အာရှမြင်းစီးအားကစားအဖွဲ့ချုပ် Asian Equestrian Fede ration ( AEF) မှကြီးမှူး၍ အိန္ဒိယနိုင်ငံတွင်ကျင်းပမည့်မြ င်းစီးအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ မြင်းစီးအားကစားသ မားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က အသိပေး ကြေညာထားသည်။
အဆိုပါ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စိတ်ပါဝင်စားသူများအနေဖြင့် မြန်မာနိုင်ငံမြင်းစီးအား ကစားအဖွဲ့ချုပ်ထံသို့ ဧပြီလကုန်အထိ စာရင်းပေးသွင်းနိုင်ကြောင်း ကြေ ညာချက်အရ သိရသည်။
အာရှမြင်းစီးအားကစားအဖွဲ့ချုပ် Asian Equestrian Fede ration ( AEF ) မှ ကြီးမှူး၍ အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် မြင်းစီးအားက စားပြိုင်ပွဲများအား မြန်မာနိုင်ငံမှ ပါဝင်ယှဥ်ပြိုင်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံ မြင်းစီးအာကစားအဖွဲ့ချုပ် (Equestrian Fede ration Of India)မှ ဧပြီ (၆) ရက်တွင် ဖိတ်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။
အဖွဲ့ချုပ်မှ မြန်မာနိုင်ငံ ကိုယ်စားပြုပဏာမလက်ရွေးစဥ် အားကစားသမားများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)၊ (၂၀)၊ (၂၁) ရက်များတွင် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲအမျိုးအစားများနှင့် အစီအစဥ် (၁) အနေဖြင့် AEF U-21 -SHOW JUMPING အာရှမြင်းစီး အားကစားအဖွဲ့ချုပ်၊ အ သက် (၂၁)နှစ်အောက် တန်းခုန်ပြိုင်ပွဲ၊ တန်းအမြင့် 1.10- 1.20 Meter၊ အသက် (၁၄) နှစ်မှ (၂၁)နှစ် အထိဖြစ်ပြီးအန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘာဒ်မြို့ရှိ ဆားဂျ် မြင်းစီးအား ကစားကွ င်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပြိုင်ပွဲရက် (၁၇) ရက်မှ (၂၀) ရက်အထိ AEF U-21-DRESSAGE၊ အာရှမြင်းစီးအားကစားအဖွဲ့ချုပ် အ သက် (၂၁)နှစ်အောက် အလှစီးပြိုင်ပွဲကို အန္ဒိယနိုင်ငံ၊ ဒေလီမြို့ရှိ Army Polo and Riding Centre ၌ ကျင်းပသွားမည်ဖြစ်သည်။
