Monday, December 8, 2025

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး...

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ...

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန်...

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က...

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...
HomeNewsFootballအာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲတွင် မြန်မာနှင့်...

အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲတွင် မြန်မာနှင့် တရုတ်(တိုင်ပေ) သရေ ရလာဒ်ထွက်ပေါ် 

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (B) ပွဲစဉ်အဖြစ် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယနေ့ ဇွန် ၈ ရက်၊ မြန်မာစံတော်ချိန် ည ၆ နာရီ ၃၀ နာရီမိနစ် မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းနှင့် တရုတ် (တိုင်ပေ) ယူ-၂၀ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဂိုး တစ်ဂိုးစီဖြင့် သရေ ရလာဒ် ထွက်ပေါ်ခဲ့သည်။

မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-ဖီးဘေ၊ နောက်တန်း- ဖြူဖြူဝင်း၊ ခင်ဌေးကြိုင်၊ ဝေဖူးအိမ်၊ ယုယုနိုင်၊ အလယ်တန်း- မေသက်မွန်မြင့်၊ သဲအိမွန်သောင်း၊ စန္ဒာလင်း၊ ဟေမာန်စိုး၊ ရှေ့တန်း- ယဉ်လွန်းအိမ်နှင့် ဇင်မိုးပြည့်တို့ ပါဝင် ကစားခဲ့ကြသည်။

နှစ်သင်းစလုံးအတွက် အရေးကြီးသောပွဲဖြစ်၍ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၂၅ မိနစ်တွင် ကျောနံပါတ် ၁၀ ဇင်မိုးပြည့်က အဝေးကန်ချက်မှ လှလှပပသွင်းယူပေးခဲ့သည်။

မြန်မာအသင်းဦးဆောင်ဂိုးရပြီး မကြာခင်မှာပင် ပွဲချိန် ၂၈ မိနစ်တွင် တရုတ်(တိုင်ပေ)အသင်းက ထောင့်ကန်ဘောမှ တစ်ဆင့် ခေါင်းတိုက်ပြီး ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် ပထမပိုင်း အပြီးတွင် (၁-၁)ဂိုး ဖြင့် သရေကျနေခဲ့သည်။

ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးရရှိရေးကြိုးစားခဲ့ကြပြီး လူစားလဲမှုများ ပြုလုပ်ခဲ့သော်လည်း ဂိုးမရရှိသဖြင့် (၁-၁)ဂိုး သရေရလဒ်ဖြင့် ပွဲပြီးဆုံးသွားခဲ့သည်။

“အနိုင်ရအောင် ကစားမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကစားခဲ့ပါတယ်။ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပေမယ့် အားနည်းချက်ကြောင့် ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ အသင်းမှာရှိတဲ့ အားနည်းချက်တွေကို ပြန်ပြင်ဆင်သွားပါမယ်။ ပြိုင်ပွဲက မပြီးသေးတာကြောင့် ခြေစစ်ပွဲအောင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်” ဟုပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ ယူ – ၂၀ အမျိုးသမီးအသင်း နည်းပြချုပ် ဒေါ်စန်းစန်းသိန်းက ပြောသည်။

တရုတ် (တိုင်ပေ) ယူ-၂၀ အမျိုးသမီးအသင်း နည်းပြချုပ်ကီဗင်ကလည်း “ပွဲကောင်းတစ်ပွဲပါပဲ။ မြန်မာအသင်းဟာ တောင့်တင်းတဲ့အသင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်။ မြန်မာအသင်းနဲ့ လာမယ့် ပြိုင်ပွဲတွေမှာလည်း ထပ်ဆုံချင်ပါသေးတယ်။ ကျွန်တော်တို့ အသင်းကို ပိုကောင်းအောင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲအောင်ဖို့ နောက်ဆုံးပွဲစဉ်ကို အာရုံစိုက် ကစားသွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာအသင်းသည် ဇွန် ၁၀ ရက်တွင် တရုတ်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး  တရုတ် (တိုင်ပေ)အသင်းမှာ နီပေါအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုနှစ်ခုမှ အုပ်စုပထမနှင့် ဒုတိယရသော အသင်းလေးသင်းမှာ ဥဇဘက်ကစ္စတန်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား အသင်းတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (A)တွင် အုပ်စုပထမရသော သြစတြေးလျနှင့် ဒုတိယရသော ဗီယက်နမ်တို့မှာ ခြေစစ်ပွဲ အောင်မြင်သွားပြီဖြစ်သည်။

၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်းသုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး မြန်မာပါဝင်တက်ရောက်

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက် ခဲ့ကြောင်း သိရသည်။ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ (ASEAN Committee in Canberra-ACC) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထိုင်းသံရုံးက အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများအစည်းအဝေးကို ကင်ဘာရာမြို့ရှိ ထိုင်းသံရုံး၌ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်အတွင်း အာဆီယံ-ကင်ဘာရာ ကော်မတီမှ ဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်ကပြန်လည်လွှဲပြောင်းပေး

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊ ဂါနာနိုင်ငံသား(၄)ဦး၊ ကာဂျစ္စတန်နိုင်ငံသား(၁)ဦးတို့အား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် လုံခြုံရေးအဖွဲ့ဝင်များက ဖလူး-လေးကေ့ကော်-မြဝတီသွားကားလမ်းပေါ်ရှိ မေတ္တာလင်းမြိုင်ကျေးရွာအနီးတွင် လေးကေ့ကော်ဘက်မှ မြဝတီမြို့ဘက်သို့မောင်းနှင်လာသော (၁၀)ဘီးကား(၄)စီးပေါ်တွင် တရုတ်နိုင်ငံသား အမျိုး သား(၂၁၇)ဦး၊ အမျိုးသမီး(၁၅)ဦး(စုစုပေါင်း ၂၃၂ ဦး) တို့ကိုဖမ်းဆီးရမိခဲ့ကြောင်း...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန် ဖြန့်ဖြူးပေးနေ

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောသည်။ ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " ကျွန်တော်တို့နိုင်ငံမှာ ဆီထွက်သီးနှံစိုက်ပျိုးမှုဟာ စားသုံးမှုနဲ့တွက်လို့ရှိရင် အများကြီးလိုအပ်ချက်ရှိနေတဲ့အတွက် နိုင်ငံတော်အကြီးအကဲကလည်း ဆီထွက်သီးနှံစိုက်ပျိုးမှုကို အာရုံစိုက်ဖို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071