ့ပြီး အခမ်းအနား၌ အဓိကဧည့်သည်တော်ဖြစ်သူ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendar Modi က အမှာစကားပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ Piprahwa ဗုဒ္ဓဓာတ်တော်မွေတော်များ၊ တစ်မူထူးခြားသည့် ဗုဒ္ဓ၏ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများ၊ ရှေးခေတ်လက်မှုလက်ရာများနှင့် ရှေးဟောင်းအမွေအနှစ်ပစ္စည်းများသည် အိန္ဒိယနိုင်ငံ ကိုလိုနီလက်အောက်ကျရောက်ချိန်မှစ၍ နိုင်ငံပြင်ပသို့ ယူဆောင်သွားခြင်းခံခဲ့ရသည်။
ထို့နောက် နှစ်ပေါင်း (၁၂၇) နှစ်အကြာမှသာ အိန္ဒိယနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ယခုကဲ့သို့ တစ်စုတစ်စည်းတည်းခင်းကျင်းပြသထားခြင်း ဖြစ်သည်။
