နူးဒေလီ၊ ဒီဇင်ဘာ ၂၃
နူးဒေလီရှိ ဘင်္ဂလားဒေ့ရှ် မဟာမင်းကြီးရုံးက ကောင်စစ်ရေးရာနှင့် ပြည်ဝင်ခွင့်ဗီဇာဝန်ဆောင်မှုများကို ယာယီဆိုင်းငံ့လိုက်ကြောင်း တနင်္လာနေ့တွင် ကြေညာခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ရှိ အိန္ဒိယ လက်ထောက်မဟာမင်းကြီးရုံးအပြင်ဘက်တွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး နောက်ရက်အနည်းငယ်အကြာတွင် အိန္ဒိယနိုင်ငံက စစ်တကောင်းရှိ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရေးစင်တာကို ယာယီပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။
Ref: ရှင်းဟွာ
