Monday, December 8, 2025

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...

မြန်မာအားကစားအဖွဲ့(၁၂)ဖွဲ့ ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ထိုင်းနိုင်ငံသို့ထွက်ခွာ

မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့(၁၂)ဖွဲ့သည် ထိုင်းနိုင်ငံတွင်ကျင်းပသည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ယနေ့ ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ တိုက်ကွမ်ဒိုအားကစားအဖွဲ့၊ လက်ဝှေ့အားကစားအဖွဲ့၊ ဖူဆယ်(အမျိုးသား)အားကစားအဖွဲ့၊ ရေကူးအားကစားအဖွဲ့၊...

အောက်တိုဘာလအတွက် အလုပ်သမားများ၏မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန်...

၂၀၂၅ ခုနှစ် အောက်တိုဘာလအတွက် အလုပ်သမားများ၏မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန် အေဂျင်စီ ၆၄ ခုကျန်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ အဆိုပါအေဂျင်စီများအနေဖြင့် ဒီဇင်ဘာ ၁၀...

တိုကျိုမြို့ရှိ မြန်မာသံရုံးအမည်သုံး၍ အွန်လိုင်းလောင်းကစားစာမျက်နှာတစ်ခု ဖွင့်လှစ်နေဟု...

မြန်မာသံရုံး၊ တိုကျိုမြို့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမတိုင်မီက အသုံးပြုခဲ့သည့် website အမည်ကို တုပ၍ အွန်လိုင်း လောင်းကစားစာမျက်နှာတစ်ခု ဖွင့်လှစ်အသုံးပြုနေကြောင်း မြန်မာသံရုံး၊...
HomeInternationalအိန္ဒိယနိုင်ငံ၌ ကျောင်းနေ့လယ်စာအတွင်း မြွေတွေ့ရှိသဖြင့်ကျောင်းသားများလန့်ဖျားဖျားနာခဲ့ကြဟုဆို

အိန္ဒိယနိုင်ငံ၌ ကျောင်းနေ့လယ်စာအတွင်း မြွေတွေ့ရှိသဖြင့်ကျောင်းသားများလန့်ဖျားဖျားနာခဲ့ကြဟုဆို

ဘဟာ၊မေ ၂၉

အိန္ဒိယနိုင်ငံ ဘဟာပြည်နယ်ရှိအစိုးရကျောင်းတစ်ခု၌ အင်န်ဂျီအိုတစ်ခု၏အစီအစဉ်ဖြင့်ကျွေးသည့် နေ့လယ်စာအတွင်း မြွေတွေ့သဖြင့် ရုတ်ရုတ်သဲသဲဖြစ်ကာ ကျောင်းသားများလည်းလန့်ဖျားကုန်ကြကြောင်းသိရသည်။

အဆိုပါအကြောင်းအရာအားသိရှိချိန်၌ ကျောင်းသားအယောက် ၁၀၀ ခန့် နေ့လည်စာစားပြီးဖြစ်သဖြင့် အချို့ကျောင်းသားများမှာ ပျို့အန်ကုန်ကြကြောင်းသိရသည်။အချို့မှာကိုယ်လက်မအီမသာဖြစ်ကာ မူးဝေအော့အန်ကြသဖြင့် အနီးစပ်ဆုံးဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်းသိရသည်။

သို့သော် ကျောင်းအာဏာပိုင်များကမူ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းသား ၂၂ ဦးသာမူးဝေအော့အန်ခြင်းဖြစ်ပြီး ဖျားနာကြခြင်းဖြစ်သည်ဟု ပြန်‌လည်ပြောကြားခဲ့သည်။

