နူးဒေလီ၊ ဒီဇင်ဘာ ၁၇
အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဂျာ့စသန်ပြည်နယ်တွင် ၁၅၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပရောဂျက်တစ်ခုကိုဆောင်ရွက်ရန် အိန္ဒိယ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သည့် ရီနူးစွမ်းအင်ဂလိုဘယ်လ် ပီအယ်လ်စီ က ဂူဂဲလ်နှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
“ဤပူးပေါင်းဆောင်ရွက်မှုအရ ဂူဂဲလ်သည် ရီနူးထံမှ ပရောဂျက်၏ စွမ်းအင်ကို ရယူမည်ဖြစ်သည်။ ဤရေရှည်ဝယ်ယူမှုသည် ပရောဂျက်၏ ငွေရှာဖွေနိုင်စွမ်းအတွက် မရှိမဖြစ်လိုအပ်ပြီး ၎င်း၏တန်ဖိုးကွင်းဆက်ကို ဖြေရှင်းရာ၌ ဂူဂယ်လ် ကိုတိုးတက်မှုရရှိစေရန် ကူညီပေးလိမ့်မည်”ဟု ထိပ်တန်းကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို လျော့ချခြင်း၌ အဖြေရှာသော ကုမ္ပဏီတစ်ခုဖြစ်သည့် ရီနူးက အင်္ဂါနေ့တွင် ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
ရီနူး၏ အဆိုအရ ၁၅၀ မဂ္ဂါဝပ် ဆိုလာစီမံကိန်းကို ၂၀၂၆ ခုနှစ်တွင် စတင်လုပ်ဆောင်ရန် စီစဉ်ထားပြီး အိန္ဒိယအိမ်ထောင်စု ၃၆၀,၀၀၀ ကျော်ကို လျှပ်စစ်ဓာတ်အားပေးနိုင်သည့် တစ်နှစ်လျှင် ၄၂၅,၀၀၀ မဂ္ဂါဝပ်ခန့် ထွက်ရှိမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
“ဤသဘောတူညီချက်ဖြင့် ရီနူးက ကတိကဝတ်ပြုထားသော ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းအစုစုသည် ၂.၇ ဂစ်ဂါဝပ် အထိ ချဲ့ထွင်ကာ အိန္ဒိယ၏ သန့်ရှင်းသော စွမ်းအင်နှင့် ကာဗွန်လျှော့ချရေးဆိုင်ရာ ဖြေရှင်းချက်များကို ပံ့ပိုးပေးသူ ထိပ်တန်းကောက်ပိုရေးရှင်းအဖြစ် ၎င်း၏ ရပ်တည်ချက်ကို ထပ်မံခိုင်မာစေသည်” ဟု ကုမ္ပဏီက ထပ်လောင်း ပြောကြားခဲ့သည်။
ရီနူးသည် အိန္ဒိယနိုင်ငံ၏ လွတ်လပ်သော အကြီးဆုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်သူများထဲမှ တခုဖြစ်သည်။
Ref: ရှင်းဟွာ photo