“ကလေးတွေက နေကောင်းသက်သာပါတယ်။ဒါပေမယ့် မြွေက အစာထဲကိုဘယ်လိုဝင်သွားတယ်ဆိုတာကတော့ စုံစမ်းရမယ့်ကိစ္စပါ” ဟုလည်းတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ယခုကိစ္စကြောင့်ကျောင်းသားမိဘများလည်းစုရုံးရောက်ရှိလာပြီး ပဋိပက္ခအနည်းငယ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ဘဟာပြည်နယ်၌ ယခုလိုဖြစ်စဉ်မျိုးသည် တစ်ကြိမ်မကတော့ဘဲ ယခင်ကလည်းနှစ်ကြိမ်ဖြစ်ဖူးသေးကြောင်းသိရသည်။

Source : WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးနိုင်မင်းကျော်၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများအား မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံ သံရုံးတာဝန်ခံ Mr.Ahmad Ali R.A. AL-Marri နှင့်တာ၀န်ရှိသူများကကြိုဆိုနှုတ်ဆက်ပြီးနောက် ညစာစားပွဲကို မြန်မာ နိုင်ငံ တော်သီချင်း၊ ကာတာနိုင်ငံတော်သီချင်းတို့ဖြင့် ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကာတာနိုင်ငံ သံရုံးတာဝန်ခံတို့မှ အထိမ်းအမှတ်ကိတ်ကိုလှီးဖြတ်ပြီးနောက်...

မြန်မာအားကစားအဖွဲ့(၁၂)ဖွဲ့ ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ထိုင်းနိုင်ငံသို့ထွက်ခွာ

မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့(၁၂)ဖွဲ့သည် ထိုင်းနိုင်ငံတွင်ကျင်းပသည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ယနေ့ ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ တိုက်ကွမ်ဒိုအားကစားအဖွဲ့၊ လက်ဝှေ့အားကစားအဖွဲ့၊ ဖူဆယ်(အမျိုးသား)အားကစားအဖွဲ့၊ ရေကူးအားကစားအဖွဲ့၊ ဘိလိယက်နှင့်စနူကာအားကစားအဖွဲ့၊ Kabaddi အားကစားအဖွဲ့၊ ဘတ်စကက်ဘောအားကစားအဖွဲ့၊ ဘော်လီဘောအားကစားအဖွဲ့၊ ပီတန်းအားကစားအဖွဲ့၊ ကျွမ်းဘားအားကစားအဖွဲ့၊ ဂေါက်သီးအားကစားအဖွဲ့တို့မှ အုပ်ချုပ်/နည်းပြနှင့် အားကစားသမားများထွက်ခွာသွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှင့်အတူ အားကစားအဖွဲ့များအားလိုက်လံအား ပေးရန် တာဝန်ရှိသူတစ်ဦးအပါအဝင် အုပ်ချုပ်မှုအဖွဲ့ဝင်(၉)ဦး၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌဦးသောင်းထိုက်မင်းတို့လည်းလိုက်ပါသွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလအတွက် အလုပ်သမားများ၏မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန် အေဂျင်စီ ၆၄ ခု ကျန်ရှိနေ

၂၀၂၅ ခုနှစ် အောက်တိုဘာလအတွက် အလုပ်သမားများ၏မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန် အေဂျင်စီ ၆၄ ခုကျန်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ အဆိုပါအေဂျင်စီများအနေဖြင့် ဒီဇင်ဘာ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး dolmigrationremittance@gmail. com သို့ အချိန်မီပေးပို့ကြရန်နှင့် အချိန်မီပေးပို့ခြင်းမရှိပါက ဒဏ်ကြေးကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ အေဂျင်စီများအနေဖြင့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထားတင်ပြရာတွင် အနည်းဆုံး (၄၁) ရာခိုင်နှုန်းသာ တင်ပြရန် သက်ဆိုင်ရာက ဖြေလျှော့ပေးထားပြီး အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လမှစ၍ နိုင်ငံအလိုက် မိသားစုလွှဲပို့ငွေစာရင်း တင်ပြနိုင်ခြင်းမရှိသည့်အေဂျင်စီများကို အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ ယာယီဆိုင်းငံ့သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071